အမျိုးသားလွှတ်တော်၏ စတုတ္ထ(၁)နှစ်တာ ဆောင်ရွက်ချက်များ

ရှင်မင်း၊ ဓာတ်ပုံ-အေးသန်း

 

“ပြည်သူ့အသံ- လွှတ်တော်အသံ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူတို့၏လိုအပ်ချက်များအတွက် ဆွေးနွေးမေးမြန်းခြင်းနဲ့ ဥပဒေပြဋ္ဌာန်းပေးရာ အမျိုးသားလွှတ်တော်သည် လွှတ်တော်ဒုတိယသက်တမ်း (၅) နှစ်တာအတွင်း ၄ နှစ်တာကာလကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် စတင်ကာ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်မှ မတ်လ ၂၅ ရက်အထိ ကျင်းပခဲ့ပြီးဖြစ်သည်။

 

ထိုကဲ့သို့ ဖြတ်သန်းခဲ့သည့် ၄ နှစ်တာ ကာလအတွင်း ပြည်သူ့ဆန္ဒနှင့် ပြည်သူတို့၏  မျှော်လင့်ချက်များကို အဆိုများ၊ မေးခွန်းများ အဖြစ် မေးမြန်းဆွေးနွေးခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို အပြန်အလှန် ထိန်းကျောင်း ခြင်းနှင့် ပြည်သူကို ကိုယ်စားပြုခြင်း၊ ခေတ်နှင့်မလျော်ညီသည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ရေးဆွဲခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းတို့ကို အမျိုးသားလွှတ်တော်အနေဖြင့် ဆောင်ရွက်ခဲ့သည်။

 

အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်က စတင်ခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်များရဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ရှေးရှုချီတက်ရာ ခရီးလမ်း၌ ဥပဒေပြုရေးကဏ္ဍရဲ့ လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲဆောင်ရွက်တဲ့အခါ အမျိုးသား လွှတ်တော်တွင် ဖွဲ့စည်းထားရှိပြီးဖြစ်တဲ့ အမြဲတမ်းကော်မတီတွေ၊ ရေးရာကော်မတီတွေနဲ့ မဲဆန္ဒနယ်မြေအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရေးကဏ္ဍကနေ ပြည်သူလူထုအကျိုးအတွက် ဥပဒေတွေကို ခေတ်စနစ်နဲ့အညီ ပြင်ဆင်၊ ဖြည့်စွက်၊ ရုပ်သိမ်းပြဋ္ဌာန်းပေးခြင်းတွေအပြင် ဒေသခံပြည်သူတွေရဲ့ အသံတွေကို အစဉ်နားစွင့်ကာ တတ်စွမ်းနိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါတယ်”ဟု ပြောသည်။

 

စတုတ္ထ (၁) နှစ်တာ ကာလအတွင်း အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း ၄၃၉ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၇၈၁ ခု စုစုပေါင်းမေးခွန်း ၁၂၀ မေးမြန်းခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးက အဆို ၁၂ ခုတင်သွင်းခဲ့ရာ အဆို ၁၀ ခုကို အတည်ပြုနိုင်ခဲ့ပြီး အဆိုတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့၍ အဆိုတစ်ခုမှာ အတည်မပြုသေးကြောင်း သိရသည်။

 

လွှတ်တော်သက်တမ်း ၄ နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက “နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးစီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်ပေးနိုင်ရေးအတွက် ဒုတိယအကြိမ် လွှတ်တော် သက်တမ်း ၄ နှစ်တာ ကာလအတွင်း အဆို ၃၁ ခု တင်သွင်းခဲ့ရာ အဆို ၂၁ ခု အတည်ပြုနိုင်ခဲ့ပြီး အဆို ၅ခု မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကြယ်ပွင့်ပြမေးခွန်း ၁၆၂၁ ခုနဲ့ ကြယ်ပွင့်မပြ မေးခွန်း ၂၁၄၅ ခုတို့ကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက လွှတ်တော်ကို နှုတ်ဖြင့်ဖြေကြားခြင်း၊ စာနဲ့ပေးပို့ဖြေကြားခြင်း တွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

