အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲနီးလာချိန်မှာ ကိုဗစ်- ၁၉ ကူးစက်မှုကလည်း အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်လက်ပျံ့နှံ့

mdn

ထွန်းသစ်စ - ရေးသားသည်

 

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့လူအရေအတွက်ဟာ စက်တင်ဘာ ၂ရက်အထိ ၂၀ဝဝဝဝ ကျော်လွန်လာတဲ့အချိန်မှာ အမေရိကန်မဲဆန္ဒရှင်တွေဟာလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို သူ့ရဲ့ သမ္မတရာထူးမှာဆက်ရှိသင့် မရှိသင့် အဆုံးအဖြတ်ပေးတော့မှာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲကလည်း တဖြည်းဖြည်းနီးနီးလို့ လာခဲ့ပါပြီ။ ဒီလိုအချိန်မှာ တစ်ဖက်မှာ လည်း ကိုဗစ်-၁၉ ရဲ့ ကူးစက်ပျံ့နှံ့မှုဟာလည်း  အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ဖြစ်ပွားနေပါတယ်။ သမ္မတရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအခြေအနေဟာ သူ့ရဲ့ ကိုဗစ်- ၁၉ အပေါ် ဘယ်လိုစီမံခန့်ခွဲမှုတွေ လုပ်ဆောင်သွားမလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

 

ကိုဗစ်-၁၉ကြောင့် သေဆုံးသူ နှစ်သိန်းကျော်လာ

 

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စာရင်းဇယားတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ကြောင့် သေဆုံး ခဲ့သူ အရေအတွက်ဟာ ၂၀၀၁၈၂ ဦးအထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၆ ဒသမ ၈၆ ဦးကူးစက်ခံထားရတယ်လို့ သိရပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်-၁၉ကြောင့် ကမ္ဘာ့သေဆုံးမှုအများဆုံးစာရင်းမှာ လအတော်ကြာသည့် တိုင်အောင် ထိပ်ဆုံးနေရာမှာ ရောက်ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်- ၁၉ ကြောင့် ကူးစက်မှုနှုန်းသေဆုံးမှုနှုန်းမှာ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့ကို ကျော်လွန်ပြီး ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပါတယ်။ ဘရာဇီး နိုင်ငံမှာ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၇၂၇၂ ဦးရှိပြီး အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်- ၁၉ကြောင့်သေဆုံးသူပေါင်းဟာ ၈၈၉၃၅ ဦးအထိ ရောက်ရှိ နေတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန် ဖော်ပြလိုက်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

 

 ဗိုင်းရပ်စ်စစ်ဆေးမှု အောင်မြင်စွာ မလုပ်ဆောင်နိုင်ေသး

 

စာရင်းဇယားဖော်ပြချက်တွေအရ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် အစိုးရဟာ နိုဝင်ဘာ ၃ ရက် ရွေး ကောက်ပွဲမတိုင်ခင်မှာ တင်းကျပ်တဲ့ ကိုဗစ်- ၁၉ စစ်ဆေးမှုတွေကို အောင်မြင်စွာ မလုပ်ဆောင်နိုင်သေးဘူး ဆိုတာကို ပြသနေတယ်လို့ ဝေဖန်သူတွေက ပြောကြား လိုက်ပါတယ်။

 

လွန်ခဲ့တဲ့ခြောက်လက ဒေါ်နယ်ထရမ့်ရဲ့ လိမ်လည်မှုတွေနဲ့ ညံ့ဖျင်းမှုတွေကြောင့် ကျွန်တော်တို့တွေဟာ အမေရိကန်သမိုင်းမှာ ဝမ်းနည်းစရာအကောင်းဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၂၁ ရက်က စွပ်စွဲပြောကြား လိုက်ပါတယ်။

 

စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းတဲ့ သမိုင်းမှတ်တိုင် တစ်ခုအပေါ်တုံ့ပြန်ပြောရမယ်ဆိုရင် လွှတ်တော်ရဲ့ ထိပ်တန်းဒီမိုကရက်တစ် တစ်ဦးလည်းဖြစ်၊ လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်တဲ့ နန်စီပယ်လိုစီက ထရမ့်ရဲ့ လုပ်ကြံ သတင်းတွေနဲ့ လျစ်လျူရှုမှုတွေကြောင့် ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုအရေအတွက် တိုးလာတဲ့အပေါ်ပြစ်တင် ပြောကြားလိုက်ပါတယ်။

