အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော်  ၁၅ သြဂုတ်

ယနေ့ နံနက်  မြန်မာစံတော်ချိန် ၆ နာရီ ၂ မိနစ် ၁၆ စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇)မိုင် ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄ ဒသမ ၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၆၈)ဒီဂရီ၊ အနက် (၅၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်) တာစကေး (၃ ဒသမ ၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN