ဘန်ကောက်မြို့တွင် ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ပြည်သူများက နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ၁ ဇန်နဝါရီ 

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များပါဝင်သည့် နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်ည ၁၁ နာရီမှ စတင်ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆာနမ်လွန်တွင် ကျင်းပသည်။

mdn

နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး(၁၆)ပါး၊ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၊ တိပိဋက ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သံဃနာယက ဆရာတော်များအပါအဝင် သံဃာတော် စုစုပေါင်း(၃၁)ပါးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟို (ဥက္ကဋ္ဌ) ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေနှင့် အဖွဲ့ဝင်များအပါအဝင် လူပုဂ္ဂိုလ်စုစုပေါင်း (၂၆)ဦးတို့နှင့် (၁၂) နိုင်ငံမှ သံဃာတော်များ အပါအဝင် ထိုင်းနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက်ကြသည်။
 
ထိုင်းနိုင်ငံ Sanam Luang Pavilion တွင် ကျင်းပပြုလုပ်သည့် The New Year's Eve Chanting & Meditation for Happiness in 2019 (ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနား) ကို နိုင်ငံ ၁၂ နိုင်ငံမှ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများ စုပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။ 

(သတင်းစဉ်)

mdn