အတိတ်ဟောင်းကို သတိရနေတဲ့ ယူရီ

၂ ဇန်နဝါရီ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “Girls Generation” ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယူရီဟာ လတ်တလောမှာတော့ အဆိုပါတေးဂီတအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်ကိုးဦးအတူရှိနေတဲ့ ပုံရိပ်တွေကို လတ်တလောမှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည်ဖော်ပြရင်း အတိတ်နေ့ရက်တွေကို ပြန်လည်အမှတ်ရစေခဲ့တာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

ယူရီက ဒီဇင်ဘာ ၂၇ ရက်မှာ သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ အဖွဲ့ဝင် ကိုးဦးလုံးပါဝင်စဉ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့ပါတယ်။ ဒီဗီဒီယိုနဲ့အတူ အတိတ်နေ့ရက်တွေကို ပြန်လည်သတိရမိကြောင်းလည်း ထည့်သွင်း ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဟာ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်တဲ့ ဂျက်ဆီကာရှိစဉ်က ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

ဒီဖော်ပြခဲ့မှုအပေါ် ပရိသတ်တစ်ဦးက ယူရီကို အတိတ်နေ့ရက်တွေကို ပြန်လည်သတိရနေတာလားရယ်လို့ မေးမြန်းထားပြီး ပရိသတ်တွေအနေနဲ့လည်း တစ်ချိန်က “Girsl Generation” ရဲ့ နေ့ရက်တွေကို ပြန်လည်သတိရမိနေ ကြောင်း ဖော်ပြခဲ့တာတွေ့ရပါတယ်။ ယင်းဝေဖန်ရေးသားမှုကို ယူရီက ကြိုက်နှစ်သက်ကြောင်း ပြန်လည်ဖော်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်