အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်) ၌ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက နိုဝင်ဘာ(၁၇)ရက်တွင် ဖျော်ဖြေပွဲများနှင့် တင်ဆက်ဖျော်ဖြေမည်

နေပြည်တော်  ၉  နိုဝင်ဘာ 

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပကတိအချိုးအစားကိုရယူ၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတီပုထိုးများ၊ အထိမ်းအမှတ် အဆောက်အအုံများ၊ ရေမြေတောတောင်သဘာဝများ၊ တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာနေအိမ်များ၊ ဓလေ့ထုံးစံဝတ်စားဆင်ယင်မှုများ၊ ရိုးရာအစားအစာများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်စေရန် တည်ဆောက်ပြသထားလျက်ရှိသည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သို့လာရောက် ကြည့်ရှုလေ့လာကြမည့် အများပြည်သူများ ကြည်နူးပျော်ရွှင်စွာ အပန်းဖြေစေနိုင်ရန်အတွက်  နိုဝင်ဘာ ၁၇ ရက် (စနေနေ့) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်(နေပြည်တော်) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ယိမ်းအကများ၊ တေးသံသာများ၊ မျက်လှည့်အစီအစဉ်များ၊ ပဒေ သာယိမ်းအကများ၊ အငြိမ့်အစီအစဉ်နှင့် ဟာသတစ်ခန်း ရပ်များဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပါသဖြင့် မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)