 

အမျိုးသားလွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတော် သမ္မတက ပေးပို့သောသဝဏ်လွှာနှင့်ဥက္ကဋ္ဌမှ ခွင့်ပြုသော အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ အမျိုးသားလွှတ်တော်က ဆောင်ရွက်ရမည့်  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ အမျိုးသားလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊  အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

1+

 

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိအောင် ဆောင်ရွက်ရန်၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် တရားမျှတခြင်း တို့ကို ဖော်ဆောင်ရန်၊ အမျိုးသားလွှတ်တော် အစည်းအဝေးများကို အောင်မြင်စွာ ဆောင်ရွက်ရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ရုံးဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေးအတွက် ဆောင်ရွက်ရန်၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ရန်တို့သည် အမျိုးသားလွှတ်တော်၏ရည်မှန်း ချက်များ ဖြစ်သည်။

 

“စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက်  တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်

ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံတော်အတွင်း အလွန်အရေးကြီးတဲ့ ၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းတွင် မိမိတို့ ကိုယ်စားလှယ်တွေက ကျရာအခန်းကဏ္ဍမှ ပြည်သူကို ဗဟိုပြုကာ အကောင်းမွန်ဆုံး ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

 

ထို့ပြင် ဗဟိုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဘတ်ဂျက် စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များမှ ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများကို သက်ဆိုင်ရာ ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ခြင်းများအပြင် ခေတ်စနစ်နှင့် ညီညွတ်သည့် ဒီမိုကရေစီစံနှုန်းပြည့်ဝသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပြင်ဆင်ရေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

 

အမျိုးသားလွှတ်တော်အနေဖြင့် နိုင်ငံတကာနယ်ပယ်မှ လွှတ်တော်/ပါလီမန်များနှင့် အပြန်အလှန် ချိတ်ဆက်၍ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်များ၊ ပြည်တွင်းအဖွဲ့ အစည်းများအတွင်း လွှတ်တော်၏ ဆောင်ရွက်ချက်များကို ပိုမိုသိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် အသိပညာဖလှယ်ခြင်းများနှင့် ပြည်တွင်း/ပြည်ပမှ လွှတ်တော်အတွင်း ပိုမိုလာရောက်လေ့လာနိုင်ရန်တို့ကို မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

 

လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် ရုံးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ များ တက်ရောက်စေခြင်းဖြင့် ပိုမိုအားကောင်းသည့် လွှတ်တော်တစ်ရပ် ဖြစ်လာရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ၎င်းထံသို့ တိုက်ရိုက်ပေးပို့လာသော ပြည်သူများ၏ ကြုံတွေ့နေရသော အခက်အခဲများနှင့် ဆုံးရှုံးနစ်နာနေမှုများကို ဖြေရှင်းပေးနိုင်ရန်နှင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ကိစ္စရပ်တို့နှင့် စပ်လျဉ်းသည့် တင်ပြစာများ၊ တိုင်ကြားစာများနှင့် အသနားခံစာများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် အလေးအနက်ထား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ နိုင်ငံ့အကြီးအကဲများ၊ ပြည်ပအဖွဲ့အစည်း များနှင့် အကြိမ် ၂၀ တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုများတွင် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေး၊ လွှတ်တော်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုခိုင်မာရေး၊ လွှတ်တော်ပိုမိုအားကောင်းရေး၊ လွှတ်တော်ကိုယ်စားလှယ် များ အရည်အသွေးမြင့်မားရေးတို့နှင့် စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်တွင်းမှ အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် အခါအားလျော်စွာ တွေ့ဆုံခဲ့သည်။

 

လွှတ်တော်အစည်းအဝေးများ ရပ်နားထားသည့် အချိန်ကာလများတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီး များနှင့် ပြည်နယ်များသို့သွားရောက်၍ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံမှုကို (၁)နှစ်တာ ကာလအတွင်း (၁၄) ကြိမ် ကွင်းဆင်းလှည့်လည် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