 

ကာကွယ်ဆေးရရှိဖို့ နီးကပ်လာပြီ

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုဟာ ကာကွယ်ဆေးရရှိဖို့ နီးကပ်လာပြီလို့ ပြောကြားလိုက်သလို ဒါဟာသူ့ရဲ့ ပြန်လည်ရွေးကောက်ခံ နိုင်မယ့် အခွင့်အရေးကို ဖန်တီးပေးလိုက်သလိုပါပဲလို့ ပြောကြားလိုက်ပါတယ်။ မိမိတို့အနေနဲ့ ကာကွယ်ဆေးကို ဖြန့်ဝေသွားနိုင် တော့မှာဖြစ်ပါတယ်။ ထို့အတူ မိမိတို့ဟာ ကိုဗစ် - ၁၉ ကို တွန်းလှန်နိုင်တော့မှာဖြစ်သလို ကိုဗစ်၁၉ ရောဂါကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ မိမိတို့ဟာ မမျှော်မှန်းနိုင်တဲ့ကြွယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ငြိမ်းချမ်းမှုတွေရှိတဲ့ ခေတ်သစ်တစ်ခု ဆီသို့ ရောက်ရှိတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားတဲ့ သတင်စကားမှာ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

 အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နောက်နှစ် ဧပြီလမတိုင်မီ ကာကွယ်ဆေးထိုးနှံချင်တဲ့ အမေရိကန် တွေအားလုံး ကာကွယ်ဆေးရရှိတော့မှာဖြစ်တယ်လို့ အရင်ကပြောခဲ့ပါတယ်။

 

သို့သော်လည်း ကျွမ်းကျင်သူတွေက ကာကွယ်ဆေးအပေါ် ပုံအောထားခြင်းဟာ အလားအလာကောင်းတဲ့ နည်းဗျူဟာတစ်ခုတော့ မဟုတ်ကြောင်း ပြောကြားလိုက် ပါတယ်။

 

အမေရိကန်ပြည်သူတွေကို သေစေနိုင်

 

ပါးစပ်ခေါင်းစည်းများ မတပ်ခြင်း၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာမနေခြင်း၊ ရောဂါကူးစက်ထိတွေ့မှု ရာဇဝင် ခြေရာခံမလိုက်ခြင်း ကိုဗစ်-၁၉ စစ်ဆေးမှုတွေ အလျင်အမြန်မလုပ်ဆောင်ခြင်းတွေဟာ ပုံမှန်နေထိုင်မှု ဘ၀မရောက်ခင်မှာနောက်ထပ်ဆောင်ပေါင်းများစွာသော အမေရိကန်ပြည်သူတွေကို သေစေနိုင်ပါတယ်။

 

ကိုဗစ် - ၁၉ ဟာ အမေရိကန်ပြည်ထောင်စုမှာ တတိယသေဆုံးမှု အကြောင်းတရားကို ဖြစ်စေမယ့် ကိစ္စ တစ်ခုဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (စီဒီစီ) ရဲ့ ညွှန်ကြားရေးမှူး တွမ်ဖရိုင် ဒန်က ယခင်သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ တွစ်တာမှာ ဖော်ပြလိုက်ပါတယ်။

နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ဟာ ပထမနဲ့ ဒုတိယသေဆုံးမှု အကြောင်းတရားတွေ ဖြစ်ပြီး သူတို့ကြောင့်သေဆုံးတဲ့သူတွေဟာလည်း တိုလာပါတယ်။

 

အမျိုးသားရေးဆိုင်ရာ တုံ့ပြန်မှုပျက်ကွက်

 

ကိုဗစ်-၁၉ ကြောင့်သေဆုံးမှုတွေ တိုးလာခြင်းက အမျိုးသားရေးဆိုင်ရာ တုံ့ပြန်မှုပျက်ကွက်ခြင်းရဲ့ ရောင်ပြန်ဟပ်မှုပဲဖြစ်ပါတယ်။ သို့သော်လည်း ပြန်ပြင်ဖို့အတွက် နေခက်မကျသေးပါဘူးလို့ ဖရိုင်ဒန်က ဆက်လက်ပြောကြားထားပါတယ်။

