အရှေ့တောင်အာရှ အရှေ့ဖျားဆီက ရုန်းကန်လှုပ်ရှားမှုများနှင့်စွမ်းဆောင်ရည် ဖော်ထုတ်ပြသနေသော - အရှေ့တီမော

၁၃ စက်တင်ဘာ

ရဲရင့်တက်ကြွသည့်  သံစဉ်နှင့် တေးသွားများ၊  သီဆိုဟစြွေ်ကးမှုများနှင့် မြူးထူးကခုန်မှုများ တစ်ခဲနက်ထွက်ပေါ်လာမှုက အရှေ့တီမောနိုင်ငံသားတို့၏ အတိတ်ဒဏ်ရာ  များကို အသစ်တစ်ဖန်ဖြစ်ပေါ်စေသည်။

 

t2

 

၂၀၁၉ ခုနှစ်   ဩဂုတ်လ  ၃၀ ရက်နေ့က  တီမော လက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ မြို့တော် ဒီလီ၌ လွန်ခဲ့သော နှစ် ၂၀ က  အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့်လူထုဆန္ဒခံယူပွဲ၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်း အနားကို  အနှစ်သာရရှိစွာဖြင့်  ဆင်ယင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အတိတ်ရိုင်းနှင့် သမိုင်းကံကြမ္မ

(၁၉)ရာစုနှောင်းပိုင်းမှစ၍ ပေါ်တူဂီတို့က တီမော ကျွန်းစုအရှေ့ခြမ်းကို  “ပေါ်တူဂီ   တီမောနိုင်ငံ” အဖြစ်သတ်မှတ်အုပ်ချုပ်သကဲ့သို့  ဒတ်ချ်တို့ကလည်း တီမောကျွန်းစုအနောက်ခြမ်းနှင့် အင်ဒိုနီးရှားကျွန်းစုကြီးတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ခဲ့ကြသည်။ ၁၉၁၄ ခုနှစ်တွင်ပေါ်တူဂီနှင့် ဒတ်ချ်တို့  နယ်နိမိတ်ပိုင်းခြားသတ်မှတ်ခဲ့သည့်အတိုင်း အရှေ့တီမော(တီမောလက်စ်တေ)နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ နယ်နိမိတ်အဖြစ် ယခုကာလအထိ တည်ရှိနေသည်။

(၂၀)ရာစု   အစောပိုင်းကာလများတွင်   အရှေ့တီမောနိုင်ငံသားများသည်  ပေါ်တူဂီတို့အား ဆန့်ကျင်တော်လှန်ခဲ့ကြပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်မှ၁၉၄၅  ခုနှစ်အတွင်း၌လည်း    ဂျပန်တို့၏    ဝင်ရောက်သိမ်းပိုက်မှုအပေါ်        တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ တီမောနိုင်ငံသားများက   ၄င်းတို့နိုင်ငံ၏   တောတောင်ထူထပ်မှုကို   အခွင့်ကောင်းယူကာ      ဂျပန်တို့အား ပြောက်ကျားစစ်ပွဲများ      ဆင်နွှဲခဲ့ရာ   တီမောတိုက်ပွဲ(Battle of Timor))  မှာ သမိုင်းတွင် ထင်ရှားခဲ့သည်။
ထို့နောက်    မဟာမိတ်တပ်များနှင့်  ပူးပေါင်းပြီး ဂျပန်တို့အား  ဆက်လက်တိုက်ခိုက်ခဲ့ကြရာ    ၄င်းစစ်ပွဲများအတွင်း အရှေ့တီမောနိုင်ငံသား  ၇၀ဝဝဝ ခန့်အထိကျဆုံးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်တွင်   မဟာမိတ်တို့   အနိုင်ရပြီး ဂျပန်တို့   အရေးနိမ့်ခဲ့သော်လည်း   အရှေ့တီမောမှာ ပေါ်တူဂီတို့  ပြန်လည်ဝင်ရောက်သိမ်းပိုက်မှုကို ခံရပြန်သည်။ ပေါ်တူဂီတို့၏လက်အောက်မှ လွတ်မြောက်ရေး အတွက်  မာ့စ်ဝါဒီလွတ်မြောက်ရေးအဖွဲ့(Fretilin)၊ ပေါ်တူဂီနှင့် ပြည်ထောင်စုဖွဲ့စည်းရေးကို လိုလားသော  တီမောဒီမိုကရက်တစ်သမဂ္ဂ(UDT) ၊ အင်ဒိုနီးရှားနှင့်ပေါင်းစည်းရန်လိုလားသော  တီမောပေါ်ပြူလာ  ဒီမိုကရက်တစ်အုပ်စု(Apodeti) တို့က  လက်နက်ကိုင်တိုက်ခိုက်မှုများ   ပြုလုပ်ခဲ့ကြသည်။   ၁၉၇၅   ခုနှစ်ဩဂုတ်လ ၁၀ ရက်နေ့တွင်  (UDT) အုပ်စုက အာဏာသိမ်းရန်  ကြိုးပမ်းခဲ့ရာမှ  အရှေ့တီမောပြည်တွင်းစစ် စတင်ဖြစ်ပွားပြီး  ပေါ်တူဂီဘုရင်ခံနှင့်တပ်ဖွဲ့များ    အရှေ့တီမောမှ  စွန့်ခွာသွားခဲ့ကြသည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂၈  ရက်နေ့တွင်  အရှေ့တီမောအနေဖြင့် လွတ်လပ်ရေး ကြေညာခဲ့သော်လည်း ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်  အင်ဒိုနီးရှားတို့၏  သိမ်းပိုက်အုပ်ချုပ်မှုကို ခံခဲ့ရသည်။

