အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်ကမ္ဘာလုံး အတိုင်းအတာအရရော၊ လူမျိုးပေါ်မူတည်ပြီး ကျန်းမာတဲ့ လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ဆိုပြီး သတ်မှတ်ထားတာမျိုးရှိပါတယ်။ မိန်းကလေးတွေနဲ့ မတူတဲ့အချက်ကတော့ ယောက်ျားလေးတွေသည် အားကစား၊ လေ့ကျင့်ခန်းပိုလုပ်တဲ့အတွက် ထွက်လာတဲ့ ကြွက်သားထုက အဆီထက်ပိုများနေပြီး အလေးချိန်အနည်းငယ် ပိုစီးနေတတ်ပါတယ်။

 

ယောက်ျားလေးတစ်ယောက်သည် စံနမူနာအားဖြင့် အနည်းဆုံး အရပ် ၅ ပေ ၆ လက်မရှိဖို့ လိုအပ်ပြီး ကိုယ်အလေးချိန်အနေနဲ့ကတော့ ၁၁၈ ပေါင်မှ ၁၅၄ ပေါင်ထိ ရှိနိုင်ပါတယ်။ ဒါကို ကျန်းမာတယ်လို့ ယူဆလို့ရပြီး ဒီ့ထက်နည်းနေမယ်ဆိုရင်တော့ Underweight – ကိုယ်အလေးချိန်အရမ်းနည်းနေတဲ့သူ၊ အရမ်းများနေမယ်ဆိုရင်တော့ Overweight – ကိုယ်အလေးချိန် များလွန်းနေတာ၊ Obese – အဝလွန်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။

 

အရပ်အမြင့်ပေါ်မူတည်ပြီး ကိုယ်အလေးချိန် ဘယ်လောက်ရှိသင့်လဲဆိုတာ ပြောပြရမယ်ဆိုရင်တော့

 

mdn

 

ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ကိုယ်အလေးချိန်က မြင့်တက်လာနိုင်သလို ကလေးဘဝက အစာအာဟာရလုံလောက်စွာ မရရှိခဲ့ခြင်းကြောင့်လည်း တခြားသူတွေထက် ပိုပိန်နေပြီး လူကောင်သေးနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

 

  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • နှလုံးရောဂါ
  • လေဖြတ်နေသူတွေ
  • နာတာရှည်သွေးတိုးရောဂါ
  • သည်းခြေအိတ်နဲ့ ဆိုင်တဲ့ရောဂါ
  • အရိုးအတက်ထွက်တာ
  • ကင်ဆာရောဂါရှိသူတွေ
  • အိပ်နေစဉ် အသက်ရှူရပ်သွားတဲ့ အမျိုးသားတွေမှာ အဝလွန်ရောဂါဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။

အမျိုးသားတစ်ယောက် ကိုယ်အလေးချိန်ကို ထိန်းဖို့ ဘာလုပ်သင့်လဲ။

ဝဖို့၊ ပိန်ဖို့ဆိုတာထက် လူတိုင်းသည် သတ်မှတ်ထားတဲ့ ကျန်းမာသော ကိုယ်အလေးချိန်တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ်ခန္ဓာက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြည့်ကောင်းနေမှာဖြစ်သလို ရောဂါတွေ အလွယ်တကူမဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ ဒီလို ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက်ဆိုရင်

 

၁။ အစာအာဟာရကို ဂရုစိုက်ပါ။ စားချင်တာ လျှောက်စားတာထက် ကိုယ့်အတွက် အာဟာရဖြစ်စေမယ့်အရာတွေကို မျှမျှတတစားပေးပါ။

 

၂။ အစာကို တစ်ထိုင်တည်းနဲ့ အဝမစားပါနဲ့။ နည်းနည်းစီ အကြိမ်ရေများများစားပေးပါ။

 

၃။ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ မလုပ်နိုင်ရင်တောင် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာမျိုးတော့ လုပ်ပေးသင့်ပါတယ်။

 

၄။ ကျန်းမာရေးကို မပေါ့ပါနဲ့။ တစ်နှစ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ကိုယ်တွင်းအင်္ဂါတွေ၊ ဟော်မုန်းတွေ ကောင်းစွာလည်ပတ်အလုပ်လုပ်နေလား၊ ကျန်းမာရေးအခြေအနေတွေကို သေချာစစ်ဆေးလေ့လာသင့်ပါတယ်။

 

၅။ မိဘမျိုးရိုးမှာ ရောဂါတွေရှိရင် သူတို့အတွက်လည်း သေချာဂရုစိုက်ပေးဖို့ လိုသလို၊ ကိုယ့်မှာလည်း ရောဂါဖြစ်မလာစေဖို့ လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစာအာဟာရ၊ နေထိုင်မှုပုံစံကို သေချာပြင်ဆင်သင့်ပါတယ်။

 

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”