အလုပ်လည်းလုပ်၊ နားလည်းနား

mdn

သတင်းဆောင်းပါး - ခင်မောင်ညို(ဘောဂဗေဒ)

 

အိမ်ကနေပြီး အလုပ်လုပ်ကြလို့ ပြောနေချိန်မှာ ဘယ်နေရာကလုပ်လုပ်ဆိုတဲ့ သဘောတရားတစ်ခုပါ ထပ်ပေါ် လာပါတယ်။ အဝေးကနေ အလုပ်လုပ်ကြရာမှာ အဆင် ပြေတဲ့အချိန်လုပ်ဆိုတဲ့ သဘောတရားက ကပ်ပါလာပြန် ပါတယ်။ ကလေးငယ်တွေရှိနေတဲ့ ဝန်ထမ်းတွေဆိုရင် ကလေးတွေ အိပ်ရာဝင်မှ စလုပ်ကြရမယ်။ စောစောလုပ် တဲ့သူဆိုရင်တော့ စောစောနားကြပေါ့။ နောက်ကျမှ စရရင် နောက်ကျမှနားကြပေါ့။

 

ပြဿနာက လူတိုင်းက သူတို့အဆင်ပြေတဲ့အချိန် လုပ်နေကြရင် ကိုယ့်ဆီကို တစ်နေ့လုံး၊ တစ်ညလုံး၊ တစ်ပတ်လုံးစာတွေ၊ အီးမေးလ်တွေ တောက်လျှောက် ဝင်နေတော့မှာပဲ။ အဆင်ပြေတဲ့အချိန် မဟုတ်တော့ဘဲ အမြဲတမ်းဖြစ်နေတော့မယ်။ ခုလို စိန်ခေါ်မှုတွေနဲ့ ကြုံကြိုက်နေတဲ့အချိန်မှာ တချို့လုပ်ငန်းတွေ အတွက် အမြဲတမ်းအလုပ်လုပ်တဲ့ အခြေအနေမျိုး လိုအပ်နေပေ မယ့် လုပ်ငန်းအားလုံးအတွက်တော့ မလိုအပ်ပါဘူး။ လုပ်ငန်းတစ်ခုတည်းမှာတောင်မှ လူအားလုံးအတွက် မလိုအပ်ပါဘူး။

 

စိုးရိမ်စရာက တစ်ခါအလေ့အထဖြစ်သွားပြီဆိုရင် နောင်အခါကျ ပြင်ဖို့ခက်တတ်ပါတယ်။ အမြဲတမ်း အလုပ်လုပ်ကြရမယ်ဆိုရင် မလိုအပ်ဘဲ ပင်ပန်းနွမ်းနယ် ပြီး ပျော်စရာမကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာပါ မယ်။ ကြိုးစားမှုအရှိဆုံး ဝန်ထမ်းတွေတောင်မှ တခြား ထွက်ပြေးချင်စိတ်တွေ ပေါက်လာစေနိုင်ပါတယ်။

 

ဝန်ထမ်းတွေအတွက်က အခုလိုအခြေအနေမျိုး တွေဟာ အသစ်အဆန်းဖြစ်နေပြီး အဆင်သင့် မဖြစ်သေး တာကို တွေ့ရပါတယ်။ အဓိကအချက်ကတော့ ဘယ်လို အချိန်မှာပဲ ဆက်သွယ်ကြ၊ စာပို့ကြပါလို့ တိတိကျကျ သတ်မှတ်ပေးဖို့လိုပါတယ်။ ဥပမာ နံနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်းပဲ ရုံးကိစ္စတွေ စာပို့ကြပါဆိုတာမျိုး ပေါ့။ ဒီအချိန်ပြင်ပဆိုရင် လက်ခံတဲ့ဘက်က "မနှောင့် ယှက်ပါနဲ့"ဆိုတာမျိုးတွေ၊ ပို့တဲ့သူကလည်း သတ်မှတ်ချိန် schedule အတွင်းရောက်မှ ကိုယ့်စာထွက်သွားအောင် လုပ်တာတွေ စီစဉ်ထားလို့ရပါတယ်။

 

တွန်းအားတွေကို ရင်ဆိုင်ဖိုင်မှာဖြစ်

 