အရှေ့တီမောနိုင်ငံသားတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှု၊  ဆန့်ကျင်တိုက်ခိုက်မှုနှင့်အတူ ကုလသမဂ္ဂ၊  ဥရောပ  သမဂ္ဂ၊   အနောက်နိုင်ငံများ၏   ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကြောင့်    ၁၉၉၈  ခုနှစ်  ဩဂုတ်လတွင်  အင်ဒိုနီးရှားတပ်များ အရှေ့တီမောမှ   ရုပ်သိမ်းပေးခဲ့ပြီး   ၁၉၉၉ ခုနှစ်ဇန်နဝါရီလတွင် အရှေ့တီမောနိုင်ငံအား  လွတ်လပ်ရေးပေးရန်  ကမ်းလှမ်းခဲ့သည်။   ထိုသို့  ကမ်းလှမ်းမှုအပေါ် အရှေ့တီမောနိုင်ငံတွင်   လွတ်လပ်ရေးရရှိရန်   လိုလားသူများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားသူများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ပါသည်။ ၁၉၉၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂ၏    ဦးဆောင်မှုဖြင့်  ဆန ́ခံယူပွဲတစ်ရပ် ကျင်းပပေးခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ပြည်တွင်း ပဋိပက္ခများလည်း ပြီးဆုံးခဲ့သည်။

၂၁ ရာစုတွင် လွတ်လပ်သည့်နိုင်ငံ

ကုလသမဂ္ဂမှ  ကြီးမှူးကျင်းပသည့်      ဆန္ဒခံယူပွဲအောင်မြင်စွာပြီးမြောက်ခဲ့ပြီးနောက် ကုလသမဂ္ဂ-အရှေ့တီမော အသွင်ကူးပြောင်းရေးအုပ်ချုပ်ရေးအဖွဲ့(United Nations Transitional Administration in East Timor-UNTAET)၏ အုပ်ချုပ်မှုဖြင့် တီမောလက်စ်တေနိုင်ငံ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ခဲ့သည်။ ၂၀ဝ၂ ခုနှစ် ဖေဖော်ဝါရီလတွင် အရှေ့တီမော နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ဧပြီလအတွင်း ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ကာ နိုင်ငံလွတ်လပ်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ မစ္စတာ ဇာနာနာ ဇူစ်မာအို ကို ပထမဆုံးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။ ၂၀ဝ၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် လွတ်လပ်သော  “တီမောလက်စ်တေ  ဒီမိုကရက်တစ်သမ္မတနိုင်ငံ” အဖြစ် ကြေညာနိုင်မှုနှင့်အတူ  ကုလသမဂ္ဂ၏  ၁၉၁      နိုင်ငံမြောက်   အဖွဲ့ဝင်နိုင်ငံ   ဖြစ်လာခဲ့သည်။ ထို့ကြောင့်  အရှေ့တီမောနိုင်ငံသည်  (၂၁)ရာစုအတွင်း အချုပ်အခြာအာဏာပိုင်သော လွတ်လပ်သည့် ပထမဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

