စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားတွင် ရှေးဟောင်းသမိုင်းဝင် ပေစာ၊ ပုရပိုက်စာများ၊ ရှားပါးစာအုပ်များ ခင်းကျင်းပြသမည်

၁၉ ဒီဇင်ဘာ

 

“စာတတ်သူတိုင်း စာဖတ်ရေး အားလုံးပါဝင်ကူညီပေး” ခေါင်းစဉ်ဖြင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်ရှိ မြန်မာ ‘စာတတ်သူတိုင်း စာဖတ်ရေး အားလုံးပါဝင်ကူညီပေး’ ခေါင်းစဉ်ဖြင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရေးအတွက် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရေးအတွက် အားပေးလှုံ့ဆော်သည့်အနေဖြင့် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

 

အဆိုပါ အခမ်းအနားတွင် ပြခန်းများ ပါဝင်ပြသမည့်အခြေအနေ၊ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ သည့် အခြေအနေတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

 

ဦးအေးကြွယ်(ဒုတိယညွှန်ကြားရေးမှူးချုပ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးဌာန

 

စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီပွဲတော်ကြီးအောင်မြင်စွာကျင်းပဖို့ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ဒီအခမ်းအနားမှာ ပြခန်းပေါင်း ၃၆ ခန်း ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ ဒီလိုခင်းကျင်းပြသတဲ့ ပြခန်းတွေမှာ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေးလှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်းတွေပါမယ်။ ရှေးဟောင်းသမိုင်းဝင် ပေစာ၊ ပုရပိုက်စာတွေနဲ့ ရှားပါးစာအုပ်တွေလည်း ခင်းကျင်းပြသမှာဖြစ်ပါတယ်။

 

ပြီးတော့ ပြည်သူတွေ စာဖတ်တဲ့ အလေ့အထ ပေါ်ပေါက်လာအောင် ခေတ်အဆက်ဆက်က ကြိုးပမ်းဆောင် ရွက်ခဲ့တဲ့ သမိုင်းတွေလည်း ပြသမှာ ဖြစ်ပါတယ်။ ဒီပြခန်း ၃၆ ခန်းကလည်း ခင်းကျင်းပြသဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ဆွေးနွေးပွဲ ငါးပွဲ ပါဝင်မှာဖြစ်ပြီးတော့ စာတမ်းသုံးစောင် ဖတ်ကြားသွားမှာ ဖြစ်ပါ တယ်။ အခုဆိုရင် အခမ်းအနားစတင် ကျင်းပဖို့အတွက် အားလုံးအဆင်သင့် ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

 

ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီ မှာဖွင့်ပွဲအခမ်းအနားစတင်မှာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို အပိုင်း နှစ်ပိုင်းနဲ့ ကျင်းပမှာဖြစ်ပါတယ်။ အခမ်းအနား အပိုင်းတစ်အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားမှာဖြစ်ပါတယ်။ အစီအစဉ်ဒုတိယပိုင်းမှာတော့ မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ စာကြည့်တိုက်တွေထဲကမှ ဆန်းသစ်တီထွင်မှု အကောင်းဆုံးသော စာကြည့်တိုက် ၂၀ ကို ရွေးချယ် ပြီးတော့ ဆုများပေးအပ်ချီးမြှင့်သွားပါမယ်။ ပြန်ကြားရေးဝန်ကြီး၊ ပညာရေးဝန်ကြီးနဲ့ စာကြည့်တိုက်မှူးတွေ ကလည်း အမှာစကားပြောကြားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဒီမှာခင်းကျင်း ပြသထားတဲ့ ပြခန်းတွေကိုလှည့်လည် ကြည့်ရှုအားပေးမှာ ဖြစ်ပါတယ်။

 

နေ့လယ်ပိုင်း အစီအစဉ်တွေမှာတော့ MBAPF နဲ့ Ooredoo တို့က MoU လက်မှတ်ရေးထိုးပါမယ်။ Ooredoo က စာကြည့်တိုက်ပေါင်း ၁၅၀ ကို Unlimited Data အသုံးပြုခွင့်ပေးတဲ့ ထောက်ပံ့မှုတွေပါတယ်။ ကျေးရွာစာကြည့်တိုက်တွေ၊ Community စာကြည့်တိုက်တွေ ထောက်ပံ့မှုတွေအတွက် ဒီပွဲမှာ MoU လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။ ပြီးရင် ဆွေးနွေးပွဲသုံးခုကျင်းပမှာ ဖြစ်ပါတယ်။ လူထုအခြေပြု စာကြည့် တိုက်တွေကနေ လူထုအခြေပြု စင်တာတွေ ဖြစ်ပေါ်လာအောင် ပြောင်းလဲဆောင်ရွက်ရမယ့် ကိစ္စရပ် တွေကိုဆွေးနွေးမှာ ဖြစ်ပါတယ်။ လူတိုင်းစာပေဖတ်ရှုဖို့အတွက် စာဖတ်တဲ့အလေ့အထတွေ ပေါ်ပေါက်လာ အောင် ဆွေးနွေးကြမှာဖြစ်ပါတယ်။ 