သတ်မှတ်ချိန်အပြင်ဘက်မှာတော့ အရေးတကြီး ကိစ္စတွေ၊ အချိန်နဲ့တစ်ပြေးညီ လုပ်စရာတွေ ရှိတယ် ဆိုရင် ဖုန်းဆက်ချင်ဆက်၊ စာတိုလေးပို့ချင်ပို့။ ဒီလိုဆို အင်တာနက်မသုံး၊ ကွန်ပျူတာမဖွင့်ဘဲ သက်သောင့် သက်သာနေလို့ရမယ်။ ဖုန်းဆက်ရတော့မယ်၊ စာတိုပို့ရ တော့မယ်ဆိုရင် စဉ်းစားရပြီ။ “ဒီလူနဲ့ အခုချက်ချင်း ဆက်သွယ်ဖို့လိုသလား၊ စောင့်လို့ရသေးသလား "။ ဒီအခါ လိုရင် လိုအပ်သလို အလုပ်လုပ်၊ မလိုအပ်ဘဲနဲ့ သူများရဲ့ အချိန်ဇယားအတိုင်း ကိုယ်က တစ်ချိန်လုံး လိုက်လုပ် လုပ်နေစရာမလိုတော့ဘူး။ အခုလို စိန်ခေါ်မှုတွေများပြား နေတဲ့အချိန်မှာ အနားယူဖို့ အချိန်ဟာလည်း အရေးကြီးပါ တယ်။ လျှော့တွက်လို့မရပါဘူး။ဝန်ထမ်းတွေဟာ သင့်တော် တဲ့ အနားယူချိန်ရမှ တွေ့ကြုံလာရမယ့် တွန်းအားတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ။

 

ဒီမူဝါဒကို ချမှတ်အကောင်အထည်ဖော်ရာမှာ လိုက်နာစရာတွေရှိပါတယ်။ ပြဿနာကို ထိပ်တိုက် ရင်ဆိုင်ပါ။

ပထမအချက်အနေနဲ့ ပြဿနာတစ်စုံတစ်ရာတွေ့ပြီဆိုရင် ဖုံးကွယ်မထားဘဲ လက်ခံအသိအမှတ်ပြုပါ။ အနား ယူဖို့ လိုအပ်တာကိုလည်း အလေးပေးပါ။ အင်တာနက်ခန်းမတစ်ခု လုပ်ထားပါ။ လူတိုင်းအဝေးကနေ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ကြအောင်ပေါ့။ လွယ်လွယ်ပြောရရင် ဖေ့စ်ဘွတ်အုပ်စု၊ ဗိုက်တာအုပ်စုတို့ ဖွဲ့ထားသလိုမျိုး ပေါ့။ အမှုဆောင်အရာရှိချုပ်တွေ၊ အကြီးတန်းခေါင်းဆောင်တွေပေးပို့တဲ့ သတင်းစကားတွေ၊ Live လွှင့်တာတွေကို တင်ထားနိုင်တယ်။ ခေါင်းဆောင်တွေက ပုံမှန်တင်ပေး နေကြပြီး အနားယူချိန်ရဲ့ အရေးပါမှု ကိုလည်း သူတို့ ကိုယ်တိုင်က လက်ခံအသိအမှတ်ပြုကြောင်း ပြောကြဖို့ လိုအပ်ပါတယ်။

 

“ကိုယ်အလုပ်လုပ်နေတဲ့အချိန်ကိုလည်း သတိထား ကြပါ။ သတ်မှတ်အလုပ်ချိန်ထက် ပိုမလုပ်ကြပါနဲ့၊ ပိုအလုပ် လုပ်ဖို့ လိုတဲ့အချိန်မျိုး ဆိုရင်လည်း ပြောပါမယ်။ အလုပ် လုပ်ချိန်လုပ်၊ နားချိန်နားကြပါ” ဆိုတာမျိုးပြောပြလို့ရ တယ်။ ကိုယ့်လုပ်ငန်းက ကိုဗစ်ကြောင့် ထိခိုက်နစ်နာနေတဲ့ အခါမျိုးဆို ဒီလိုစကားမျိုးပြောဖို့က ဝန်လေးတတ်ကြ တယ်။ ဒါပေမဲ့ အခုလို ပြောပြထားတာဟာ ရေရှည် အတွက် အကျိုးရှိပါတယ်။

 

ဆက်သွယ်ရေးလမ်းကြောင်းအတွက် လမ်းညွှန်မှုတွေ  ချမှတ်ထားပေးပါ။ ဘယ်လို အခြေအနေမျိုးဆိုရင် ဘယ်လို ဆက်သွယ်ရေးလမ်းကြောင်းကို သုံးပါလို့ တိတိကျကျ ရှင်းရှင်းလင်းလင်း ချမှတ်ထားပါ။ ဒီလမ်းညွှန်ချက်တွေကို ကိုဗစ်အလွန် အိမ်ကနေအလုပ်လုပ်စရာ မလိုတော့ဘဲ ရုံးပြန်တက်ရတဲ့အချိန်အထိ ဆက်လက်ကျင့်သုံးပါး လိုက်နာပါ။ ဥပမာ အရေးတကြီး အချိန်နဲ့တစ်ပြေးညီ လုပ်ရမယ့် အလုပ်မျိုးဆိုရင် အီးမေးလ်မသုံးတာမျိုးပေါ့၊ အခုလို လုပ်လိုက်တော့ အီးမေးလ်ကို ပုံမှန်သုံးစရာလို့ ဖြစ်သွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပြီး တစ်ချိန် လုံး အီးမေးလ်စစ် နေစရာ မလိုတော့ဘူး။ တကယ်တော့ ဘယ်သူမှလည်း တစ်ချိန်လုံးအီးမေးလ် စစ်နေနိုင်ကြတာ မဟုတ်ဘူး။ တစ်ချိန်လုံးအီးမေးလ်ပဲ စစ်နေကြရင်လည်း အချိန်ကုန် လူပန်းပဲဖြစ်မယ်၊ အလုပ်တွင်မှာမဟုတ်ဘူး။