ဒေသန္တရ ပထဝီ

အရှေ့တီမော (ခေါ်) တီမောလက်စ်တေနိုင်ငံသည်အရှေ့တောင်အာရှဒေသရှိ အင်ဒိုနီးရှားကျွန်းစု Lesser ၏ အရှေ့ဖျား၌တည်ရှိပြီး ဩစတြေးလျနိုင်ငံ၏ အနောက်မြောက်ဘက် ကီလိုမီတာ  ၆၄၀  အကွာတွင်Sunda ပင်လယ်နှင့် ကျွန်းစုများနှင့် ဆက်စပ်တည်ရှိသည်။ နိုင်ငံဧရိယာမှာ  စတုရန်းကီလိုမီတာ    ၁၅၄၁၀    သာ  ကျယ်ဝန်းပြီး လူဦးရေမှာလည်း  ၁၃၅၆၂၇၉ ဦးသာ ရှိပါသည်။ မြို့တော်မှာ ဒီလီ(Dili)ဖြစ်ပြီး ပေါ်တူဂီတို့  အရှေ့တီမောကို  စတင်ကျူးကျော်သိမ်းပိုက်ခဲ့သည့်  ၁၇၆၉  ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အရှေ့တီမောနိုင်ငံသည်       ရိုမန်ကက်သလစ်ခရစ်ယာန် (Roman Catholic)ဘာသာ ကိုးကွယ်မှုများပြားပြီး နိုင်ငံလူဦးရေ၏  ၉၆ ဒသမ ၉ ရာခိုင်နှုန်းအထိရှိသည်။  အခြားဘာသာဝင်များမှာ      ပရိုတက်စတစ်(Protestant)   ဘာသာဝင်   ၂  ဒသမ ၂ ရာခိုင်နှုန်း၊ မွတ်ဆလင်ဘာသာဝင် သုည  ဒသမ  ၃  ရာခိုင်နှုန်းနှင့်အခြားဘာသာဝင်  သုည ဒသမ  ၅  ရာခိုင်နှုန်းရှိသည်။ ရုံးသုံးဘာသာစကားမှာ တက်တမ်(ွှနအကာ) ၊ ပေါ်တူဂီနှင့်အင်္ဂလိပ်ဘာသာစကားတို့ဖြစ်ပြီး ဒေသခံဘာသာစကား များအဖြစ်  အင်ဒိုနီးရှားနှင့် လူမျိုးစုငယ်တို့၏  ဘာသာ  စကား  ၁၃ မျိုးခန့်လည်း သုံးစွဲကြသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ

၂၀ဝ၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ပေါ်တူဂီနိုင်ငံ၏  အခြေခံဥပဒေကို  အခြေပြု၍  တီမောလက်စ်တေ နိုင်ငံ၏   ဖွဲ့စည်းပုံအခြေခံဥပဒေကို   အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး      ငါးနှစ်တစ်ကြိမ်    အထွေထွေရွေးကောက်ပွဲကျင်းပကာ  သမ္မတနှင့်  အမျိုးသားလွှတ်တော်အမတ်များကို ရွေးချယ်သည်။ သမ္မတအား ပြည်သူအများစု၏ ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးချယ်တင်မြှောက်ပြီး  ထပ်မံ၍ လည်း  ငါးနှစ်သက်တမ်းရွေးချယ်ပိုင်ခွင့်ရှိသည်။ သမ္မတသည်   နိုင်ငံအကြီးအကဲဖြစ်ပြီး စစ်ဦးစီးချုပ်လည်းဖြစ်ကာ   တစ်ရပ်တည်းသော အမျိုးသားလွှတ်တော်နှင့်ပတ်သက်ပြီး ဗီတိုအာဏာကျင့်သုံးနိုင်ခွင့်ရှိသည်။ ဥပဒေပြုအာဏာကို   အမျိုးသားလွှတ်တော်မှ   ပြဋ္ဌာန်းပြီး လွှတ်တော်အမတ်များမှာ    ငါးနှစ်အတွက်   တစ်ကြိမ်သာ  ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကာ အမတ်အများစုအနိုင်ရရှိသည့် ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် သမ္မတက ခန့်အပ်၍ အစိုးရအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးသည်။  

