အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ  ၆
အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပထမမူကြမ်းပါအခန်းများ ဖွဲ့စည်း ဆောင်ရွက်ထားမှု အခြေအနေကို ဖတ်ကြားတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက မူကြမ်းအပေါ် စိစစ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်