အင်းအား ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော်  ၁၈  သြဂုတ်

 

ယနေ့ နံနက် မြန်မာစံတော်ချိန် ၁၀ နာရီ ၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၆၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သံတွဲမြို့၏ အရှေ့တောင်ဘက်မိုင် (၂၀) ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈ ဒသမ ၃၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၅၉) ဒီဂရီ၊ အနက် (၅၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄ ဒသမ ၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN