ဆိုနီက တီထွင်လိုက်တဲ့ စက်ရုပ်ရဲခွေးကို အိမ်မှာ အစောင့်ထားနိုင်ပြီ

၂၉ ဇန်နဝါရီ

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဆိုနီက တီထွင်လိုက်တဲ့ ခွေးပေါက်စလေးအရွယ် အီဘို စက်ရုပ်ခွေးလေးတစ်ခုကို ဈေးကွက်နဲ့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အီဘို စက်ရုပ်ခွေးလေးမှာ ဉာဏ်ရည်တု ပါရှိသလို ကင်မရာတပ်ဆင်ထားပြီး အင်တာနက်အွန်လိုင်းကနေ ဆက်သွယ်နိုင်ပါတယ်။ အီဘို က မိသားစုဝင်တွေ ဘာလုပ်နေလဲ၊ ကလေးငယ်တွေ ဘာလုပ်နေလဲ နောက်ဆုံး အိမ်မွေးတိရိစ္ဆာန်လေးတွေ ဘာလုပ်နေလဲဆိုတာအထိပါ စစ်ဆေးပေးနိုင်ပါတယ်။

 

mdn

 

အီဘိုစက်ရုပ်ခွေးလေးကို ရဲတပ်သား ဦးထုတ်ကို ဆောင်းပေးထားပါတယ်။ အီဘိုရဲ့နားရွက်ကြီးကြီးက အောက်ကို တွဲကျနေပါတယ်။ အီဘိုရဲ့ မျက်လုံးတွေက LED မျက်လုံးလေးများက အိမ်တစ်အိမ်လုံးကို လှည့်ပတ်ကြည့်နေတဲ့ ပုံစံရှိနေပါတယ်။

ဒါပေမယ့် အီဘိုရဲ့ တန်ဖိုးကတော့ ဈေးမသေးဘူးလို့ ဆိုနိုင်ပါတယ်။ တစ်ရုပ်ကို အမေရိကန်ဒေါ်လာ ၃၀ဝ၀ တန်ဖိုးပေးရပြီး ၃ နှစ်စာ သိုလှောင်နိုင်တဲ့ ဒေတာတွေနဲ့ ဆော့ဝဲပါရှိတာကို တွေ့ရပါတယ်။

အီဘိုဝယ်ယူထားသူတွေက စမတ်ဖုန်းကနေ တစ်ဆင့် တိုးတက်ပြောင်းလဲမှုတွေကို နောက်လကနေစပြီး ရရှိတော့မှာဖြစ်ပါတယ်။

 

mdn

 

အီဘိုစက်ရုပ်ခွေးလေးစီမံကိန်းရဲ့ အကြီးအကဲ အီဇူမီ ကာဝါနီရှီက “သုံးစွဲသူတွေအနေနဲ့ အိမ်မှာရှိတဲ့ လူတွေ အထူးသဖြင့် ကျောင်းကနေ အပြန်အိမ်မှာ ကလေးတွေ ဘာလုပ်နေလဲဆိုတာကို စစ်ဆေးနိုင်ပြီ။ အီဘိုနဲ့ အတူနေထိုင်ခြင်းအားဖြင့် အိမ်မှာ ပိုလုံခြုံမှုရှိလာပြီး ပျော်ရွှင်မှုရှိလာအောင် ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါတယ်။” လို့ပြောပါတယ်။

အသက်ကြီးတဲ့လူဦးရေး များပြားလာတာနဲ့အမျှ တစ်ဦးတည်း တစ်ယောက်တည်းနေထိုင်တဲ့ အသက်အရွယ်ကြီးတဲ့လူကြီးတွေကို အွန်လိုင်း အင်တာနက်ကနေတစ်ဆင့် စောင့်ရှောက်နိုင်ရေးအတွက်  တီထွင်မှုလို့ ဆိုနိုင်ပါတယ်။

MDN
ကိုးကား- AFP

 

mdn