ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

နေပြည်တော် ၇  ဇန်နဝါရီ 

 

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ရုံးအမှတ်-၂) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို Chief Information Officer (CIO)များ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။      

 

မောင်မောင်မျိုး