 

ဒီဇင်ဘာ ၂၁ ရက်မှာတော့စာတမ်းသုံးစောင်ဖတ်ကြားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲ နှစ်ခုကျင်းပမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျောင်းစာကြည့်တိုက်တွေနဲ့ ပတ်သက်တဲ့ကိစ္စ ဖြစ်ပါတယ်။ လူတွေစာဖတ်ဖို့ အလေ့အထတွေ ပြန့်ပွားဖို့ဆိုရင် အခြေခံအကျဆုံး လုပ်ငန်းကကျောင်းစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ လူငယ်တွေ စာကြည့်တိုက်ကို အသုံးပြုဖို့လည်း လိုပါတယ်။ လူငယ်တွေ စာကြည့်တိုက် ယဉ်ကျေးမှုနဲ့ စာကြည့် တိုက်အသုံးပြုတဲ့ ဓလေ့တွေ ပြန့်ပွား လာအောင် စာတမ်းတွေကို တစ်ဖက်က ဖတ်ရှုရမှာဖြစ်သလို တစ်ဖက်က လည်း စာဖတ်ရှိန်မြှင့်တင်ဖို့အတွက် လိုအပ်နေတဲ့ အချက်အလက်တွေကို စာတမ်းဖတ်ကြားမှာဖြစ်ပါတယ်။

 

ဆွေးနွေးပွဲမှာ ပြည်သူတွေ စာဖတ်တဲ့အလေ့အထတွေ ပေါ်ပေါက်လာဖို့အတွက် ကြုံတွေ့နေရတဲ့ အခက်အခဲ နဲ့ ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ကိုတက်ရောက်လာတဲ့ စာကြည့်တိုက်မှူးတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးက တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီးတော့ အဖြေရှာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီပွဲတော်ကြီးမှာ ဆွေးနွေးပွဲတွေပါမယ်။ စာတမ်းဖတ်ပွဲတွေပါမယ်။ ဒါ့အပြင် ပြခန်းတွေလည်း ပါမှာဖြစ်တဲ့အတွက် ကြောင့် အားလုံးလာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒေါ်စောနန်းနွယ် (ညွှန်ကြားရေးမှူး) အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန 

 

အမျိုးသားမှတ်တမ်းများမော်ကွန်း တိုက်ဦးစီးဌာနအနေနဲ့ ဒီပြပွဲမှာအပိုင်း နှစ်ပိုင်းနဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ ပထမပိုင်းက ကျွန်မတို့ ဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး လုပ်ငန်းတွေ ဆောင်ရွက်တယ်၊ ဘယ်လိုမျိုး မှတ်တမ်းမော်ကွန်းတွေ ထိန်းသိမ်းထားတယ်ဆိုတာ ပြသသွား မှာဖြစ်ပါတယ်။ မော်ကွန်းမှတ်တမ်း တွေက နိုင်ငံတော်ရဲ့ အဖိုးဖြတ်လို့ မရနိုင်တဲ့ ပိုင်ဆိုင်မှုတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအထောက် အထားတွေ၊ စာချုပ်စာတမ်းတွေကို ပြသသွားမှာပါ။

 

ဒုတိယပိုင်းက ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရရဲ့ မှတ်တမ်း မော်ကွန်း အထောက်အထားတွေကို ထိန်းသိမ်းတဲ့နည်းပညာပါ။ အခုက Computerization နည်းနဲ့ ထိန်း သိမ်းတယ်။ ဒီလိုနည်းတွေနဲ့ မထိန်း သိမ်းခင်က Microfilm နည်းနဲ့ ထိန်းသိမ်းတယ်။ ဒီလို Microfilm နဲ့ ထိန်းသိမ်းတာတွေကိုလည်း အခု Computerization နည်းနဲ့ Digital Format ပြောင်းလဲပြီးတော့ သိမ်းဆည်းထားပါတယ်။ အဲဒီလိုအပိုင်း နှစ်ပိုင်းနဲ့ ဆောင်ရွက်နေပါတယ်။ ဒီအပိုင်းလေးတွေကို ပြသသွားမှာပြါတယ်။

 

နိုင်ငံတော်ရဲ့ ပိုင်ဆိုင်မှုတွေ၊ စာချုပ်စာတမ်းတွေ၊ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ လုပ်ငန်းဆောင်ရွက် ချက်တွေ၊ စီမံကိန်းတွေ၊ စီမံချက်တွေကိုလည်း ထိန်းသိမ်းထားပါတယ်။ ဒီဟာတွေက အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် လာရောက် လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒေါ်သန္တာထွေး(ညွှန်ကြားရေးမှူး) လူမှုဝန်ထမ်းဦးစီးဌာန

 

ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့ကတော့ စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားမှာ သန်စွမ်းသူတွေသာမကဘဲ မသန်စွမ်းတဲ့သူတွေကလည်း စာတတ်အောင် ဆောင်ရွက်ပေးနေပုံ၊ သူတို့ကိုယ်တိုင် ဘယ်လိုစာဖတ်နေသလဲဆိုတာတွေကို ပြည်သူတွေကိုအသိပညာပေးဖို့ ပါဝင်ရခြင်းဖြစ်ပါတယ်။ သန်စွမ်းတဲ့ သူတွေလိုပဲ မသန်စွမ်းတဲ့သူတွေကလည်း ကိုယ့်ရဲ့ တတ်နိုင်တဲ့အားနဲ့ စာတတ်မြောက်ဖို့ ဘယ်လိုကြိုးစား ဆောင်ရွက်နေတယ်ဆိုတာကို လာရောက်ပြီးတော့ လေ့လာစေချင်ပါ တယ်။ ပြီးတော့ မသန်စွမ်းတဲ့သူတွေအနေနဲ့ သန်စွမ်းတဲ့သူတွေလိုပဲ အားလုံးပါဝင်နိုင်ဖို့ အရေးကိုလည်း ပူးပေါင်းပြီး ဆောင်ရွက်ပေးကြဖို့ ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။

 

ဒေါက်တာလှိုင်လှိုင်ကြီး (စာကြည့်တိုက်မှူး) 

 

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ကျွန်မတို့ပြခန်းမှာ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်နဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် နှစ်ခုပေါင်းပြီး ပြသသွားမှာ ဖြစ်ပါတယ်။ ပြခန်းမှာ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် အနေနဲ့ မှတ်တမ်းဓာတ်ပုံတွေ ပါပါမယ်၊ ကုန်းဘောင်ခေတ် ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေကိုဖော်ကျူးတဲ့ ပုရပိုက်ကို ကာလာပုံတူကူးထားတဲ့ ပုံတွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်အနေနဲ့ ခေတ်အဆက်ဆက် သုတေသနဂျာနယ်တွေကို ပြသသွားမှာဖြစ်ပါတယ်။ ပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ Ph.D ကျမ်းပြုထားတဲ့ ကျမ်းတွေထဲကလည်း ရွေးချယ်ပြီး ပြသပါမယ်။ နာမည်ကျော်ကြားတဲ့ စာရေးဆရာကြီး တွေဖြစ်ကြတဲ့ မင်းသုဝဏ်၊ ဆရာ ဇော်ဂျီ၊ မြသန်းတင့်၊ တက္ကသိုလ် ဘုန်းနိုင်၊ သခင်ကိုယ်တော်မှိုင်းတို့ရဲ့ လက်ရေးစာမူတွေ၊ Biography တွေ၊ ဓာတ်ပုံတွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။ “ဝ”၊ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ စာအုပ်တွေကိုလည်းပြသမယ်။ ပြီးတော့ အတ္ထုပ္ပတ္တိစာအုပ်တွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။ 

 

လူငယ်တွေဟာ ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့ ပညာရေးစနစ်တွေကို လေ့လာနိုင်ဖို့နဲ့ သူတို့ရဲ့ အရည်အသွေးတွေ မြင့်မားလာစေဖို့ ရည်ရွယ်ပြသ ခြင်းဖြစ်ပါတယ်။ စာတတ်သူတိုင်း စာဖတ်ရေးအခမ်းအနားမှာ စာတမ်းဖတ်ပွဲ လည်းပါပါတယ်။ အဲဒီစာတမ်းဖတ်ပွဲမှာ ကျွန်မအနေနဲ့ လူငယ်နှင့် စာကြည့် တိုက်ယဉ်ကျေးမှုဆိုတဲ့ စာတမ်းကိုပါဝင်ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ 

 

ဒေါ်သစ်သစ်ခိုင်(ဒုတိယညွှန်ကြားရေးမှူး) အခြေခံပညာဦးစီးဌာန 

 

ပြခန်းအနေနဲ့ အခြေခံပညာဦးစီးဌာနက စာဖတ်ကြစို့စီမံချက်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကလေးမိတ်ဆွေစာကြည့်တိုက်ပုံစံလေးကို ပြသသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကလေးတွေနဲ့အတူတူ စာဖတ်ခြင်းလုပ်ငန်းတွေကို ဘယ်လိုတွေလုပ်နေတယ်၊ စာကြည့်တိုက်လှုပ်ရှားမှုတွေ ဘယ်လိုလုပ်နေတယ်ဆိုတာကိုလည်း သရုပ်ပြသွားမှာဖြစ်ပါတယ်။

 

ပြခန်းအနေနဲ့ အခြေခံပညာဦးစီးဌာနက စာဖတ်ကြစို့စီမံချက်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကလေးမိတ်ဆွေစာကြည့်တိုက်ပုံစံလေးကို ပြသသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကလေးတွေနဲ့အတူတူ စာဖတ်ခြင်း လုပ်ငန်းတွေကို ဘယ်လိုတွေလုပ်နေတယ်၊ စာကြည့်တိုက်လှုပ်ရှားမှုတွေ ဘယ်လို လုပ်နေတယ်ဆိုတာကိုလည်း သရုပ်ပြသွားမှာဖြစ်ပါတယ်။ ကလေးမိတ်ဆွေစာကြည့်တိုက်က မူလတန်းအဆင့် ကလေးတွေအတွက် အဓိကရည်ရွယ်ပြီးလုပ်တဲ့ စာကြည့်တိုက်လေးဖြစ်တဲ့အတွက် ဒီပြခန်းမှာလည်း စာအုပ်အမျိုးအစားတွေကို စတစ်ကာအရောင်လေးတွေနဲ့ ခွဲခြားပေးထားပါ တယ်။ Grade-1 ကလေးတွေ ဖတ်ဖို့အတွက်ဆိုရင် အနီရောင်စတစ်ကာ၊ Grade -2 ဆိုရင် အစိမ်းရောင်၊ Grade -3ဆိုအပြာရောင်၊ Grade -4ဆို အဖြူရောင်၊ Grade -5 ဆို အဝါရောင်၊ Grade -6ဆို အနက်ရောင်ဆိုပြီး Grade အလိုက် စာအုပ်စင်တွေမှာ စာအုပ်တွေကိုအရောင်ခွဲထားတဲ့ စတစ်ကာတွေ ကပ်ပေးထားပါတယ်။ ကလေးတွေ ရွေးချယ်ဖတ်ရှုနိုင်ဖို့ပါ။ 

 

ကလေးတွေက ငယ်ရွယ်စဉ်ဘဝကတည်းကနေ စာဖတ်တတ်တဲ့အလေ့ အကျင့်တွေရဖို့လိုပါတယ်။ စာဖတ်မှလည်း အသိဉာဏ် ဗဟုသုတတွေကြွယ်ဝလာမယ်၊ တခြားလိုအပ်တဲ့ စွမ်းရည်အမျိုးမျိုးကိုလည်း စာပေကနေတစ်ဆင့်ရရှိလာမှာဖြစ်ပါတယ်၊ ကလေးဘဝကတည်းက စာဖတ်တတ်တဲ့အလေ့အကျင့် ရရှိဖို့အတွက် ကျောင်းစာကြည့်တိုက်တွေမှာကလေးတွေ စာဖတ်တတ်ဖို့ အလေ့အကျင့်ကို စပြီးလေ့ကျင့်ပေးရမှာပါ။ ဒါကြောင့်မို့ ကျွန်မတို့က ကျောင်းစာကြည့်တိုက်တွေ တည်ထောင်ပေးတယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မိတ်ဖက်စာကြည့်တိုက်အဖွဲ့တွေနဲ့ လုပ်နေတယ်၊ အဓိကက ကလေးတွေဟာ စာဖတ်ခြင်းလုပ်ငန်းမှာပျော်ရွှင်ပြီးတော့ စာကြည့်တိုက်ကို သူတို့လာမယ်၊ စာဖတ်မယ်၊ စာကြည့်တိုက်တွေဟာ သူတို့ရဲ့ မိတ်ဆွေဖြစ်နေဖို့၊ မိတ်ဆွေဆန်တဲ့ စာကြည့်တိုက်ပုံစံတွေ ဖြစ်နေဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

 

ဟန်လင်း၊ လူမော် 
ဓာတ်ပုံ-ကျော်ဇင်ထိုက်