တရားစီရင်မှုအာဏာကို တရားရုံးချုပ်မှ ကျင့်သုံးပြီး အယူခံတရားရုံး၊ ခရိုင်တရားရုံးများနှင့် ရာဇဝတ်တရားရုံးများ      အဆင့်ဆင့်ဖွဲ့စည်းထားသည်။ လွှတ်တော်နှင့် တရားရေးကောင်စီတို့မှ ရွေးချယ်သည့် တရားရုံးချုပ် တရားသူကြီးများအနက်မှတစ်ဦးကို သမ္မတက တရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။

နိုင်ငံ၏ ကာကွယ်ရေး

တီမောတပ်မတော်အား ၂၀ဝ၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည်။  ၂၀ဝ၂ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်  တီမောလက်စ်တေ ကာကွယ်ရေးတပ်ဖွဲ့(Timor Leste Defence Force-F-FDTL)သည်အဓိက  ကာကွယ်ရေးအင်အားစုဖြစ်ပြီး လုံခြုံရေးတာဝန်ယူဆောင်ရွက်လျက်ရှိသည်။  ကာကွယ်ရေးတပ်ဖွဲ့တွင်ခြေလျင်တပ်ရင်း နှစ်ရင်း၊ ရေတပ်ဖွဲ့တစ်ဖွဲ့နှင့် ထောက်ပံ့ရေးတပ်ဖွဲ့တစ်ဖွဲ့သာ  ဖွဲ့စည်းနိုင်ပြီး  စုစုပေါင်းအင်အားမှာ  ၁၃၃၀ ခန့်သာရှိသော်လည်း လိုအပ်ချိန်တွင် အရန်အင်အားအဖြစ် အမျိုးသား  ၂၉၉၀ဝ၈ ဦးနှင့် အမျိုးသမီး ၂၈၆၉၉၆ ဦးခန့် အသုံးပြုနိုင်ကြောင်း သိရသည်။

ရေတပ်အတွက် ကင်းလှည့်အမြန်သင်္ဘော နှစ်စင်း စီကို  ၂၀ဝ၈  ခုနှစ်တွင်  တရုတ်နိုင်ငံမှ  လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ လည်းကောင်း၊ ၂၀၁၁  ခုနှစ်တွင်  အင်ဒိုနီးရှားနိုင်ငံမှ  လည်းကောင်း ဝယ်ယူထားရှိသည်။ ၂၀၁၇ ခုနှစ်က ဩစတြေးလျနိုင်ငံမှစစ်သင်္ဘောနှစ်စင်း လှူဒါန်းရန် အဆိုပြုထားပြီး လေ့ကျင့်သင်ကြားမှုများ ပြုလုပ်လျက်ရှိကာ ၂၀၂၃ ခုနှစ်မှသာ လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  တီမောတပ်ဖွဲ့ဝင်များသည်  အင်ဒိုနီးရှား တပ်မတော်တွင် သွားရောက်လေ့ကျင့်မှုများ  ပြုလုပ်လျက်ရှိသကဲ့သို့  ပေါ်တူဂီနိုင်ငံကလည်း ရေတပ်အရာရှိများအား သင်တန်းပေးလျက်ရှိသည်။
အရှေ့တီမောနိုင်ငံအနေဖြင့်                  ပေါ်တူဂီတို့လက်အောက်တွင်    နှစ်ပေါင်းသုံးရာကျော်   ကိုလိုနီကျရောက်ခဲ့ရခြင်း၊ ဂျပန်၊ အင်ဒိုနီးရှားတို့၏ ကျူးကျော်သိမ်းပိုက်မှုကို   ၂၅ နှစ်ခန့်နေခဲ့ရခြင်းတို့ကြောင့် ရရှိပြီးသော လွတ်လပ်ရေးမဆုံးရှုံးစေရန်နှင့် ပြည်ပရန်စွယ်များကို   ကာကွယ်နိုင်ရန်   မူဝါဒနှင့်    ရည်မှန်းချက်ထားရှိဆောင်ရွက်လျက်ရှိသည်။ နိုင်ငံလူဦးရေနှင့် ကာကွယ်ရေး တပ်ဖွဲ့၏ အင်အားအရ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ  ဆက်ဆံခြင်း၊  ကုလသမဂ္ဂ၊  နိုင်ငံတကာအဖွဲ့အစည်းများနှင့်      ဒေသဆိုင်ရာအဖွဲ့အစည်းများတွင်တက်ကြွစွာ  ပါဝင်ဆောင်ရွက်ခြင်းဖြင့်  အကူအညီနှင့်အကာအကွယ်ရယူနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။  