 

တကယ်လို့သာ အီးမေးလ်ကို အရေးတကြီး အလောသုံးဆယ်လုပ်ရမယ့် ကိစ္စတွေ၊ အချိန်နဲ့တစ်ပြေးညီ  လုပ်ရမယ့် ကိစ္စတွေအတွက်သုံးရမယ်လို့ သတ်မှတ်ထားရင် စဝင်ဝင်ချင်း ကြည့်ရမယ်။ အချိန်နည်းနည်းပေး ရမယ်။ ဝန်ထမ်းတွေနားချိန်မရှိဘူး။ တခြားအရေးကြီးတဲ့ အလုပ်တွေလည်း သေသေချာချာအာရုံစိုက်လုပ်ချိန်မရ ကြတော့ဘူး။ ဝန်ထမ်းတွေအတွက် အနှောင့်အယှက်မရှိ၊ ကိုယ့်အလုပ်ကို အာရုံစိုက်လုပ်နိုင်တဲ့အချိန်တွေ လိုအပ်ပါတယ်။ ရုံးအတွင်း၊ ရုံးအပြင် ဘယ်လို ဘယ်အချိန်မှာ ဆက်သွယ်ကြမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိရပါမယ်။

 

နည်းပညာကိုအသုံးချပါ

 

ကိုယ်လုပ်ချင်၊ ဖြစ်ချင်တာတွေ လုပ်နိုင်ဖြစ်နိုင်ဖို့ နည်းပညာကိုအသုံးချပါ။ ဥပမာ ဆာဗာကို သတ်မှတ် အချိန်မဟုတ်ရင် စာမထွက်အောင် ပရိုဂရမ်ဆွဲပေးထား တာမျိုး၊ သတ်မှတ်ချိန်မဟုတ်ရင် စာလက်မခံတာမျိုးတွေ လုပ်ပါ။

 

စံပြလုပ်ပြပါ

 

လူတွေက ခေါင်းဆောင်တွေ ဘာလုပ်နေသလဲ ဆိုတာကို အမြဲတမ်းကြည့်ပြီးအတုယူနေကြတာပါ။ ခေါင်းဆောင်တွေက အခုပြောပြခဲ့တာကို စံနမူန၁အနေနဲ့ လုပ်ပြရပါမယ်။ အဲဒီလိုမှမဟုတ်ရင် အောင်မြင်ဖို့ ခက်ပါ တယ်။ တခြားလူတွေကို စီမံခန့်ခွဲနေတဲ့သူတွေဟာ ချမှတ်ထားတဲ့လမ်းညွှန်ချက်တွေကို ကိုယ်တိုင်က လိုက်နာ ကြရပါမယ်။ ဆုပေးဒဏ်ပေးလည်းလုပ်ကြရပါမယ်။

 

သတ်မှတ်ချိန်အပြင်မှာ စာပြန်တာမျိုးကို ကျေးဇူးတင်ကြောင်းပြောရင် ကိုယ်ချထားတဲ့စည်းကမ်းကို ကိုယ်တိုင်က မလိုက်နာရာရောက်ပါတယ်။ ခေါင်းဆောင်တွေ ကိုယ်နှိုက်က မလိုက်နာတဲ့ မူဝါဒဆိုတာ မူဝါဒမဟုတ် တော့ပါ ဘူး။ ခေါင်းဆောင်ကစ မလိုက်နာရင် ယုံကြည်မှုပျက်ပြီး အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံတွေလည်း ပျက်စီးစေပါတယ်။ မူဝါဒကတခြား၊လူတွေလုပ်နေတာက တခြား ဖြစ်သွားစေနိုင်ပါတယ်။

 

ကိုယ်မျှော်လင့်တွက်ဆထားတာမဟုတ်တဲ့ အခြေ အနေတွေနဲ့တွေ့တဲ့အခါ အခြေအနေသစ်အောက်မှာ လုပ်ငန်းရဲ့ မူလအလေ့အထကို ပျက်ယွင်းသွားစေနိုင်တာ တွေလည်း မမျှော်လင့်ဘဲ ပေါ်ပေါက်လာတတ်ပါတယ်။ အခြေအနေသစ်ရဲ့ စရိုက်လက္ခဏာတွေ၊ ရလဒ်တွေကို သေသေချာချာ ဂရုမစိုက်ရင် ရည်ဒုက္ခပေးနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ အလေ့အထတွေလည်း မထိခိုက် အလုပ်နဲ့အနားယူချိန်လည်းမျှတတဲ့ မူဝါဒတွေကိုချမှတ် အကောင်အထည်ဖော်နိုင်ပါတယ်။ ။

 

ရည်ညွှန်း:- Harvard Business Review