ဘီးလင်းမြို့နယ်၌ ကရင်အမျိုးသား လက်ချည်ပွဲကျင်းပ

ဘီးလင်း ၂၄ သြဂုတ် 

 

သထုံခရိုင် ဘီးလင်းမြို့နယ် စစ်ကိုင်းဘုန်းတော်ကြီးကျောင်း၌ မြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားရိုးရာ လက်ချည်ပွဲကို သြဂုတ် ၂၄ ရက် နံနက် ၆ နာရီက ကျင်းပခဲ့သည်။ 

 

 

အခမ်းအနားတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က အမှာစကားပြောကြားပြီး ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစောကျူးလီက ကရင်းအမျိုးသာ ရိုးရာလက်ချည်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများကို ကရင်ရိုးရာအကများဖြင့် ကပြသီဆိုခဲ့ကြကာ ကရင်ရိုးရာလက်ချည်ပွဲကို ပျော်ရွှင်စွာ စုပေါင်းဆင်နွဲခဲ့ကြသည်။

 

 

ကရင်အမျိုးသား တိုင်းရင်းသားများအေးချမ်းခြင်း၊ ရိုးသားဖော်ရွေခြင်း၊ သွေးစည်းညီညွတ်ခြင်း၊ စည်းလုံးခြင်း၊ ရှင်သန်ခိုင်မာမှုမြဲခြင်းတို့ကို အဓိပ္ပါယ်ဖော်ဆောင်သည့် ကရင်အမျိုးသားရိုးရာ လက်ချည်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

 

အဆိုပါ ကရင်ရိုးရာလက်ချည်ပွဲသို့ ကရင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကရင်အမျိုးသားဗုဒ္ဓဘာသာ ဆရာတော်သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကျေးရွာများမှ ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်ဆက်)