တီမောလက်စ်တေနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်  ကျင့်သုံးလျက်ရှိပြီး  နိုင်ငံသားတို့၏  တစ်ဦးချင်း ဝင်ငွေမှာ တစ်နေ့လျှင်ပျမ်းမျှ ၁ ဒသမ ၂၅ ဒေါ်လာခန့်သာရှိသဖြင့် ကမ္ဘာ့ဝင်ငွေအနည်းဆုံးစာရင်းတွင် ပါဝင်သည်။  ဒေသသုံးငွေကြေးမှာ  အမေရိကန်ဒေါ်လာနှင့်အရှေ့တီမော Centavos ဖြစ်သည်။ အဓိကပို့ကုန်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကော်ဖီ၊ အဝတ်အထည်၊ နံ့သာဖြူနှင့် မာဘယ်ကျောက်တို့ဖြစ်ပြီး  အဓိကသွင်းကုန်မှာ အစားအသောက်၊  စက်သုံးဆီ၊ ဆေးလိပ်၊ စက်ပစ္စည်း ကိရိယာများနှင့်    ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များဖြစ်သည်။

အဓိကတင်ပို့သည့် နိုင်ငံများမှာ  ထိုင်း၊  အမေရိကန်၊    စင်ကာပူ၊    ဘယ်လ်ဂျီယံနှင့်  ကနေဒါတို့ဖြစ်ပြီး အဓိကတင်သွင်းသည့်နိုင်ငံများမှာ အင်ဒိုနီးရှား၊ တရုတ်၊ စင်ကာပူ၊  ဩစတြေးလျနှင့် ထိုင်းတို့ဖြစ်သည်။ 

နိုင်ငံတကာအဖွဲ့အစည်းများ၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အကူအညီများကြောင့် နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၄ ခုနှစ်မှစတင်ပြီး တိုးတက်ဖွံ့ဖြိုးလာခဲ့ရာ ၂၀၁၅ ခုနှစ်တွင်ပြည်တွင်းအသားတင်ထုတ်လုပ်မှု (ဂျီဒီပီ)မှာ ၆ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းသို့မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာအရ ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းမှာ အဆင့်  ၁၅၈ ရှိခဲ့ရာ မှ  ၁၃၃ သို့ မြင့်တက်လာခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်ကို လွှတ်တော်မှ အတည်မပြုနိုင်ခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုထိခိုက်ပြီး ဂျီဒီပီမှာလည်း  ၄  ဒသမ  ၇  ရာခိုင်နှုန်းသို့  ကျဆင်းခဲ့သည်။ ၂၀၁၈  ခုနှစ်တွင် လွှတ်တော်မှ  အစိုးရဘတ်ဂျက်ကိုစတင်အတည်ပြုနိုင်ခြင်း၊ ပို့ကုန်တင်ပို့မှုများပြားခဲ့ခြင်းတို့ကြောင့် ကုန်သွယ်ရေးလိုငွေပြမှု ပြေလျော့ခဲ့ပြီး ဂျီဒီပီမှာ သုည ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်လာခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်ဘတ်ဂျက်တစ်ခုကို  ထပ်မံအတည်ပြုနိုင်ခဲ့ပြီး  ၂၀၁၉  ခုနှစ်တွင်ဂျီဒီပီကို ၃ ဒသမ ၉ ရာခိုင်နှုန်းထိ တိုးတက်ရန် မျှော်မှန်း ထားကြောင်း၊  နှစ်စဉ်  ဂျီဒီပီတိုးတက်မှုနှုန်းကို  ၇  ရာခိုင်နှုန်းရရှိရန်    မျှော်မှန်းပြီး      ၂၀၁၈-၂၀၂၃      စီမံကိန်းကိုဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းကဲ့သို့ ကဏ္ဍများတွင် တိုးတက်လာပြီး  အလုပ်အကိုင်  အခွင့်အလမ်းများ  ဖန်တီးနိုင်ရန်အပြင် သွင်းကုန်အပေါ် မှီခိုရမှုမှ လျှော့ချနိုင်ပြီး ပို့ကုန်မြှင့်တင်နိုင်ရန်လည်း  ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။

လူနေမှုအဆင့်အတန်း

(၁၆)ရာစုမှစ၍      ပေါ်တူဂီတို့၏    ကိုလိုနီအဖြစ်ကျရောက်ခဲ့ပြီး   ဂျပန်နှင့်   အင်ဒိုနီးရှားတို့၏  သိမ်းပိုက်အုပ်ချုပ်မှုကို ခံခဲ့ရသည့်  အရှေ့တီမောနိုင်ငံ၏  လူသားအရင်းအမြစ်နှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ  နိမ့်ကျလျက်ရှိနေဆဲဖြစ်သည်။  ၂၀၁၇  ခုနှစ်  စာရင်းများအရ အလုပ်လက်မဲ့ဦးရေ ၃ ဒသမ ၄၃ ရာခိုင်နှုန်းရှိပြီး လူဦးရေ တစ်ဝက်ခန့်မှာ စာမတတ်မြောက်ကြဘဲ လူနေမှုအဆင့်အတန်းလည်း နိမ့်ပါးလျက်ရှိကာ လူလတ်တန်းစားအနည်းငယ်နှင့်  အများစုမှာ      ဆင်းရဲနွမ်းပါးကြသည်။    နိုင်ငံ၏ လွတ်လပ်ရေးအတွက် ဆယ်စုနှစ်များစွာ တော်လှန်ရေး စစ်ပွဲများ  ဆင်နွှဲရခြင်း၏ ဆိုးကျိုးရလဒ်များအဖြစ် နိုင်ငံ၏ အခြေခံအဆောက်အဦများ ဆိုးရွားစွာ   ပျက်စီးဆုံးရှုံးခဲ့ရပြီး   ပြည်သူတစ်သန်းခန့်          အသက်စွန့်လွှတ်ခဲ့ကြရ သည်။      လူသားအရင်းအမြစ်     ဖွံ့ဖြိုးမှုအညွှန်းကိန်း   (HDI)တွင်လည်း   အဆင့်  ၁၃၃  သို့    ရောက်ရှိနေသည်။

ထို့ကြောင့်   နိုင်ငံ၏စီးပွားရေးကို   မြှင့်တင်နိုင်ရန်အိုကုဆီ   အထူးစီးပွားရေးဇုန်တစ်ခု    တည်ထောင်ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန်၊ စက်မှု၊  ခရီးသွား၊   ငွေကြေးနှင့်   စိုက်ပျိုးရေးလုပ်ငန်းများအတွက်အချက်အချာနေရာတစ်ခုဖြစ်လာစေရန်     ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး  ၂၀၂၅  ခုနှစ်တွင်  ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ လေးဘီလီယံကျော်ရရှိရန် မျှော်မှန်းထားသည်။ ထို့ပြင် Tasi Mane Project ဟုခေါ်တွင်သည့်တောင်ဘက်ကမ်းခြေဒေသအား Petroleum Process- ing Hub စီမံကိန်းကြီး  တည်ဆောက်ရန်နှင့်  ၄င်းတွင်ရေနံချက်စက်ရုံ၊ လေဆိပ်သစ်နှင့်ဆိပ်ကမ်း၊ အဝေးပြေး လမ်းမကြီးများ      ထည့်သွင်းဆောက်လုပ်ရန်ရှိကြောင်း သိရှိရသည်။