အမျိုးသားလွှတ်တော်တွင် ဥပဒေပြု လုပ်ငန်းများနှင့် မဏ္ဍိုင်ကြီး ၃ ရပ်အကြား အပြန်အလှန် ထိန်းကျောင်းသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမြဲတမ်းကော်မတီလေးခုနှင့် ရေးရာကော်မတီ ၁၃ ခုတို့ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဆိုပါကော်မတီများမှ ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုလားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဥပဒေကြမ်းကော်မတီ 

အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးခဲ့သည့် ဥပဒေကြမ်း ၂၀ အနက် ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသော ဥပဒေကြမ်း တစ်ခု၊ အမျိုးသားလွှတ်တော်တွင်ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၁၁ ခုနှင့် ပြဋ္ဌာန်းပြီး ဥပဒေရှစ်ခု တို့ကို စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဥပဒေကြမ်းကော်မတီမှ ဆောင်ရွက်ခဲ့သည်။

 

ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေးပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာသော ဥပဒေကြမ်း ၁၀ ခုအနက် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သော ဥပဒေကြမ်း ငါးခုနှင့် ပြဋ္ဌာန်းပြီး ဥပဒေ ငါးခုရှိကြောင်း အဆိုပါ ကော်မတီမှ သိရသည်။

 

ထို့အတူ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်သော ဥပဒေကြမ်း ၁၈ ခု၊ ပြည်သူ့လွှတ်တော်မှ စတင်ဆောင်ရွက် သော ဥပဒေကြမ်း ၁၁ ခု၊ ပြည်ထောင်စုလွှတ်တော်မှ တာဝန်ယူဆောင်ရွက်ခဲ့သော ဥပဒေ ခြောက်ခု စုစုပေါင်း ဥပဒေ ၃၅ ခု ပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အစည်းအဝေး ၈၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးဖြစ်သည်။

 

ပြည်သူ့ငွေစာရင်းကော်မတီ

ကော်မတီသည် တစ်နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် အစည်းအဝေး ၁၅ ကြိမ်၊ ကြားနာခြင်း တစ်ကြိမ်နှင့် အစီရင် ခံစာတင်သွင်းခြင်း တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် ကော်မတီသည် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်များနှင့် နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်ကျောင်းများ၏ ချိတ်ဆက်ဆောင်ရွက်ရာတွင် သုံးစွဲခဲ့သော အသုံးစရိတ်များအတွက် ငွေစာရင်းခေါင်းစဉ် အလိုက် အသေးစိတ်ဖော်ပြသည့် အချက်အလက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံခြင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ခေါင်းဆောင်၍ ကော်မတီအသီးသီးတို့မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့နှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

2+

လွှတ်တော်အခွင့်အရေးကော်မတီ

ကော်မတီသည် လွှတ်တော်ပုံမှန်အစည်းအဝေးများသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များကို စိစစ် အတည်ပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာစောင့်ထိန်းရန် ကြပ်မတ်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များ စသည့် တာဝန်များကို စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ပေးခဲ့သည်။

 

ကော်မတီအနေဖြင့် တာဝန်ယူရမည့်၊ လိုက်နာရမည့် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိက တာဝန်(၃)ရပ် ဖြစ်သည့် ဥပဒေပြုတာဝန်၊ အစိုးရကိုထိန်းကျောင်းရမည့် တာဝန်နှင့် ပြည်သူကို ကိုယ်စားပြုသည့် တာဝန်များ ပြည်သူများ သိရှိအောင်ဆောင်ရွက်လျက်ရှိသည်။

 

ကော်မတီသည်စတုတ္ထ (၁) နှစ်တာကာလအတွင်း ညှိနှိုင်းအစည်းအဝေး ၆ ကြိမ်နှင့် ပြင်ပအဖွဲ့အစည်းများကို ၂ ကြိမ်တွေ့ဆုံခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၏ တိုင်စာများကို စိစစ်ဆောင်ရွက်ခဲ့ကာ လွှတ်တော်သို့ အစီရင်ခံစာ ၂ ကြိမ် တင်သွင်းခဲ့သည်။

 

