အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ  မြိတ်မြို့၌ ကျင်းပမည်

နေပြည်တော် ၁၆  ဇန်နဝါရီ 


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီက ဦးစီးကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းများပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ ပြပွဲပြိုင်ပွဲကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလှည့်ကျ ကျင်းပလျက်ရှိပြီး ဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းပြခန်းများ၊ ထုတ်ကုန်ပစ္စည်းပြိုင်ပွဲများ၊ စီးပွားရေး ဆိုင်ရာဟောပြောပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ 


မောင်မောင်မျိုး