စားသုံးသူအခွင့်အရေး အပြည့်အဝမရခဲ့ရင် တိုင်ကြားပါ

mdn

သတင်းဆောင်းပါး - ခင်ရတနာ

 

အမျိုးသမီးတစ်ဦးက သူသွားလိုသည့် နေရာတစ်ခုသို့ လိုက်ပါပို့ဆောင်ပေးရန်အတွက် အငှားယာဉ်တစ်စီးကို ၄၍စီးသွားသည်။ သို့သော် အငှားယာဉ်မောင်းက သွားလိုရာသို့ လိုက်ပါပို့ဆောင်ပေးရန် ပျက်ကွက်ခဲ့ပြီး အဆင်မပြေမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအငှားယာဉ် မောင်းက လုံခြုံဘေးကင်းမှုနှင့် စိတ်ကျေနပ်မှုကို မပေးအပ်ခြင်းသည် ခရီးသည်အတွက် စားသုံးသူ အခွင့်အရေး အပြည့်အဝမရရှိခြင်းပင် ဖြစ်သည်။

 

ထို့အတူ သက်တမ်းကုန်ဆုံးသည့် စားသောက်ကုန် တစ်ခုခုကို ဝယ်ယူစားသုံးမိသူတစ်ဦးအတွက် စားသုံးသူ အခွင့်အရေးများကို ဆုံးရှုံးသွားရသည်။ သို့သော် စားသုံး သူကာကွယ်ရေးဥပဒေအရ တိုင်ကြားနိုင်ပြီး စားသုံးသူ အခွင့်အရေးများကို ပြန်လည်တောင်းဆိုနိုင်သည်။

 

စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် ASEAN Economic Community (AEC) အာဆီယံစီးပွားရေး အသိုက်အဝန်းကြီး မဏ္ဍိုင်လေးရပ်ရှိသည့်အနက် ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားသော စီးပွားရေးဒေသ မဏ္ဍိုင်၌ ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ထားပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်ကတည်းက စားသုံးသူကာကွယ်ရေးကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် လက်တွဲကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်လျက် ရှိသည်။

 

mdn

 

ထို့ပြင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူ တကွ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ကို မြင်တွေ့ရသည်။

 

ကမ္ဘာ့ကုလသမဂ္ဂ၏ လမ်းညွှန်ချက်များအရ စားသုံး သူများ၏ အခြေခံအခွင့်အရေးများကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယင်းတို့မှာ -

(၁) စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရန် (The Right to Safety)

(၂) ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ရရှိ စေရန် (The Right to be informed)

(၃) ကုန်စည်နှင့် ဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိစေရန် (The Right to Choose)

(၄) ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နှစ်နာ ဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာ ခွင့်ရရှိစေရန် (The Right to be Heard)

(၅) ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍စားသုံးသူ၏ အခြေခံလိုအပ်ချက်များအပေါ် တွင် စိတ်ကျေနပ်မှုရရှိစေရန် (The Right to Satisfaction of basic Needs)

(၆) ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့်ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း ၍ ကုစားခွင့်ရရှိစေရန် (The Right toRedress)

(၇) ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာများ၊ အခွင့်အရေးနှင့် သတင်းအချက်အလက်များကို သိရှိလေ့လာ ခွင့်ရရှိစေရန် (The Right to ConsumerEducation)

(၈) ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်ခွင့်ရရှိစေရန်၊ (The Right to a Healthy Environment) တို့ ဖြစ်သည်။

 

စားသုံးသူရေးရာဦးစီးဌာနဆိုတာ စားသုံးသူရေးရာဦးစီးဌာနသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနတစ်ခုဖြစ်ပြီး စားသုံးသူများအတွက် ကုန်စည်၊ ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ လုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို အဓိကဆောင် ရွက်ပေးလျက်ရှိသည်။ ယင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် လျက်ရှိသည်။

 

“၂၀၁၁ ခုနှစ် ဇွန်လမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေ တာဝန်ယူဆောင်ရွက်ဖို့အတွက် တာဝန်ခံဌာနအဖြစ် နိုင်ငံတော်သမ္မတရုံးကနေ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေ ပိုမို ထိရောက်စွာ ဆောင်ရွက်ဖို့အတွက် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စားသုံးသူရေးရာဦးစီးဌာနအဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်” ဟု စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပြောပြသည်။

 

စစ်ဆေးရေးအရာရှိများ အဆင့်ဆင့်ထားရှိ

 

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြန်လည်၍ | ရေးဆွဲထားသည့် စားသုံးသူကာကွယ်ရေးဥပဒေအသစ်ကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ သည်။ တိုင်ကြားလာမှုများအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများစောင့်ကြည့်စစ်ဆေးနိုင် ရန်၊ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်ဆေးရေး အရာရှိ များ အဆင့် ဆင့် ထားရှိ ဆောင်ရွက်လျက်ရှိသည် ကို မြင်တွေ့ရသည်။

 

နှစ်စဉ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့သည်မှာ စတုတ္ထအကြိမ်သို့ ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ ကော်မတီ၏ အစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များတွင် အလှည့်ကျကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၇ ခုနှစ် အောက်တို ဘာလအတွင်း အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပနိုင်ခဲ့သည့် အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၌ကျင်းပသည့် အစည်း အဝေးများသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ က တက်ရောက်ဆွေးနွေးကြသည်။

 

“စားသုံးသူကာကွယ်ရေးဥပဒေနဲ့အညီ ပြည်ထောင်စု အစိုးရအဖွဲ့က မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး အဖြစ် ပါဝင်ပြီး အဖွဲ့ဝင် ၂၁ ဦးနဲ့ ၂၀၁၉ ခုနှစ် စက်တင် ဘာလ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်ရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပြောသည်။

 

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ တိုင်ကြားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လွယ်လင့်တကူ လက်ခံဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခရိုင်အဆင့်အထိ ဖွဲ့စည်းထားသည့်အပြင် www.doca. gov.mm နှင့် CICC - Nay Pyi Taw လူမှုကွန်ရက် စာမျက်နှာတို့မှတစ်ဆင့် ဝင်ရောက်တိုင်ကြားနိုင်ပြီး DOCA | Myanmar မိုဘိုင်းဖုန်း အက်ပလီကေးရှင်းမှတစ်ဆင့် လွယ်ကူစွာတိုင်ကြားနိုင်ရန်နှင့် အချက်အလက်များ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်ထားသည်။

 

စားသုံးသူအခွင့်အရေးကာကွယ်ပေး

 

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များကို စားသုံးသူပြည်သူများ သိရှိစေရန် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ် များ၊ ရပ်ကွက်နှင့် ကျေးရွာများ၊ တပ်ရင်းတပ်ဖွဲ့များ။ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်း များအား အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်တွင် ၇၅၄၄ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၆၆၉ ကြိမ်နှင့် ၂၀၁၉ ခုနှစ် တွင် ၅၉၁၅ ကြိမ်၊ ၂၀၂၀ ပြည့်နှစ် တွင် မတ်လအထိ အကြိမ်ပေါင်း ၁၃၂၀ စုစုပေါင်း ၂၁၄၆ ကြိမ်ခန့် ဆောင်ရွက်နိုင်ခဲ့သည်။

 

“အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆဒင်ရွက်နေသလို စားသုံးသူတွေကနေ ၎င်းတို့ ဆုံးရှုံးနစ်နာမှုတွေအတွက် တိုင်ကြားမှုတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကသုံးသူရေးရာကော်မတီ၊ ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော် မတီ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင် တို့က အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် ပေးလျက်သက်ဆိုင်ရာဝန်းတွေကနေ ဖြေရှင်းပေးရမယ့် တိုင်ကြား မှုတွေကို လွှဲပြောင်းပေးပြီး စားသုံးသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနေပါတယ်" ဟု ညွှန်ကြားရေး မှူးချုပ် ဦးမြင့်လွင်က ရှင်းလင်းပြောကြားသည်။

 

ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု(CTQM)မှ ပုဂ္ဂလိကလုပ်ငန်းရှင်များက အပ်နှံသည့် သီးနှံကုန်ပစ္စည်းများကို အရည်အသွေး ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် မူလစနစ် များအပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ULTRA Height Performance Liquid Chromatograph, Gas Chromatography - Flame lonization Detector (GC-FID) နှင့် Oven & Water Purification Systemi ၂၀၁၉ - ၂၀၂၀ နှစ်တွင် incubator တို့ကို ဝယ်ယူ ဖြည့်တင်း၍ ပြည်ပပို့ကုန်နှင့် သွင်းကုန်အမျိုးအစား ၆၅ မျိုး စစ်ဆေးနိုင်ခဲ့ကြောင်း၊ ယင်းဌာနမှ သိရ သည်။

 

ဓာတ်ခွဲစမ်းသပ်မှုများအနေဖြင့် ၂၀၁၉ - ၂၁၂ဝ တနှစ် အောက်တိုဘာလမှ ဒပြီလအထိ စမ်းသပ် စစ် ဆေးမှုပေါင်း ၁၅၁၁ ခုကို စစ်ဆေးစမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ စားသုံးသူရေးရာဦးစီးဌာန ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ပိုးသတ်ဆတ်ကြွင်းဓာတ်ခွဲခန်းကို နိုင်ငံတကာအသိ အမှတ်ပြု လက်မှတ် ISO/IEC 17025 ရရှိရေး UNIDO အကူအညီဖြင့် ဆောင်ရွက်လျက်ရှိရာ ၎င်းဓာတ်ခွဲခန်း၏ အရည်အသွေးမူဝါဒ (Quality Policy)ကို ရေးဆွဲနိုင်ခဲ့ပြီး လိုအပ်သည့်နည်းပညာများအတွက် ၂၀၁၉ ခုနှစ် မေလ တွင် UNIDO မှ ပိုးသတ်ဆေးဓာတ်ကြွင်းကျွမ်းကျင် ပညာရှင် Mr. Benci Glude က လိုအပ်သော ဘာသာရပ်များအတွက် စွမ်းဆောင်ရည် တည်ဆောက် ခြင်း၊ အရည်အသွေးကိုက်ညီမှုစစ်ဆေးသော ဓာတ်ခွဲခန်း များအတွက် သီးသန့်သတ်မှတ်ထားသော တိုက်ဆိုင် စစ်ဆေးခြင်း အသိအမှတ်ပြုလက်မှတ် (Proficiency Testing - FT) ကို နှစ်ကြိမ် အောင်မြင်ထားပြီးဖြစ် သည်။

 

mdn

 

တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရန်ကြိုးပမ်း

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှစတင်ကာ စားသုံးသူရေးရာဦးစီးဌာန(DOCA)၏ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု(လှည်းကူး)၌ မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်သန်း (Myanmar Natural Rubber Quality Testing Laboratory - MNROTL)ကို တည်ထောင်ထားပြီး ယင်းကို အပြည်ပြည် ဆိုင်ရာ ရော်ဘာအသင်း (International Rubber Association - IRA) အသိအမှတ်ပြု လက်မှတ်ရရှိရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO/IEC 17025 ရရှိရေးအတွက် ဆောင်ရွက်ထားသည်။

 

အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း (Intermational Rubber Association - IRA) ၏ အသိအမှတ်ပြု လက်မှတ်ရရှိရန်အတွက် ၂၀၁၆ ခုနှစ်ကတည်းက IRA အသင်းသို့ ဝင်ရောက်ထားခဲ့ပြီး ၎င်းမှကြီးမှူးကျင်းပသည့် အသင်းဝင်ဓာတ်ခွဲခန်းများ၏ သဘာဝရော်ဘာအရည် အသွေးစမ်းသပ်ခြင်း အရည်အချင်းစစ်ဆေးမှု အစီအစဉ် ap: (TSR Proficiency Testing (PT) Programme) တွင် သုံးကြိမ် အောင်မြင်ထားကြောင်း ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်လွင်ထံမှ သိရသည်။

 

၂၀၂၀ ပြည့်နှစ် မတ်လတွင် (၁၂) ကြိမ်မြောက် PT Programmed တွင် ဝင်ရောက် ဖြေဆိုထားပြီး အောင်မြင်ပါက IRA ၏ အသိအမှတ်ပြုလက်မှတ်ရရှိမည် ဖြစ်ပြီး ISO/IEC 17025 ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ARISE Plus (ASEAN Regional Integration Support by the European Union) ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် စားသုံးသူများ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အသုံးပြုမှုအန္တရာယ်မှ ကင်းရှင်းရေးဆောင်ရွက်ရန် ရည်ရွယ်လျက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အိမ်သုံးလျှပ်စစ်နှင့် အီလက် ထရောနစ်ပစ္စည်း  (Electrical and Electronic Equipment - EEE) နှင့်ပတ်သက်၍ “Consumer Protection (SafetyRequirements) Regulations” (မူကြမ်း) ရေးဆွဲနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနနှင့် ARISE Plus တို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်အတွင်း ARISE Plus မှ မြန်မာနိုင်ငံသို့ သုံးကြိမ်ခန့် လာရောက်ဆွေးနွေးခဲ့ပြီး ဌာနတွင်း မူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းကာ စည်းမျဉ်း (မူကြမ်း) အား ရေးဆွဲခဲ့ကြောင်း စားသုံးသူရေးရာဦးစီး ဌာနမှ သိရသည်။

 

အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း (Electrical and Electronic Equipment - EEE) နှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံ စိတ်ချရမှု လိုအပ်ချက်များ)ဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံထား ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ထံမှ သိရသည်။

 

တောင်သူများဘေးကင်းစေရေး

 

“စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ရာမှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးသုံးပိုးသတ်ဆေး၊ မှိုသတ် ဆေးနဲ့ ဓာတ်မြေသြဇာတွေကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ကိုင်တွယ်အသုံးပြုနိုင်ဖို့ စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းတွေကနေ ထပ်ဆင့်ပညာပေးဆောင်ရွက်သလို စားသောက်ကုန်တွေကို စားသုံးသူပြည်သူလူထု ဘေးဥပဒ် ကင်းကင်းနဲ့ သုံးစွဲနိုင်တဲ့အပြင် နိုင်ငံတကာဈေးကွက်ကိုပါ ထိုးဖောက်နိုင်တဲ့ အရည်အသွေးပြည့်မီတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်လာနိုင်ဖို့၊ စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေဖို့ CTQM မှာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်နဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွေမှာ ကုန်ပစ္စည်း အရည်အသွေးစီမံခန့်ခွဲမှု သင်တန်းနဲ့ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာ ကိုင်တွယ်အသုံးပြုမှုတွေ လေ့ကျင့်သင်ကြားပေးပါတယ်။ ဒီသင်တန်းတွေကို ဌာနက ဝန်ထမ်းတွေအပြင် MITS က ဝန်ထမ်းတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ရှင်းပြသည်။

 

အွန်လိုင်းမှတစ်ဆင့် အကူအညီပေး

 

စားသုံးသူရေးရာဦးစီးဌာန မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၊ စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအသင်းများနှင့် လှုပ်ရှားမှု များ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းစဉ် များနှင့် တိုင်ကြားမှုများအတွက် ဌာန၏ အင်တာနက် စာမျက်နှာကို ၂၀၁၈ ခုနှစ် မတ်လကတည်းက လွှင့်တင် ထားခဲ့ကြောင်း အဆိုပါဌဌာနမှ သိရသည်။

 