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ

ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက လွှတ်တော်အစည်းအဝေးများတွင် ဖြေကြားခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို သတ်မှတ်ကာလအတွင်း ကတိကဝတ်ပေးခဲ့သည့်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ/မရှိ စိစစ်ရသည့် ကော်မတီတစ်ခု ဖြစ်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များက ဆောင်ရွက်ပေးရန် ကတိပေးခဲ့သည့် မေးခွန်း ၆၅၄ ခုနှင့် အတည်ပြုအဆို ၁၀ ခု တို့ကို ကော်မတီမှ ဆောင်ရွက်ခဲ့သည်။

 

ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်း/အဆိုများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန/အဖွဲ့အစည်းများကို ဖိတ်ကြားပြီး အတည်ပြုခြင်း၊ လုပ်ငန်း တိုးတက်မှုများကို လစဉ်အကြောင်းပြန်ကြားခြင်းနှင့် လုပ်ငန်းပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကော်မတီအနေဖြင့် အစိုးရ၏ ဆောင်ရွက်မှုများကို အပြန်အလှန် ထိန်းကျောင်း၍ အစိုးရနှင့် လွှတ်တော်အကြား ဟန်ချက်ညီညီဖြင့် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ကော်မတီသည် စတုတ္ထ (၁) နှစ်တာကာလ အတွင်း ကော်မတီအနေဖြင့် အစည်းအဝေး ၂၈ ကြိမ်၊ ဝန်ကြီးဌာန၊ ပြည်နယ်/ တိုင်းဒေသ ကြီးတို့နှင့်အစည်းအဝေး ၂၂ ကြိမ်၊ ပြည်ပအဖွဲ့ အစည်းနှင့် အစည်းအဝေး တစ်ကြိမ်၊ အပြန် အလှန်ဆွေးနွေးခြင်း ၃ကြိမ်ပြုလုပ်ခဲ့ပြီး ပုံမှန် အစီရင်ခံစာ ၄ စောင် ပြုစုနိုင်ခဲ့သည်။

 

နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ

ကော်မတီသည် ကော်မတီအစည်းအဝေး ၁၉ ကြိမ်၊ ဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခြင်း တစ်ကြိမ်၊ အပြန်အလှန် ဆွေးနွေးခြင်း (Debate) တစ်ကြိမ်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဧည့်တွေ့ခြင်း (၄) ကြိမ်တို့ကို စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည်။

 

အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ

ကော်မတီသည်စတုတ္ထ (၁) နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၅ ကြိမ်၊ ဝန်ကြီးဌာနနှင့် တွေ့ဆုံမှု ၆ ကြိမ်၊ INGOs အဖွဲ့များနှင့် တွေ့ဆုံမှု ၄ ကြိမ်၊ ဩစတြေးလျနိုင်ငံရှိ Earth  System Pty.Ltd နှင့် တွေ့ဆုံမှု တစ်ကြိမ် စုစုပေါင်း တွေ့ဆုံမှု ၁၆ ကြိမ် ပြုလုပ်ခဲ့သည်။

 

3+

 

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ

ကော်မတီသည် မန္တလေးမြို့နှင့် တောင်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံများ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် ဇမ္ဗူသီရိဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့၌ ကင်ဆာ ရောဂါနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့သည်။

 

ကော်မတီသည်စတုတ္ထ (၁) နှစ်တာကာလအတွင်း ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ၁၇ ကြိမ်၊ ဝန်ကြီးဌာနနှင့် တွေ့ဆုံမှု ၂ ကြိမ်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံမှု ၁၁ ကြိမ်၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံမှု ၂ ကြိမ်၊ အားကစားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲများသို့ တက်ရောက်မှု ၁၆ ကြိမ်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အခမ်းအနားများနှင့်  အစည်းအဝေးများ တက်ရောက်မှု ၇၈ ကြိမ်၊ ကွင်းဆင်းဆောင်ရွက်ခြင်း ၄ ကြိမ်နှင့် အပြန်အလှန်ဆွေးနွေး ခြင်း(Debate) ၃ကြိမ် ပြုလုပ်ခဲ့သည်။

 

တိုင်းရင်းသားရေးရာကော်မတီ

ကော်မတီသည် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့တို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ၊ | တိုင်းရင်းသား ဘာသာစာပေ သင်ကြားနေသော ဆရာ ဆရာမများ၏ လိုအပ်ချက်အခက်အခဲများကို တစ်ဖက် တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန် ကွင်းဆင်းသွားရောက်ခဲ့သည်။

 

စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ၉ ကြိမ်၊ ဝန်ကြီးဌာန ၂ ခုနှင့် ဘတ်ဂျက်စိစစ်ရေး ပူးပေါင်းအစည်းအဝေး ၃ ကြိမ်၊ ပြည်ပတွေ့ဆုံမှု တစ်ကြိမ်၊ ပြည်တွင်းခရီးစဉ် တစ်ကြိမ်၊ တိုင်းရင်းသား စာပေသင်ကြားရေးကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန ၂ ခုဖြင့် ညှိနှိုင်းအစည်းအဝေး ၂ ကြိမ်နှင့် တွေ့ဆုံ ကြားနာပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ တစ်ကြိမ် တင်သွင်းခဲ့သည်။

 

တောင်သူလယ်သမားရေးရာကော်မတီ

ကော်မတီသည် စတုတ္ထ (၁) နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် အစည်းအဝေး ၂၂ ကြိမ်၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တွေ့ဆုံမှု ၄ ကြိမ်၊ ပြည်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံမှု၂ကြိမ် ပြည်တွင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံမှု ၆ ကြိမ်နှင့် အပြန်အလှန် ဆွေးနွေးခြင်း (Debate) ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ၃ ကြိမ် တင်သွင်းခဲ့သည်။

 

အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ

ကော်မတီသည် စတုတ္ထ (၁) နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂၅ ကြိမ်၊ ပြည်တွင်းအဖွဲ့ အစည်းများနှင့်တွေ့ဆုံမှု ၆ ကြိမ်နှင့် ပြည်ပအဖွဲ့ အစည်းများနှင့်တွေ့ဆုံမှု ၄ ကြိမ် စုစုပေါင်း ၃၅ ကြိမ်ဆောင်ရွက်နိုင်ခဲ့သည်။

 

ပညာရေးမြှင့်တင်မှုကော်မတီ

ပညာရေးမြှင့်တင်မှု ကော်မတီသည် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ကော်မတီအစည်းအဝေး ၂၇ ကြိမ်၊ ပြည်တွင်းအဖွဲ့ အစည်းများနှင့် တွေ့ဆုံမှုတစ်ကြိမ်၊ ပြည်ပအဖွဲ့ အစည်းများနှင့် တွေ့ဆုံမှု ၁၂ ကြိမ်၊ ဝန်ကြီး ဌာနနှင့် အစည်းအဝေး၃ ကြိမ် ပြုလုပ်ခဲ့သည်။

 

ကော်မတီသည် အထူးဆောင်ရွက်ချက် အနေဖြင့် “မိမိတို့ လူ့ဘောင်အဖွဲ့အစည်းနှင့် စီးပွားရေး၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော သင်ရိုးညွှန်းတမ်းများအား ပြုစုခြင်း၊ သင်ကြားလေ့ကျင့်အကဲဖြတ်ခြင်း” ခေါင်းစဉ်ဖြင့် စုံစမ်း လေ့လာမှု အစီရင်ခံစာပြုလုပ်ခဲ့သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ

ကော်မတီသည် မကွေးတိုင်းဒေသကြီး အမှတ် (၁၁) အထည်ချုပ်စက်ရုံ (ပခုက္ကူ) နေ့စား အလုပ်သမား ၃၇ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ ပြေလည်မှုရရှိအောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်ချုပ်ဆိုနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် ကော်မတီအနေဖြင့် အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်တွင် ဥပဒေအမှတ် ၁၇ ဖြင့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်း နိုင်အောင် ဆောင်ရွက်ခဲ့သည်။

 

4+

ကော်မတီသည် စတုတ္ထ (၁) နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂၇ ကြိမ်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အစည်းအဝေး ၁၀ကြိမ်၊ ပြည်တွင်းအဖွဲ့ အစည်းများနှင့် တွေ့ဆုံမှု တစ်ကြိမ် ပြည်ပအဖွဲ့ အစည်းများနှင့် တွေ့ဆုံမှု ၆ ကြိမ်၊ ကွင်းဆင်းလေ့လာစိစစ်မှု တစ်ကြိမ်နှင့် ကြားနာတွေ့ဆုံမှု တစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တစ်ကြိမ် တင်ပြဆောင်ရွက်ခဲ့သည်။

 

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ

ကော်မတီသည် ထုံးဘို (၁)၊ ထုံးဘို (၂)နှင့် တမာတောင်(အမျိုးသမီး) ကျောက်ထုတ်စခန်းများနှင့် မန္တလေးဗဟို အကျဉ်းထောင်များသို့ သွားရောက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အကျဉ်းသားများ၏ လူ့အခွင့်အရေး အခြေအနေများကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ထို့ပြင် အလုပ်သမားရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်ရှိ ကျားဖောင် လုပ်ငန်းများနှင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်တို့ရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ကော်မတီသည် တစ်နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် အစည်းအဝေး ၂၆ ကြိမ်၊ ကွင်းဆင်းစစ်ဆေးခြင်း ၆ ကြိမ်၊ ပြည်တွင်းပညာရှင်များနှင့် တွေ့ဆုံမှု ၃ ကြိမ်နှင့် ပြည်ပတွေ့ဆုံမှု ၃ ကြိမ် ဆောင်ရွက်ခဲ့ပြီး တိုင်ကြားစာ ၁၆၂ စောင်ကို ဖြေရှင်းဆောင်ရွက်ခဲ့သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ

ကော်မတီသည် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံမှု တစ်ကြိမ်၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် တွေ့ဆုံမှု ၆ ကြိမ်၊ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၂၇ ကြိမ်၊ ဝန်ကြီးဌာန လုပ်ငန်း ရှင်များနှင့် တွေ့ဆုံမှု ၆ ကြိမ်၊ Westminster Foundation for DemocracyWFD ၏ အစီအစဉ်ဖြင့် “၂၀၁၉ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေအား လက်ရှိပြည်သူများ ကျင့်သုံးနေမှုကို ပြန်လည်သုံးသပ်ရန်အတွက် စုံစမ်း လေ့လာမှု” အနေဖြင့်  လေ့လာရေးခရီး(Site Visit) ၂ ကြိမ် စုစုပေါင်း ၄၂ ကြိမ်ပြုလုပ်ခဲ့သည်။

 

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ

ကော်မတီသည် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း တိုင်ကြားစာပေါင်း ၁၄၈၇ စောင် လက်ခံရရှိခဲ့ပြီး ကွင်းဆင်း စစ်ဆေးခြင်း အမှုတွဲ ၆တွဲကို ၄ ကြိမ်၊ ကြားနာမှု တစ်ကြိမ်၊ အာဏာပိုင်အဖွဲ့အစည်းများသို့ ၄၆ စောင်၊ ဝန်ကြီးဌာနများသို့ ၁၃၈ စောင်၊ ပြည်နယ်/ တိုင်းဒေသကြီးများသို့ ၃၃၈ စောင်၊ ပြည်ပ ၊ အဖွဲ့အစည်းနှင့်တွေ့ဆုံမှု တစ်ကြိမ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ ၂၂၅ စောင် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁၈ ကြိမ်နှင့် ကာယကံရှင်ထံ ပြန်ကြားခြင်း ၃၄၉ စောင် ဆောင်ရွက်ပေးနိုင်ခဲ့ သည့်အပြင် အစီရင်ခံစာ ၂ ကြိမ် တင်သွင်းခဲ့သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ

ကော်မတီသည် United Nations Development Programme - UNDP နှင့်ပူးပေါင်း၍ကော်မတီမှ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများကို လျှော့ချရေးဆိုင်ရာ လေ့လာစိစစ်မှု (Inquiry)ကို ပြုလုပ်ခဲ့သည်။

 

ထို့ပြင် နေပြည်တော် တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၅၆ ဦးတို့၏ ဂျပန် ဟင်းနုနယ်စိုက်ပျိုးခြင်းတွင် နစ်နာဆုံးရှုံးမှုများအတွက် ကူညီဖြေရှင်းပေးနိုင်ပါရန် တင်ပြလာသည့်အပေါ် စိုက်ပျိုး သူတောင်သူနှင့် Myanmar Agri Food ကုမ္ပဏီတို့အကြား ကျေအေးပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ကော်မတီသည် စတုတ္တ (၁) နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၇ ကြိမ်၊ ပြည်ပအဖွဲ့ အစည်းများနှင့်တွေ့ဆုံမှု ၃ ကြိမ်၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် တွေ့ဆုံမှု ၂ ကြိမ်၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေး ၇ ကြိမ်၊ အပြန်အလှန်ဆွေးနွေးခြင်း(Debate) ၄ ကြိမ်နှင့် ကွင်းဆင်းလေ့လာစိစစ်ခြင်း ၅ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

 

5+

 

ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ

ကော်မတီသည် စတုတ္ထ (၁) နှစ်တာကာလအတွင်း ကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအကြိမ် ၂၀၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေး ၆ ကြိမ်၊ ပြည်တွင်းအဖွဲ့ အစည်းများနှင့် တွေ့ဆုံမှု တစ်ကြိမ်၊ ပြည်ပ အဖွဲ့အစည်းများနှင့် တွေ့ဆုံမှု ၂ ကြိမ်၊ အပြန်အလှန် ဆွေးနွေးခြင်း(Debate) ၂ ကြိမ်နှင့် ကွင်းဆင်းလေ့လာစိစစ်ခြင်း ၂ ကြိမ်ဆောင်ရွက်ခဲ့ပြီး တိုင်ကြားစာ ၁၈ စောင်ကို စိစစ်ဆောင်ရွက်နိုင်ခဲ့သည်။

 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ဖတ်ရှုလေ့လာနိုင်ရေးအတွက် သုတေသနစာတမ်းကို အစောင် ၂၀၅၀ ရေးသားထုတ်ဝေ ခြင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသည့် သုတေသနဆိုင်ရာ မေးခွန်း ၃၄၁ ခုကို ဖြေကြားပေးခြင်း၊ အမျိုးသား လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းပြည်ပ ဧည့်သည်များကို ဧည့် ဝန်ဆောင်မှု ဆောင်ရွက်ပေးခြင်း၊ စာကြည့် တိုက်ဌာနခွဲမှ ကိုယ်စားလှယ်များနှင့် ဝန်ထမ်း များအတွက် လိုအပ်သည့် သတင်းအချက် အလက်များ ရရှိစေရန် ဝန်ဆောင်မှုများပေးခြင်းတို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အမျိုးသားလွှတ်တော် ဝက်ဘ်ဆိုက် ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ အမျိုးသားလွှတ်တော် ကော်မတီများ၏ Facebook Page ကို ကော်မတီတစ်ခု ချင်းအလိုက် ထည့်သွင်းထားရှိပြီး ဖြစ်သည်။

 

ထိုကဲ့သို့ ပြည်သူ့အကျိုး ကိုယ်စားပြု ဖော်ဆောင်ရာ အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီ အတွက် ကိုယ်စားလှယ် ၄ ဦးစီဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။ လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၃ ဦးက ပြည်သူ့ဆန္ဒများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် လေးနှစ်တာအတွင်း ပြည်သူ့အတွက် ကြိုးပမ်းဖော်ဆောင် ခဲ့သလို ကျန်ရှိသည့် လွှတ်တော်သက်တမ်းအတွင်း ပြည်သူ့အကျိုးအတွက် ပြည်သူ့ထံမှလာသည့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ပေးနေမည် ဖြစ်သည်။

 

ကျန်ရှိသည့် လွှတ်တော်သက်တမ်းအတွင်း မိမိတို့ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူမှ အပ်နှင်းထားသည့် ဥပဒေပြုရေး အာဏာကို ပြည်သူများအတွက် အဓိကထား အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းထမ်းဆောင်ရင်း လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့ ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့်အတိုင်း ပြည်သူတို့၏ မျှော်လင့်ချက်များကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဆက်လက်အကောင် ( အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ အမှာစကားကို ပြည်သူထံသို့ ထပ်ဆင့် တင်ပြရင်း .........။