စေတုတ္တရာတွင် ချင်းမျိုးနွယ်စုအလိုက် ဒေသခံစာပေသင်ကြားပေးနိုင်ရေး ရှေ့လုပ်ငန်းစဉ်များ ချပြရှင်းလင်း

စေတုတ္တရာ ၁၃    သြဂုတ်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ချင်းမျိုးနွယ်စုအလိုက် ဒေသခံစာပေ သင်ကြား ပေးနိုင် ရေး ရှေ့လုပ်ငန်းစဉ်များ ချပြရှင်းလင်းပွဲ အခမ်းအနားကို သြဂုတ် ၁၂ ရက် နံနက် ၈ နာရီ်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ရှင်းလင်းပွဲ စီစဉ်ဦးဆောင်သူ ဦးတင်မင်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ချင်းတိုင်းရင်းသားရေးရာ ချင်းဝန်ကြီး ဦးလှထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးတို့က ချင်းမျိုးနွယ်စုအလိုက် ဒေသခံစာပေနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ရာ ချင်းပုံချင်းစာပေနှင့် မင်းကျချင်းစာပေ ဦးဆောင်သူများမှ မျိုးနွယ်စုအလိုက် စာပေ သင်ကြားခြင်းနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)