“စားသုံးသူပြည်သူတွေအနေနဲ့ နှစ်နာမှုတစ်စုံတစ်ရာ ကြုံတွေ့ရမယ်ဆိုရင် အွန်လိုင်းကနေ အလွယ်တကူ တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာပါတဲ့ Consumer Complaint System 908&progo ဖြည့်စွက်တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားသူတွေ အနေနဲ့ တိုင်ကြားစာတွေအပေါ် လက်ခံအရေးယူဆောင်ရွက်တဲ့ အခြေအနေတွေကို ဝက်ဘ်ဆိုက်ကနေ ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ဖို့ စီမံဆောင်ရွက်ထားပါတယ်။ စားသုံးသူရေးရာ S:8:9949. DOCA Myanmar" Mobile Application of Android OS Version အဖြစ် ၂၀၁၉ ခုနှစ် မတ်လကနေ စတင်ပြီး www.doca.gov.mm ဝက်ဘ်ဆိုက်နဲ့ Google Play Store တွေမှာ အခမဲ့ Download ရယူထားနိုင်ပါတယ်။ Mobile Application မှာ စားသုံးသူပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေ သိရှိသင့်တာတွေကို တင်ပြထားပါတယ်။ အဲဒီမှာလည်း တိုင်ကြားလို့ရတဲ့ Consumer Complaint System ပါဝင်တာ ကြောင့် အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ တိုင်ကြားနိုင်ပြီဖြစ်ပါတယ်”ဟု ညွှန်ကြားရေး မှူးချုပ် ဦးမြင့်လွင်က ပြောသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီလအထိ www.doca.gov.mm Website နှင့် mobile application တို့မှတစ်ဆင့် တိုင်ကြားမှုစုစုပေါင်း ၁၁၄၉ ခု လက်ခံရရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ အမျိုးသား စားသုံးသူကာကွယ်ရေး အစီအစဉ် (NCPP)ကို ရေးဆွဲလျက်ရှိပြီး ဆက်သွယ်ဆောင် ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အရ စားသုံးသူ ပြည်သူများနှင့် လုပ်ငန်းရှင်များသို့ အသိပညာပေးလိုသော သတင်းအချက်အလက်များ မီးမောင်းထိုးပြသနိုင်ရန် အတွက် မီဒီယာကမ်ပိန်းများ ပြုလုပ်ခြင်း၊ ပညာပေး ရုပ်သံ ဇာတ်လမ်းကို ထုတ်လွှင့်ခြင်း၊ အသိပညာပေးကာတွန်း ဇာတ်ကွက်များ ဖော်ပြခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်း အဆင့်ဆင့်တို့က ပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းများကြောင့် စားသုံးသူပြည်သူများအတွက် ပိုမိုထိရောက် သည့် အသိပညာများ ရရှိလာခဲ့သည်ကို မြင်တွေ့ရသည်။

 

မီဒီယာကမ်ပိန်းနှင့်ဇာတ်လမ်းတို့ဖြင့်ပညာပေး

 

၂၀၂၀ ပြည့်နှစ် မတ်လတွင် “ကုန်စည်လုံခြုံစိတ်ချရမှု အစ ကုန်အညွှန်းအမှတ်အသားက " ဆောင်ပုဒ်ဖြင့် မီဒီယာ ကမ်ပိန်းကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ လိုက်နာရမည့် အချက်များအား မီဒီယာများကိုရှင်းလင်းပြောကြားခဲ့သည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအသိပညာပေး Animation ဇာတ်လမ်းတိုကို မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသနိုင်ခဲ့သည်။

 

“စတင် ဖွဲ့စည်းခဲ့တဲ့အချိန်ကနေ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ လူဦးရေ ၅ ဒသမ ၅၄ သန်းကို အသိပညာပေးအပ်နိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးရှိ လူဦးရေ ၅၃ ဒသမ ၃၉ သန်း အပေါ် လွှမ်းခြုံနိုင်ခဲ့တယ်လို့ ပြောနိုင် ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ၁၀ ဒသမ ၃၈ ရာခိုင်နှုန်းရှိ ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူ တိုင်ကြားမှုတွေကို လက်ခံရာမှာ စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာတွေကို စားသုံးသူကိုယ်တိုင် လာရောက်တိုင်ကြား နိုင်တဲ့အပြင် တယ်လီဖုန်းကနေတစ်ဆင့် ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။ DOCA Myanmar Application ကနေ တိုင်ကြားနိုင်တဲ့အပြင် www.doca.gov.mm ကနေ တိုင်ကြားနိုင်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာနရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ မေးမြန်းနိုင်သလို မြန်မာ စားသုံးသူများသမဂ္ဂ(MCU)ကနေ တိုင်ကြားတာတွေကို လက်ခံဖြေရှင်းဆောင်ရွက်ပေးနေပါတယ်”ဟု ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်က ရှင်းပြသည်။

 

ထိုသို့ တိုင်ကြားမှုများအပေါ်ဖြေရှင်းဆောင်ရွက်မှု များတွင် ၂၀၁၇ ခုနှစ်တွင် ၆၇ မှု၊ ၂၀၁၈ ခုနှစ်တွင် ၄၀၁ မှူး ၂၀၁၉ ခုနှစ်တွင် ၁၁၁၆ မှုနှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ အထိ ၅၈၃ မှု စုစုပေါင်း ၂၁၆၇ မှုကို ဖြေရှင်းဆောင် ရွက်ပေးနိုင်ခဲ့သည်။

 

စားသုံးသူတို့ဒါတွေသိကြပြီလား

 

စားသုံးသူများဘက်မှလည်း သိရှိထားသင့်သည့် အချက်အလက်များစွာရှိပြီး ယင်းတို့ကိုလည်း သိရှိ နားလည်သဘောပေါက်ထားမှသာ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေမည် ဖြစ်သည်။ ယင်းတို့မှာ -

(က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

(ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့်တန်ဖိုးနှင့်အညီ ပေးချေခြင်း၊

(ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊

(ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ်လူထု ဆက်သွယ်ရေးနည်းလမ်းများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ် ခြင်းတို့ကို လိုက်နာကြရန် လိုအပ်သည်။

 

“စားသုံးသူရေးရာဦးစီးဌာန်းစားသုံးသူရေးရာဌာနခွဲ။ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီ တွေအနေနဲ့ စားသုံးသူတွေနဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို သုံးစွဲရာကနေ လိမ်လည်လှည့်ဖြားမှု မခံရစေဖို့အတွက် ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူရေးရာဌာနခွဲ ဝန်ထမ်းတွေဟာ စားသုံးသူတွေရဲ့ မေးခွန်းတွေကို ကူညီ ဖြေဆိုပေးဖို့ အသင့်ရှိပါတယ်။ ဒါကြောင့် မည်သူမဆို စားသုံးသူကာကွယ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို မေးမြန်းလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဌာနက ပုဂ္ဂိုလ်ရေးရာ၊ မိသားစု သို့မဟုတ် အိမ်ထောင်စုအတွက် ရည်ရွယ်ချက်နဲ့ ဝယ်ယူသုံးစွဲတဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့တိုင်ကြားမှုတွေ သို့မဟုတ် ဒီလိုရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တဲ့ကြော်ငြာ၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့နဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေကိုသာ ဖြေရှင်းဆောင်ရွက် ပေးရန် အခွင့်အာဏာရှိပါတယ်။ အချို့ တိုင်ကြားမှုတွေမှာ အခြား သက်ဆိုင်ရာဌာနတွေရဲ့ ဆုံးဖြတ်ခွင့်အာဏာ အတွင်း ကျရောက်မယ်ဆိုရင် ဌာနကနေ သင့်တော်တဲ့ ရွေးချယ်မှုတွေပြုလုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်"ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ရှင်းပြသည်။

 

လူတိုင်းသည် စားသုံးသူများဖြစ်ကြပြီး စားသုံးသူ တိုင်းသည် စားသုံးသူအခွင့်အရေး အပြည့်အဝရရှိနိုင်ကြရ မည်ဖြစ်သည်။ ထိုကဲ့သို့ စားသုံးသူများ၏ နစ်နာမှုများ အတွက် စားသုံးသူရေးရာဦးစီးဌာနသည် ဖြေရှင်းကူညီရန် အသင့်ရှိနေပြီး အကာအကွယ်များလည်း ပေးအပ် နေပြီဖြစ်ပါကြောင်း။