ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၁၆ ဇန်နဝါရီ

 

ဆီဆိုင်မြို့နယ်၊ ပန်အွန်းကျေးရွာ တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၃ ဧကအား ဆီဆိုင်ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး တင်ဝင်းအောင် ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီကလည်းကောင်း၊ အလားတူ ဟိုပုံးမြို့နယ်၊ ဒုံလိတန်ကျေးရွာ၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၈ ဧကအားလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN