စာကြည့်တိုက် အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း

ကျောင်းစာကြည့်တိုက် သက်ဝင်လှုပ်ရှားမှုအတွက်ဆိုရင် ဒီစာကြည့်တိုက် လုပ်ငန်းတွေနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနဟာ မိတ်ဖက်စာကြည့်တိုက်အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်

၂၈ ဇန်နဝါရီ


စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း အပိုင်း(၁)နှင့်(၂)ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးကြီး ဒေါ်ယုယုတင်၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်မြတ်စမ်းငြိမ်း၊ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သန့်သော်ကောင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။


အစီအစဉ်မှူး ။ ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာ ကျောင်းတွေမှာရှိတဲ့ ကျောင်းစာကြည့်တိုက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်နေတဲ့ အခြေအနေတွေကို သိပါရစေ။


ဒေါ်သစ်သစ်ခိုင် ။ ။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျွန်မတို့ အခြေခံ ပညာဦးစီးဌာနရဲ့ အခြေခံကျောင်းပေါင်း ၄၇၀ဝ၅ ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေမှာ ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ပေးထားတဲ့ ကျောင်းပေါင်း ၂၆၂၁၂ ကျောင်း ရှိပါတယ်။ နေရာအခက်အခဲကြောင့် ကျွန်မတို့ မဖွင့်လှစ်နိုင်သေးတဲ့ ကျောင်းတွေမှာဆိုရင် ကလေးတွေ ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်တွေကို ကျွန်မတို့ စာအုပ်ဗီရိုတွေ၊ စာအုပ် သေတ္တာတွေနဲ့ စနစ်တကျ ထားရှိနိုင်ဖို့အတွက် ပံ့ပိုးဆောင်ရွက်သွားဖို့အတွက်လည်း စီစဉ်လျက် ရှိပါတယ်။ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ပြီး ကျောင်းတွေမှာလည်း ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးမှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းရဲ့ Asia Foundation က ပညာရေးဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးမှုလုပ်ငန်းကို လုပ်ကိုင်လာတာဆိုရင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၂၀ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာဆိုရင် ပညာရေးဝန်ကြီးဌာနက မိတ်ဖက်စာကြည့်တိုက် အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စာကြည့်တိုက်ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ကျောင်းပေါင်း ၇၁ ကျောင်းကို လျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းစာကြည့်တိုက် သက်ဝင်လှုပ်ရှားမှုအတွက်ဆိုရင် ဒီစာကြည့်တိုက် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီး ဌာနဟာ မိတ်ဖက်စာကြည့်တိုက်အသင်းအဖွဲ့ တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လျက်ရှိပါ တယ်။


အစီအစဉ်မှူး ။ ။ ဆရာ့အနေနဲ့ မြန်မာစာပေ ပံ့ပိုးကူညီမှုနဲ့ ထိန်းသိမ်းစောင့် ရှောက်မှု ပရဟိတအဖွဲ့(MBAPF) ကနေ ဆောင်ရွက်နေတဲ့ စာကြည့်တိုက် စီမံချက်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေအနေတွေကို ပြောပြပေး စေလိုပါတယ်။


ဒေါက်တာသန့်သော်ကောင်း ။ ။ကျွန်တော်တို့ ဖောင်ဒေးရှင်း က၂၀ဝ၈ ခုနှစ်ကနေ စပြီးလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်လောက်မှာ ကျွန်တော်တို့ စီမံကိန်း တစ်ခုဖြစ်တဲ့ Beyond Access ဆိုတဲ့ စာကြည့် တိုက်စီမံကိန်းတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းကတော့ ရပ်ရွာတွေမှာရှိတဲ့ ပြည်သူ့ စာကြည့်တိုက်တွေကို ပံ့ပိုးဖို့လုပ်တာ ဖြစ်ပါတယ်။ ၂၀၁၃၊ ၂၀၁၄ ခုနှစ်လောက်မှာ ကျွန်တော်တို့ Mobile Library ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ ကျွန်တော်လုပ်တယ်။Mobile Library ကလည်း မြို့ပေါင်း ၁၄ မြို့ကို ရောက်သွားပါပြီ။ ပြည်သူ့စာကြည့်တိုက်မှာပဲ ကြည့်ကြည့်၊ Mobile Library ကြည့်ကြည့် ကျွန်တော်တို့ရဲ့ အဓိက Library ကို အသုံးပြုတဲ့သူကို ကြည့်မယ်ဆိုရင် ကျောင်းသူ ကျောင်းသားတွေဟာ ၇၀ ရာခိုင်နှုန်း ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ ဘာလုပ်ချင်လဲဆိုရင် ကျောင်း စာကြည့်တိုက်တွေကို ပြန်လည်အသက်ဝင်အောင် လုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။


ကျွန်တော်တို့ လေ့လာလိုက်တဲ့အခါမှာ နိုင်ငံတကာမှာ ကျောင်းစာကြည့်တိုက်တွေကို အတိအကျလုပ်ပေးနေတဲ့ အဖွဲ့တစ်ခု ရှိပါတယ်။ နိုင်ငံတကာအဖွဲ့ထဲမှာ Road to Read ဆိုတာရှိ ပါတယ်။ ဒါက အမေရိကန်အခြေစိုက်ပါ။ ဒါပေမယ့် ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၄ နိုင်ငံလောက်မှာ သူတို့ လုပ်နေတာရှိပါတယ်။ ကျွန်တော်တို့ Southern Asia မှာလည်း အများကြီးပါပဲ။ အဲဒီမှာ ကျောင်းပေါင်း ၂၀ဝဝဝ ကျော်လောက် လုပ်ထား ပြီးသားရှိပါတယ်။ ကျောင်းစာကြည့်တိုက် Rule တွေ အများကြီး Training ပေးထားပြီးသားတွေ ရှိတယ်။ ကျွန်တော်တို့က ဒီအဖွဲ့တွေနဲ့ ချိတ်ဆက်တယ်။ ကျွန်တော်တို့ ကြိုးစားတာ လေးနှစ်လောက် ရှိပါပြီ။ သူတို့ မြန်မာပြည်ကို ဘာလို့မလာသေး တာလဲဆိုတော့ ဒီအဖွဲ့က ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့မှာ အကုန်လုံး ပံ့ပိုးပေးနေတာတွေ ရှိတယ်။ နောက်ဆုံးတော့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ သူတို့ မြန်မာပြည်ကို လာလို့ရပြီလို့ အကြောင်းပြန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် တို့က “စာဖတ်ကြစို့” စီမံကိန်းကို ၂၀၁၇ စက်တင် ဘာလမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


“စာဖတ်ကြစို့” စီမံကိန်း 


ကျွန်တော်တို့ ဘာလုပ်ခဲ့လဲဆိုတော့ ဒီ “စာဖတ်ကြစို့” စီမံကိန်းအောက်မှာ အဓိက အစမ်းစာကြည့်တိုက်အလုံး ၂၀ ကို ကျွန်တော်တို့ က Pilot အနေနဲ့ လုပ်ပါတယ်။ အဲဒီမှာ ဘာလုပ် ပေးလဲဆိုတော့ စာအုပ်တွေ ပံ့ပိုးပေးတယ်။ စာအုပ် ဆိုတဲ့ နေရာမှာလည်း Level အလိုက် သတ်သတ် မှတ်မှတ် လုပ်ထားတာရှိတယ်။ ကျောင်းတွေကိုလည်း ဘယ်ကျောင်းတွေပါမလဲဆိုတာ ရွေးချယ်ရတယ်။ စာအုပ်တွေပံ့ပိုးပေးတယ်။ စာအုပ်စင်တွေ ပံ့ပိုးပေးတယ်။ ကလေးပျော် စာကြည့်တိုက်လေး တွေဖြစ်အောင် ကျွန်တော်တို့ ပြန်လည်မွမ်းမံ ပေးတာရှိတယ်။ စာကြည့်တိုက် Training တွေ အများကြီးပေးရပါတယ်။ Training ဆိုတဲ့ နေရာ မှာလည်း စာကြည့်တိုက်တစ်ခုကို ဘယ်လိုစီမံခန့်ခွဲ ရမလဲ၊ စာကြည့်တိုက် အချိန်တစ်ခုရဖို့ ဝန်ကြီးဌာန နဲ့ ညှိနှိုင်းပြီးတော့ တစ်ပတ်မှာ တစ်ချိန်ရရင် ကျွန်တော်တို့က စာဖတ်ခြင်းအမျိုးမျိုးကို မြှင့်တင် ပေးတဲ့ဟာမျိုး လုပ်ပါတယ်။ အဓိကကတော့ အလေ့အကျင့်၊ စာဖတ်ခြင်းအလေ့အထကို ပြန် လည်နိုးကြားလာအောင်လုပ်တဲ့ စီမံကိန်းဖြစ်ပါ တယ်။ မူလကတော့ ကျောင်း ၂၀၊ အခုဆိုရင် ၇၁ ကျောင်း ကျွန်တော်တို့ ရောက်သွားပါပြီ။


အစီအစဉ်မှူး ။ ။ ဆရာမတို့ရဲ့ မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းကနေ ပြီးတော့ စာကြည့်တိုက်အသုံးပြုတာတွေနဲ့ ပတ် သက်ပြီး ဆောင်ရွက်နေတာတွေရဲ့ တွေ့ရှိချက်ကို လည်း ပြောပြပေးပါဦး။


ဒေါ်မြတ်စမ်းငြိမ်း။ ။ မြန်မာနိုင်ငံစာကြည့်တိုက် အသင်းအနေနဲ့ ကျောင်းစာ ကြည့်တိုက်များ ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ကို ၂၀၁၅ ခုနှစ်ကနေ စပြီး Asia Foundation နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ Reenergizing School Library ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန် တိုးတက်ရေးဆိုတဲ့ စီမံချက်ကို ကျွန်မတို့ ရန်ကုန် တိုင်းဒေသကြီး၊ မ္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ ၁၀ ကျောင်း လောက် စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီလိုအကောင်အထည်ဖော်ရာမှာ လေးပိုင်းရှိပါ တယ်။ ပထမဆုံးအနေနဲ့ ပရိဘောဂ၊ နောက် တစ်ခုက စာကြည့်တိုက်ဝန်ထမ်းလုပ်မယ့် ဆရာ ဆရာမများကို Training ပေးတယ်၊ နောက်တစ်ခု facility ပေးတယ်၊ ကားပါကင်လုပ်တာတို့ လိုက်ကာတွေ လုပ်ပေးတယ်။ စာကြည့်တိုက်ကို အလှဆင်ပေးတယ်၊ နောက်ဆုံးအဆင့်ကတော့ Technology ပိုင်းအနေနဲ့ Computerized Catalogue ကို ကျွန်မတို့ ဒီစာကြည့်တိုက် ၁၀ ကျောင်းမှာ လုပ်ပေးခဲ့တယ်။


အသိပညာဖလှယ်နိုင်ခဲ့ 


ဒါ့အပြင် ဒီ Asia Foundation အကူအညီနဲ့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းကနေ ဦးဆောင် ပြီးတော့ ဇွန်လမှာ ထိုင်းနိုင်ငံ ဗန်ကောက်မှာ ကျင်းပတဲ့ ပထမအကြိမ် အရှေ့တောင်အာရှ ကျောင်းစာကြည့်တိုက်များ ညီလာခံမှာ ကျွန်မ တို့ကျောင်းက စာကြည့်တိုက်မှူး ဆရာ ဆရာမ များနဲ့အတူ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက စာကြည့်တိုက်မှူးများ တက်ရောက်ခွင့်ရခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ တက်ရောက်ခွင့်ရတယ်။ ဒုတိယအကြိမ် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံ တတိယအကြိမ်ကိုတော့ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမှာ လုပ်ခဲ့တာဖြစ်တယ်။ အဲဒီလိုတက်ခဲ့တဲ့ အခါမှာ အခြေခံပညာ ကျောင်းက ဆရာ ဆရာမ များနဲ့အတူ MLA က မြန်မာနိုင်ငံစာကြည့်တိုက် အသင်းက စာကြည့်တိုက်မှူးတွေ ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းစာကြည့်တိုက်များစီမံချက် ဆောင်ရွက်နေမှုတွေကို တင်ပြဆွေးနွေးနိုင်ခဲ့တဲ့အပြင် ကျွန်မတို့ရဲ့ အတွေ့အကြုံ အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေကို တင်ပြနိုင်ပြီးတော့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်နိုင်အောင် ကျွန်မတို့ ဒီနိုင်ငံတကာ အဖွဲ့အစည်းများဖြစ်တဲ့ International Association of School Librarianship (IASL) က စာကြည့်တိုက် ပညာရှင်များနဲ့ အသိပညာ ဖလှယ်နိုင်ခဲ့ပါတယ်။


ဒါ့ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စာကြည့်တိုက်များ တိုးတက်အောင်မြင်မှုအတွက် နည်းလမ်း တွေကို တိုင်ပင်ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် စတုတ္ထအကြိမ် ကျောင်းစာကြည့်တိုက်များ ညီလာခံ Conference ကို မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် မေလမှာ Consal လို့ခေါ်တဲ့ Congress of Southern Asian Librarian 17 ရဲ့ Libraries Pre-Conference အနေနဲ့ နေပြည်တော် မှာ ကျွန်မတို့ ကျင်းပခွင့်ရခဲ့တယ်။ အလွန်အောင်မြင်တဲ့ Conference တစ်ခုပါ။ ကျောင်းစာကြည့် တိုက်မှူးတွေ၊ အခြေခံပညာမှ ဆရာ ဆရာမတွေ ၂၀ဝ ကျော် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီမှာ လည်း ကျွန်မတို့ ASEAN ဒေသတွင်းအပြင် ဂျပန်တို့ အခြားနိုင်ငံများနဲ့ အတူ ကျောင်းစာကြည့် တိုက်တွေကို ဘယ်လိုချိတ်ဆက်ပြီးတော့ နိုင်ငံတွင်း ဒေသတွင်းမှာ ဘယ်လိုအောင်မြင်အောင် လုပ်ကြမလဲဆိုတဲ့ နည်းလမ်းတွေကို ကျွန်မတို့ ရရှိခဲ့တာ ဖြစ်ပါတယ်။


အစီအစဉ်မှူး ။ ။ တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်အနေနဲ့ စာကြည့်တိုက် လုပ်ငန်းတွေ ဆောင်ရွက်နေမှုတွေကိုလည်း ရှင်းပြ ပေးစေလိုပါတယ်။


ဒေါ်ယုယုတင် ။ ။ ကျွန်မတို့ ဒီတက္ကသိုလ်များ ဗဟိုစာကြည့်တိုက်က မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်၊ ကောလိပ်အားလုံးကို ဦးဆောင်နေတဲ့ စာကြည့်တိုက် တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ စာအုပ်စာတမ်းတွေ အပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပေ၊ ပုရပိုက် တွေ အားလုံးကိုလည်း စုဆောင်းထားရှိပါတယ်။ ဒီလိုစုဆောင်းထားရှိရာမှာ မြန်မာစာအုပ်၊ အင်္ဂလိပ် စာအုပ်ပေါင်း ၆၀ဝဝဝဝ ကျော်ရှိတယ်၊ ပေ၊ ပုရပိုက် တွေက ၂၁၀ဝဝ ကျော်ရှိပါတယ်။ microfilm ဆို ၅၀ဝဝ ကျော် ရှိမယ်။ Thesis တွေ စာတမ်းရှင် Team paper အကြမ်းအားလုံးက ၂၈၀ဝဝ ကျော်ရှိပါတယ်။


အဲဒီစုဆောင်းထားတဲ့ ပစ္စည်းတွေအားလုံးကို ကျောင်းသား ကျောင်းသူတွေနဲ့ ပြင်ပသုတေ သနပြုလုပ်သူတွေ အားလုံးကို သိရှိနိုင်ဖို့အတွက် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ ဌာန ၁၀ ခု ထားပြီးတော့ ကျောင်းသား ကျောင်းသူများ အားလုံးအသုံးပြုနိုင်မယ့်အဆင့်ထိ ရောက်အောင် ပြုလုပ်ပေးထားပါတယ်။ ဌာနစိတ်တွေဆိုရင်တော့ မြန်မာစာပြုဌာနစိတ်၊ အင်္ဂလိပ်စာပြုဌာနစိတ်၊ ပေ၊ ပုရပိုက်ဌာနစိတ် ရှိပါတယ်။ ရည်òန်းဌာနစိတ်၊ စာငှားဌာနစိတ်၊ e-Library section ရှိမယ်။ နောက်တစ်ခါ စာပေပစ္စည်းထိန်းသိမ်းရေးဌာနစိတ် နဲ့ စာအုပ်လဲလှယ်ရေးနှင့် လှူဒါန်းရေးဌာနစိတ်၊ microfilm ဌာနစိတ်ဆိုပြီးတော့ ဌာနတွေ ရှိပါတယ်။ အဲဒီဌာနတွေကနေ စာအုပ်တွေ၊ စာပေ ပစ္စည်းတွေ စုဆောင်းတာတွေ အားလုံးကို စနစ်တကျ ပြုလုပ်ထားပြီးတော့ ကျောင်းသား ကျောင်းသူတွေ ငှားလို့ရအောင် အဆင်သင့်ပြုလုပ်ပေး ထားပါတယ်။ ငှားရမ်းတဲ့အခါမှာလည်း ကျောင်းသား ကျောင်းသူတွေကို နှစ်အုပ်ကို နှစ်ပတ်ပေး ငှားပါတယ်။ ဆရာ ဆရာမတွေကိုတော့ ငါးအုပ်ကို နှစ်ပတ် ပေးငှားပါတယ်။ စာအုပ်ငှားရမ်းတဲ့အခါ မှာဆိုရင် ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ၊ သုတေသီတွေ အားလုံးဟာ Catalogue ကို ရှာတဲ့အခါမှာ e-Catalogue လို့ခေါ်တဲ့ ကွန်ပျူတာကနေရှာတဲ့ System Library Automation System ကနေ ရှာလို့ ရပါတယ်။


manual ဖြစ်တဲ့ စာကြည့်တိုက်ရဲ့ Catalogue cabinet ကနေပြီးတော့လည်း စာအုပ်တွေ ကို ရှာလို့ရပါတယ်၊ ရှာပြီးတဲ့အခါမှာလည်း online အနေနဲ့ ကျွန်မတို့ရဲ့ UCL Website ကနေ e-Catalogue တွေကနေ ရှာလို့ရပါတယ်။  UCL Website မှာ တက္ကသိုလ်ကောလိပ် ၂၃ ခုစလုံးရဲ့ စာအုပ်တွေ၊ Catalogue တွေ တင်ထားတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်ဖတ်ချင်တဲ့ စာအုပ် ကို ရှာလို့ရပြီးတော့ အဲဒီစာအုပ်တွေအားလုံးကို Inter Library Loan လို့ခေါ်တဲ့ စာကြည့် တိုက်အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီးတော့ အားပေးတာမျိုးနဲ့ ငှားပေးပါတယ်။ ဒီလို စာအုပ် တွေငှားလို့ရတဲ့ အပြင် online အနေနဲ့လည်း e-resources တွေ e-database တွေကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်က ဦးဆောင် ပြီးတော့ မြန်မာနိုင်ငံ စာကြည့်တိုက်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့ထားတာရှိပါတယ်။ တက္ကသိုလ်ကောလိပ် ကိုးခုကနေပြီးတော့ အဆင့် မြင့်ပညာ ဦးစီးဌာန ညွှန်ကြားချက်နဲ့ ကျွန်မတို့ ဝယ်ပေးပါတယ်။ အဲဒါတွေကိုလည်း online ကနေပြီးတော့ ကြည့်လို့ရပါတယ်။ အဲဒီမှာဆိုရင် e-Journal ပေါင်း ၂၂၀ဝဝ ရှိပါတယ်။ e-books ပေါင်း ၂၅၀ဝဝဝ ကျော်ရှိပါတယ်။ အဲဒီလိုမျိုး ကြည့်ပြီးတော့ ကိုယ်လိုချင်တဲ့ Data တွေ Information တွေကို Print ထုတ်တာ၊  Copy လုပ်တာ၊Scan ဖတ်တာ၊ Digital type လုပ်တာတွေ အားလုံးကို စာကြည့်တိုက်ကနေ ဝန်ဆောင်မှုပြုလုပ်ပေး နေပါတယ်။


ဝန်ဆောင်မှုပြုလုပ်ပေး နောက်တစ်ခါ စာကြည့်တိုက်ကနေ စာဖတ် သူတွေ၊ အသုံးပြုသူတွေ များလာဖို့အတွက် စာကြည့်တိုက်ကို စိတ်ဝင်စားအောင် ရောက်လာတဲ့ စာအုပ်တွေကိုလည်း Display လုပ်တာမျိုး၊ Orientation လုပ်ပေးတာမျိုး စီစဉ်ပေးပါတယ်။ ပြီးရင် ဒီစာကြည့်တိုက်တွေမှာ လာအသုံးပြုကြ တဲ့သူတွေက အကြံပြုပြီးတော့ ဒီစာအုပ်တွေကို ဝယ်ပေးပါဆိုရင်လည်း ကျွန်မတို့က ဝယ်ပေးပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာဌာန Department တွေနဲ့လည်း ညှိပြီးတော့ စာအုပ်တွေ ဖြည့်ဆည်းထားပေးပါတယ်။


အစီအစဉ်မှူး။ ။ ဆရာ့အနေနဲ့ ဒီစာကြည့်တိုက်တွေကို အသုံးပြုဖို့ လိုအပ်ရတဲ့ အကြောင်းရင်းလေးကို ရှင်းပြပေးပါ။


ဒေါက်တာသန့်သော်ကောင်း ။ ။ စာကြည့်တိုက်တွေ သုံးမယ်ဆိုရင် အသိပညာတွေ၊ အတတ်ပညာတွေ အများ ကြီး ဆည်းပူးနိုင်မယ်။ ဒါကတော့ အရေးကြီးပါတယ်။ ဒီ “စာဖတ်ကြစို့” စီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကလေးပျော် စာကြည့်တိုက် လေးတွေဖြစ်လာဖို့ ဖြစ်ပါတယ်။ ကလေးပျော် စာကြည့်တိုက်ဆိုတာက စာဖတ်ခြင်း အလေ့အထ ပါ။ ဒီအလေ့အထလေးတွေ ပြန်လည်နိုးကြားလာ ဖို့အတွက် သူတို့ကို ပြန်လည်နှိုးဆွပေးတဲ့ သဘောပါ။ အဲဒါကို အဓိကထားပြီး လုပ်တာဖြစ်ပါတယ်။ ကလေးတွေ စာကြည့်တိုက်ကိုလာရင် ပျော်ရမယ်၊ အဲဒီ Message ကို ကျွန်တော်တို့က အဓိကပေး ပါတယ်။ လာချင်စဖွယ်ဖြစ်အောင်လည်း အခန်းကို ပြင်ဆင်ထားပါတယ်။ ပုံလေးတွေ ပြထားတယ်။ အခန်းနံရံဆေးရေးပန်းချီလေးတွေ လုပ်ပေးထားတယ်။ တချို့နိုင်ငံခြားသားတွေကို ခေါ် ပြီးပြရင် တောင် သူတို့နိုင်ငံတွေမှာ ဒါမျိုးမရှိဘူးဆိုတဲ့ Message ကိုရပါတယ်။


အဲဒီတော့ ကလေးတွေဟာ လာချင်စဖွယ် စာကြည့်တိုက်ကို လာမယ်။ စာဖတ်ခြင်း အလေ့အထတွေကို ပြန်ရအောင်လုပ်မယ်။ ကျွန်တော်တို့ အဓိက Target ထားတာကတော့ မူလတန်း အရွယ်လေးတွေပါ။ ဒီအရွယ်လေးတွေဆိုရင် တစ်တန်းကနေပြီးတော့ ခြောက်တန်းအထိပါ။ ဒီအရွယ်လေးတွေကို ကျွန်တော်တို့က Habit လုပ်ရတာ လွယ်တယ်။ အခန်းလေးကလည်း လာချင်စဖွယ်ဖြစ်လာပြီ၊ အဲဒီအချိန်မှာ ကျွန်တော် တို့က Training တွေထဲမှာ ဘာလုပ်ထားလဲ ဆိုတော့ စာဖတ်ခြင်းလေးမျိုးကို သင်ပေးထားတာရှိပါတယ်။ စာကြည့်တိုက်ကို တစ်ပတ်တစ်ကြိမ် သွားရမယ်ဆိုတာ Curriculum မှာလည်း ပါလာ ပြီဆိုတော့ အတန်းပိုင်ဆရာမကနေ ကလေးတွေ ကို ခေါ်လာမယ်။ တစ်တန်း၊ နှစ်တန်း အရွယ်လေး တွေကို ဆရာမက ရှေ့ကနေဖတ်ပြရမယ်။ Read Aloud အသံထွက်ဖတ်နည်းလို့ ခေါ်တယ်။ ကလေးတွေက နားထောင်ရတယ်။ နှစ်တန်း လောက်ဆိုရင် စပြီးဖတ်လို့ရပါပြီ။ အတူတကွ စာဖတ်ခြင်း Share Reading လို့ ခေါ်တယ်၊ ဆရာမကလည်း စာအုပ်တစ်အုပ် ကိုင်ထားမယ်၊ ကလေးတွေကလည်း ကိုင်ထားမယ်ဆိုရင် အားလုံး ဟာ စာအုပ်တစ်အုပ်တည်းကိုပဲ အတူတူ ဖတ်ကြ တာပေါ့။


စာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် နောက်တစ်ခုက သုံးတန်း၊ လေးတန်းလောက် ဆိုရင် ကျွန်တော်တို့က Pair Reading နှစ်ယောက်တွဲ၊ နှစ်ယောက်တွဲလေးတွေ ဖတ်တယ်၊ နောက်ထပ် နည်းနည်းကြီးသွားပြီ ဆိုရင်တော့ တစ်ဦးချင်းဖတ်တာပေါ့။ Independent Reading လို့ ခေါ်ပါတယ်။ ဘာကို Message ပေးချင်တာလဲဆိုတော့ အတူတကွ စာဖတ်ခြင်းမှာ မွေ့လျော်သွားစေတဲ့ အဓိကရည်ရွယ်ချက်ပါ။ စာဖတ်ခြင်းကို မွေ့လျော်သွားဖို့ အငယ်လေးတွေမှ လုပ်လို့ရပါတယ်။ ဒါမှ သူတို့လေးတွေ အလေ့အကျင့် ဖြစ်လာမယ်။ ဒီလို အလေ့အကျင့်ဖြစ်လာ ပြီဆိုရင် နောက်ပိုင်းမှာ ဆရာ ဆရာမတွေ မတိုက် တွန်းရဘဲ သူတို့ဘာသာ စာကြည့်တိုက်ကို လာချင်တဲ့ ဆန္ဒဖြစ်လာမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ အဲဒီတော့ စာဖတ်ခြင်း အလေ့အထ၊ စာကြည့်တိုက်သွားတဲ့ ယဉ်ကျေးမှု တွေကို ပြန်လည်ထွန်းကားစေချင်တဲ့အတွက် အထူးသဖြင့် ကျောင်းစာကြည့်တိုက်တွေကို ပြန်လည်ထွန်းကားအောင် လုပ်ရခြင်း ရည်ရွယ် ချက် ဖြစ်ပါတယ်။


အစီအစဉ်မှူး ။ ။ ဒီစာကြည့်တိုက်တွေ အသုံးပြုလာတာနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်သင့်တာလေးတွေကိုလည်း ဆရာမက ဆက်ပြီးပြောပြပေးပါဦး။


ဒေါ်မြတ်စမ်းငြိမ်း ။ ။ စာကြည့်တိုက် အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေး စီမံချက်အပြင် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနနဲ့ ၂၀၁၇ ခုနှစ်မှာ ကျောင်း ၁၀ ကျောင်းမှာ ကျွန်မတို့ ပညာရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်ခဲ့ပါတယ်။ စာကြည့်တိုက်များ ပြန်လည်ရှင်သန် တိုးတက် ရေးဆိုပြီး သိသာတဲ့ Impact ကို ရရှိပါတယ်။ တချို့ကျောင်းတွေမှာဆိုရင် ၂၀၁၅ ခုနှစ်လောက် က စာဖတ်သူဦးရေ တစ်နှစ်ကို ၆၀ဝ ပဲရှိပါတယ်။ ၂၀၁၆ မှာဆိုရင် ၆၀ဝဝ။ ၂၀၁၇ ခုနှစ်မှာ ၇၀ဝဝ အထိ တိုးတက်လာတာ တွေ့ရပါတယ်။ တခြား ီအေေ တွေလည်း (၁၀ဝ ရာခိုင်နှုန်း) လောက်ကို တိုးတက်လာတာတွေ့ရပါတယ်။ ဒါဟာ Usage System distinct အမြဲကောက်နေကြတာ ဖြစ်ပါတယ်။


အဓိကက ကျောင်းမနေမီ အရွယ်ကလေး တွေကနေ စာဖတ်ခြင်း အလေ့အထကို မိဘတွေက အိမ်မှာပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို အလေ့အကျင့်ရှိသွားပြီဆိုရင် ကျောင်းစတက်တဲ့ အချိန်မှာ ကလေးတွေဟာ သိပ်ပြီး တိုက်တွန်းစရာ မလိုဘဲနဲ့ စာဖတ်စွမ်းရည်မြင့်လာမယ့် အခြေခံ ကောင်းတွေရလာမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကလေးတွေဟာ စာဖတ်ရတာ ပျော်လာမယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ တကယ်ကို အားကောင်းတဲ့ အစီအမံတွေကို ဒီ Let’s Read Porject နဲ့ ဆရာဒေါက်တာ သန့်သော်ကောင်းတို့ နဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံစာကြည့်တိုက် အသင်းကလည်း တစ်တပ်တစ်အား ဝိုင်းဝန်း ပူးပေါင်းပေးတာ ဖြစ်ပါတယ်။ ကလေးတွေအတွက် မှန်ကန်တဲ့ အဆိပ်အတောက်ကင်းတဲ့ စာပေများ ကို ကျွန်မတို့ စာကြည့်တိုက်မှူးများ ကိုယ်တိုင် ရွေးချယ်ပြီးတော့ ဝယ်ပေးထားတာ ဖြစ်ပါတယ်။ မိဘများ၊ ဆရာ ဆရာမများကိုလည်း ကျွန်မတို့က ဘယ်လိုရွေးချယ်ပြီး ဝယ်ပေးရမလဲဆိုတာပါ သင်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဆရာ ဆရာမတွေကလည်း ဘယ်လိုစာအုပ်မျိုး ရွေးချယ် သင့်သလဲ၊ ဘယ်လို စာအုပ်မျိုးကတော့ ဘယ် အတန်း၊ ဘယ် Grade Level လဲဆိုတာကို တစ်ခါတည်း သင်ပေးသွားတာ ဖြစ်ပါတယ်။


စာကြည့်တိုက်တစ်ခု တည်ရှိခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေ စာဖတ်ခြင်း အလေ့အထ တိုးတက်လာအောင်နဲ့ စာဖတ်စွမ်းရည်မြင့် လာအောင် ဖြစ်ပါတယ်။ ကျွန်မတို့ ဒီ Porject တွေ လုပ်တဲ့အခါမှာ ဘာလေ့လာရလဲဆိုတော့ စာဖတ်စွမ်းရည်ကို စာသင်ခန်းထဲမှာ သင်လို့ရတယ်။ စာဖတ်အလေ့အထကို စာကြည့်တိုက်မှာ ပဲ လုပ်လို့ရတယ်။ ဒါကို သိလာရတာ ဖြစ်ပါတယ်။ နောက်တစ်ခါ ကလေးတွေဟာ ဝေါဟာရကြွယ်လာတယ်။ ဝေါဟာရကြွယ်လာပြီ၊ ပြောတတ်လာ ပြီဆိုရင် သူတို့က လူကြားထဲမှာဖြစ်ဖြစ်၊ ကျောင်း Assembly ရှေ့မှာပဲဖြစ်ဖြစ် စကားပြောတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှုရှိလာမယ်။ မနေ့က အင်းစိန်မြို့နယ် ကျောင်းစာကြည့်တိုက် သွားတဲ့အခါ ကျောင်းအုပ်ကြီးက သူတို့ Assembly တိုင်းမှာ ကလေးတွေကို စာအုပ်တစ်အုပ်ဖတ်ပြီးတော့ အဲဒီစာအုပ်ကို ကလေးတစ်ယောက်စီကို ဘာစာအုပ်လဲဆိုတာ Book Review အနေနဲ့ ကလေးအားလုံးရှေ့၊ တစ်ကျောင်းလုံးရဲ့ရှေ့မှာ ပြန်ပြောပြတဲ့ အလေ့အထကို လုပ်ပေးနေတာ တွေ့ရတယ်။ ဒါအလွန်ကောင်းတဲ့ အလေ့အကျင့်လေးတစ်ခုပါ။ ဆက်ပြီးတော့ ကျောင်းတိုင်းပျိုးထောင်ပေးဖို့ လိုပါတယ်။


ဗဟုသုတတွေရမယ့်နေရာ အဓိက ကတော့ ကလေးတွေ၊ ကျောင်းသား ကျောင်းသူတွေ ပျော်ရွှင်ချမ်းမြေ့တဲ့ အတွေ့အကြုံ ခံစားရအောင် ကျွန်မတို့က ဒီစာကြည့်တိုက် ကလေးကို ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးလုပ်ရမယ့် အဆင့်ပါ။ နောက်တစ်ဆင့်က တော့ ကျောင်းသား ကျောင်းသူတစ်ဦးစီအတွက် စာကြည့်တိုက်ကို လာတဲ့အချိန်မှာ ထူးခြားတဲ့ ပျော်ရွှင်မှုကို သူတို့ခံစားသွားရမှာဖြစ်ပါတယ်။ သူတို့ပျော်ရွှင်ပြီဆိုရင် ထပ်ခါ ထပ်ခါ လာချင် မယ်။ ထပ်ခါထပ်ခါ စာဖတ်ချင်မယ်၊ အဲဒီလိုဖတ် တဲ့အခါမှာ အိမ်မှာရော ကျောင်းမှာပါ ဖတ်နေဖို့ လိုပါတယ်။ အိမ်မှာ အရေးကြီးဆုံးကတော့ မိဘ များပါပဲ။ မိဘတွေက သူတို့စာဖတ်နေတဲ့အချိန်မှာ အဟန့်အတားဖြစ်စေမယ့် မှားနေတယ်ဆိုတဲ့ ထောက်ပြမှုမျိုး မလုပ်ဘဲနဲ့ ကျောင်းမှာလည်း ဆရာ ဆရာမတွေက သူတို့ဖတ်နိုင်တဲ့အချိန်မှာ အဟန့် အတားဖြစ်စေတဲ့ စကားလုံးမျိုး၊ ဆူပူတဲ့စကား လုံးမျိုး မပြောဘဲနဲ့ စာဖတ်ခြင်းကို အနှောင့် အယှက်မဖြစ်စေဘဲ ဆက်လက်ပြီးတော့ စာဖတ် ပျော်လာအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒါဆိုရင် ဒီကျောင်းစာကြည့်တိုက်ဆိုတာက တကယ်ကို သူတို့အတွက်က အတွေ့အကြုံကောင်းတွေ၊ ဗဟု သုတတွေ၊ ပျော်ရွှင်မှုတွေရရှိမယ့် တကယ့်နေရာ တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ ။ 


သတင်းအဖွဲ့