 

အမှန်တကယ်တော့ ဖြစ်နိုင်တာက ဇူလိုင်လမှာ ကတည်က အမေရိကန်မှာ ကိုဗစ်-၁၉ကြောင့်သေဆုံး မှုဟာ နှစ်သိန်းကျော်ရှိတယ်လို့ စရစ်ဖ် သုေတသန အင်စတီကျူညွှန်ကြားရေးမှူးအဲရစ်တိုပိုလ်က ပြောကြား လိုက်ပါတယ်။ ကနဦးစမ်းသပ်စစ်ဆေးမှုတွေ မလုပ်ခြင်းကလည်း ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုတွေကို များပြားစေတာပါပဲလို့ သူကပြောလိုက်ပါတယ်။

 

မိမိတို့မှာ လုံလောက်တဲ့ သည်းခံနိုင်စွမ်းတွေ မရှိတော့ဘူး။ သို့သော်လည်း မိမိတို့ဟာ အားလုံးကို လမ်းဖွင့်ထားပြီး ကောင်းဖို့ဖြစ်လာတာပါဆိုပြီး ဖြေသိမ့်နေရတယ်လို့ သူက ဆက်ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ပြည်သူ့ကျန်းမာရေးဆောင်ရွက်မှုတွေ ဟာ ရှုပ်ထွေးနေတယ်လို့လည်း သူကပြောပါတယ်။

 

မြို့အတော်များများမှာ ကျောင်းသားတွေဟာ အွန်လိုင်းသင်ကြားမှုတွေကို လုပ်ဆောင်နေကြပါပြီ။ ဘတွေနဲ့ စားသောက်ဆိုင်တွေလည်း ပိတ်ထားပါ တယ်။ ပါးစပ်နှခေါင်းစည်း အသုံးပြုမှုတွေကိုလည်း တွင်တွင်ကျယ်ကျယ် ပိုမိုသုံးစွဲလာကြပါပြီ။ သို့သော်လည်း အမေရိကန်ရဲ့ ကိုဗစ်- ၁၉ စတင်ဖြစ်ပွားလာတဲ့ နေရာတွေမှာလည်း အဆုံးသတ်သွားတယ်ဆိုတာ မရှိသေးဘဲနဲ့ ပြန်လည်ဖြစ်ပွားလာနေပါတယ်။

 

တာဝန်တွေကို လျစ်လျူရှု

 

ထရမ့်ဟာသူ့ရဲ့ တာဝန်တွေကို လျစ်လျူရှုထားတယ် ဆိုပြီး ဝေဖန်သူတွေက ပြောကြားနေပါတယ်။ မိမိတို့ အနေနဲ့ စုစည်းညီညွတ်ပြီး ကြောင်းကျိုးဆီလျော်စွာနဲ့ ထိက်မှန်ကန်တဲ့ အမျိုးသားရေးဆိုင်ရာ တုံ့ပြန်မှု ရှိဖို့လိုတယ်ဆိုပြီး တချို့ကလည်း ပြောကြားပါတယ်။

 

လတ်တလောမှာ စီဒီစီက ကိုဗစ်-၁၉ဟာ လူတစ် ယောက်ဖြူထုတ်လိုက်တဲ့ အမှုန်အမွှားတွေ သေးငယ်တဲ့ အစက်ပြောက်လေးတွေကနေပြီး ကူးစက်နိုင်တယ် ဆိုပြီး ထုတ်ပြန်ထားသော်လည်း စက်တင်ဘာ ၂၁ရက်က အဲဒီအယူအဆကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ လတ်တလောမှာ ကိုဗစ်- ၁၉ ကူးစက်မှုဟာ ကမ္ဘာ တစ်ဝန်းမှာ ၃၁ သန်းကျော်လွန်လာပြီး သေဆုံးမှု တွေဟာလည်း၉၇၀၀ ကျော်အထိ ရှိလာပါပြီ။ ။

 

ကိုးကား- အေအက်ဖ်ပီ