အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် မူကြမ်းအပေါ် သက်ဆိုင်ရာအစိုးရဌာနများအတွင်း အကြံပြုဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၁၈ ဇန်နဝါရီ

အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် မူကြမ်းအပေါ် သက်ဆိုင်ရာ အစိုးရဌာနများအတွင်း အကြံပြုဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့်အတူ မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာ အကြီးအကဲများ၊ ကျွမ်းကျင်ပညာရှင်များ၊ UNODC မှကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။

 

mdn

 

ဆွေးနွေးပွဲတွင် မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှူး ရဲမှူးကြီး အုပ်စိုးထွန်းမှ အမျိုးသားမဟာဗျူဟာ စီမံချက်မူကြမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်  အမျိုးသား မဟာဗျူဟာစီမံချက်တွင် ပါဝင်သော သုံးစွဲမှု လျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ် လျှော့ချရေးကဏ္ဍနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ရှင်းလင်းတင်ပြပြီး  သက်ဆိုင်ရာကဏ္ဍများအလိုက် အုပ်စုဖွဲ့ ဆွေးနွေးကြသည်။ ရဲမှူးကြီး အုပ်စိုးထွန်းက အမျိုးသား မဟာဗျူဟာစီမံချက် အတည်ပြုနိုင်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများ ရှင်းလင်းတင်ပြပြီး မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn