အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာ နိုင်ငံအစီရင်ခံစာအား တင်ပြခြင်းနှင့် SEA-PLM 2024 သုတေသနလုပ်ငန်း ဆောင်ရွက်မှုကို အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

အရှေ့တောင် အာရှ မူလတန်းပညာသင်ယူ တတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM) 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံအစီအရင်ခံစာအားတင်ပြခြင်းနှင့် SEA-PLM 2024 သုတေသန လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။ 


အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ယူနီ ဆက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်သက်ဆိုင်ရာ တာဝန်ရှိသူ များ တက် ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အရှေ့တောင် အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ(SEA-PLM)သည် မူလတန်းအဆင့် နောက်ဆုံးနှစ် (မြန်မာနိုင်ငံတွင် Grade 5) ကျောင်းသားများ၏ အရေး၊ အဖတ်နှင့်သင်္ချာစွမ်းရည်များကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံ ဒေသတွင်းကျယ်ပြန့်သော ပညာရည်စစ်ဆေးမှု တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း သင်ယူ တတ်မြောက်မှုကို ထင်ဟပ်စေလျက် ၂၁ ရာစု ကျွမ်းကျင်မှု များပါဝင်သော ပညာရည်စစ်ဆေး မှုကို ဖြည့်ဆည်းခြင်းအားဖြင့် ပိုမို ကောင်းမွန် တိကျသော သင်ယူမှုရလဒ်များ ဖြစ်ထွန်းလာစေမည် ဖြစ်ပါ ကြောင်း၊ ထိုမှတစ်ဆင့် တန်းတူညီမျှသော ပညာရေးကို ဒေသတွင်းရှိ ကလေး များအားလုံး ရရှိစေမည်ဖြစ်ပါကြောင်း။

 “SEA-PLM ပင်မစစ်ဆေးမှု (Main Survey) တွင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ဆောင်ရွက် ခဲ့ကြပါကြောင်း၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၊ ပညာရေးတက္ကသိုလ်နှင့် UNICEF Myanmar Office မှ ကိုယ်စားလှယ် စုစုပေါင်း (၃၃) ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ “SEA-PLM Myanmar National Report” ကို ဆက်စပ် ဦးစီးဌာနများ၊ ပညာရေးဒီဂရီကောလိပ်များ၊ ပညာရေးတက္ကသိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများ၊ ခရိုင်ပညာရေးမှူးရုံး များသို့၂၀၂၂ခုနှစ်၊ဇွန်-၉ရက်မှာ ဖြန့်ဝေခဲ့ပြီး ဖြစ်ပါ ကြောင်း။

ဆီမီယိုအတွင်းရေးမှူးချုပ်ရုံးက ယနှစ်ဖေဖော်ဝါ၂ ရက်မှ၃ရက်အထိ ကျင်းပသည့်“(၁၃) ကြိမ်မြောက် SEA-PLM Regional Steering Committee အစည်းအဝေး” တွင် SEA-PLM 2024 ၏ အကြိုစမ်းသပ်စစ်ဆေးမှု (Field Trial) ကို လာမယ့်စက်တင်ဘာလအတွင်း ဆောင်ရွက်သွားရန်ဆုံး ဖြတ်ခဲ့သဖြင့် တိုင်းဒေသကြီး (၂) ခု၊ ပြည်နယ် (၂) ခုမှ Grade – 5 ကျောင်းသား ၁၀၀၀ ခန့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဤစစ်ဆေးအကဲဖြတ်ခြင်း သုတေသန လုပ်ငန်းသည် သာတူညီ မျှပြီးအရည်အသွေးပြည့်ဝသော ပညာရေးကို ဖော်ဆောင်ရန် အတွက် သက်သေအခြေပြုမူ ဝါဒများ ချမှတ်နိုင်မည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများတပြေးညီသတ်မှတ်ထားသော ပညာရေးစံနှုန်းများနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အထောက်အကူဖြစ်စေနိုင် ကြောင်းပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က SEA-PLM 2019 စစ်ဆေးအကဲဖြတ်ခြင်းသုတေသနလုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို အကျဉ်းချုပ် တင်ပြသည်။ ယင်းနောက် ပညာရေးသုတေသန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက SEA-PLM 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ အညွှန်း ဘောင်များအား တင်ပြသည်။ ဆက်လက်၍ ပညာရေးသုတေသန၊စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှ အရာထမ်းများက SEA-PLM 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံ အစီရင်ခံ စာအား တင်ပြသည်။ ထို့နောက် ပညာရေးသုတေသန၊စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ကျေးဇူးတင်နှုတ်ခွန်းဆက် စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်