နိုင်ငံတကာဆက်ဆံရေး

တီမောလက်စ်တေနိုင်ငံသည် နုနယ်ပြီး အထိခိုက်မခံသည့်နိုင်ငံများ (Fragile States) တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ      အကောင်အထည်ဖော်ခြင်းဆိုင်ရာ နိုင်ငံပေါင်း ၂၀ ပါဝင်သည့် g7+ အုပ်စုငယ်တွင်ပါဝင်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့အတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ g7+ အဖွဲ့သည် ကုလသမဂ္ဂ၏ အမြဲတမ်းလေ့လာသူဖြစ်လာပါက ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုပ်ငန်း ဆောင်တာများတွင်     တိုက်ရိုက်ပါဝင်လုပ်ဆောင်နိုင်မည်ဖြစ်၍  တကြွ်ကစွာ  ပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

တီမောလက်စ်တေနိုင်ငံ၏   ကမ်းလွန်နှင့် ကုန်းတွင်း၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှုအပေါ်  ဩစတြေးလျ၊  တရုတ်နိုင်ငံတို့နှင့်အတူ အမေရိကန်ကလည်း ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ခန့် ရင်းနှီးမြှုပ်နှံပြီး  စီမံကိန်းများ  ဆောင်ရွက်လျက်ရှိသည့်အပြင်ခရီးသွား၊   ဘဏ်လုပ်ငန်း၊  အခြေခံအဆောက်အအုံနှင့်ပို့ဆောင်ရေးကဏ္ဍများတွင်  ဆက်လက်ရင်းနှီးမြှုပ်နှံရန်ဆွေးနွေးလျက်ရှိသည်။     ဩစတြေးလျနိုင်ငံနှင့်လည်း ကုန်သွယ်မှုပြုလုပ်လျက်ရှိရာ    ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ   ၂၄ သန်းခန့် ရှိနေပြီဖြစ်သည်။

ထို့ပြင်  ပေါ်တူဂီဘာသာစကားသုံးစွဲသည့် နိုင်ငံများအဖွဲ့(CPLC)တွင်လည်း  လေ့လာသူအဖြစ်ပါဝင်ပြီး အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။    ထိုင်းနိုင်ငံမှ  မင်းသမီး  မဟာချက်ကရီသီရိဒုံ၏ အစီအစဉ်ဖြစ်သော ငတ်မွတ်ခေါင်းပါးမှုပပျောက် လာစေရေး၊      အခြေခံအဆောက်အအုံများ    ပြန်လည်တည်ဆောက်ရေးစသည့် အခက်အခဲအ$ကျပ်အတည်းများ ကို  ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  အထူးသဖြင့်  သဘာဝသယံဇာတ  အရင်းအမြစ်များဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့  တူးဖော်ရေးလုပ်ငန်းများ တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် စီမံကိန်းများ စနစ်တကျ ဖော်ဆောင်မှုဖြင့်   ဆောင်ရွက်လျက်ရှိကြောင်း    တွေ့ရှိရသည်။

ထိုကဲ့သို့    နိုင်ငံ၏   စီးပွားရေးသည် ရေနံကိုသာ အဓိကမှီခိုအားထားလျက်ရှိရာမှ    ယခုအခါ        ရေနံထုတ်လုပ်မှုကျဆင်းလာပြီး  မကြာမီနှစ်များတွင်  ရေနံထွက်ရှိမှု      လျော့ကျလာနိုင်မှုနှင့်အတူ   ပြတ်လပ်နိုင်ကြောင်း    နိုင်ငံခြားပညာရှင်များ၏    ခန့်မှန်းချက်များ ကြောင့်      ခရီးသွားလုပ်ငန်းကို  တိုးမြှင့်လိုသော်လည်း အခြေခံအဆောက်အဦ တည်ဆောက်မှုမှစ၍ အခက်အခဲများစွာရှိနေပြီး     အခွင့်အလမ်းနည်းပါးနေကြောင်း၊ ယခုအခါ    ကော်ဖီထုတ်လုပ်တင်ပို့မှုမှာ      တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ  ၁၅  သန်းမှ    ၂၃  သန်းခန့်အထိတိုးတက်ရရှိလာသဖြင့်  အော်ဂဲနစ်  ရာ နှုန်းပြည့်ကော်ဖီပိုမိုထုတ်လုပ်နိုင်ရန်      ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ထို့ကြောင့်   နိုင်ငံစီးပွားတိုးတက်ရေးအတွက် အခြားရှုထောင့်ပေါင်းစုံမှ ရှာဖွေကြံဆဆောင်ရွက်ရမည့် အခြေအနေရှိနေကြောင်း သိရှိရသည်။

