စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၂ ပေခွဲခန့်ကျော်လွန်

နေပြည်တော် ၁၉ သြဂုတ်

 

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ လက်ရှိရေမှတ်မှ နောက် (၂)ရက် အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိ ပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။


MDN