အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ကျောက်ပန်းတောင်းမြို့နယ်၌ ဖွင့်

ကျောက်ပန်းတောင်း  ၁၀  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် မီးဘေးတားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို  ကျောက်ပန်းတောင်းမြို့  အောင်မင်္ဂလာရပ်ကွက်ရှိ မီးသတ်ဦးစီးဌာနရုံးတွင်ဖွင့်လှစ်လျှက်ရှိကြောင်းသိရသည်။

 

အဆိုပါသင်တန်းကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ရပ်ကွက်(၁၂)ရပ်ကွက်မှ ပရဟိတလုပ်ငန်းဝါသနာပါသူ လူငယ်များစုစုပေါင်းအင်အား(၅၀)တက်ရောက်လျှက်ရှိကြပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီ ၇ ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက် နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ သင်တန်းတွင် ကျွမ်းကျင် သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်နည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပေးကြ မည်ဖြစ်ကြောင်းနှင့်အဆိုပါသင်တန်းဖွင့်လှစ်မှုလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော မြို့နယ်အရန်မီးသတ်တပ်ဖွဲ့သင်တန်း ကွပ်ကဲမှုကော်မတီကိုဖွဲ့စည်းကာနေ့စဉ်ကြီးကြပ် လျှက်ရှိကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)