နိုင်ငံ၏ စွမ်းဆောင်ရည်

တီမောလက်စ်တေနိုင်ငံ၏  ပြည်တွင်းအသားတင်ထုတ်လုပ်ခြင်းတိုးတက်မှု (ဂျီဒီပီ)အရ ကုလသမဂ္ဂ၏ ဖွံ့ဖြိုး မှုအနည်းဆုံးနိုင်ငံများ (LDC)စာရင်းမှ လွတ်မြောက်ရေး အတွက် စံနှုန်းသတ်မှတ်ချက်သုံးခုလုံး ပြည့်မီလာပြီဖြစ်ရာ  ၂၀၂၂  ခုနှစ်တွင်      LDC Committee review Conference တွင် သုံးသပ်၍ ဆုံးဖြတ်ချက် ချမှတ်တော့မည်ဖြစ်သည်။

တီမောလက်စ်တေနိုင်ငံသည်  လွတ်လပ်ရေးရရှိပြီး ချိန်မှစတင်၍        အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သို့  အဖွဲ့ဝင်အဖြစ်  ဝင်ရောက်ခွင့်ရရှိရေးဖြင့်  တည်ငြိမ်လုံခြုံမှု  ရရှိလာနိုင်မှုနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာစင်မြင့်သို့ တစ်ဆင့်ပြီး တစ်ဆင့်  တက်လှမ်းလာနိုင်မည်ဖြစ်ရာ   ၄င်းနိုင်ငံ၏ ခေါင်းဆောင်များ၊ နိုင်ငံသားများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည်တို့ဖြင့်သာ စိန်ခေါ်မှုများကို ကျော်လွှား ကြရမည်ဖြစ်သည်။

လင်းလက်တောက်ပ အလှဖြာဝေ

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ် (၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို   တီမောလက်စ်တေနိုင်ငံ၏မြို့တော်ဒီလီမြို့၏ အနောက်ဘက်ကမ်းရိုးတန်း၌  တည်ရှိသည့်တာဆီတော်လူ (ခေါ်) ငြိမ်းချမ်းရေးပန်းခြံတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားသို့ကုလသမဂ္ဂမှ   တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှဝန်ကြီးများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စသည့်   နိုင်ငံပေါင်း   ၃၈ နိုင်ငံမှ ဧည့်သည်  ၄၀၂ ဦး တက်ရောက်ခဲ့ကြပြီး ဝန်းရံအားပေးကာ ဂုဏ်ပြုခဲ့ကြပါသည်။

အခမ်းအနားကို    နိုင်ငံတော်သီချင်းဖြင့်   စတင်ဖွင့်လှစ်ပြီး   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်   မစ္စတာ ဂူတာရက်စ်ထံမှ  ဗီဒီယိုဖိုင်ဖြင့်ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာကိုပြသသည်။ ဆက်လက်၍ တီမော လက်စ်တေနိုင်ငံသမ္မတ        ဖရန်စစ္စကို   ဂူတာရက်စ်လူအိုလိုက အဖွင့်အမှာစကားပြောကြားပြီး   ၄င်းနိုင်ငံအကျိုးစီးပွားအတွက် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့်နယ်ပယ်အသီးသီးမှ   ပုဂ္ဂိုလ်များကို   ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ရိုးရာယဉ်ကျေးမှု   အဆို၊  အကနှင့်တေးဂီတတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီးနောက် မီးရှူး မီးပန်းများဖြင့် ပစ်ဖောက်ဂုဏ်ပြုကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်ရာ  တီမောလက်စ်တေနိုင်ငံမြို့တော် ဒီလီ၏ ကောင်းကင်ယံတွင် မီးရောင်စုံများဖြင့်လင်းလက်တောက်ပ      အလှဖြာဝေသွားခဲ့ပါတော့သည်။

သပြေ