ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး မြို့နယ်အဆင့် အသိပေးဆွေးနွေး

တောင်သာ ၁၅ ဇန်နဝါရီ


၂၀၁၉ ခုနှစ်အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့် အသိပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက အမှာစကား ပြောကြားခဲ့သည်။ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာချိုချိုးဝင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးကျော်ကျော်ဦးတို့က ဆင်ခြေထောက်ရောဂါအကြောင်း သိကောင်းစရာများ ရှင်းလင်း ပြောကြားခဲ့သည်။


ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို တောင်သာမြို့ပေါ် ရပ်ကွက် ၆ ခုနှင့် ကျေးရွာ ၇၇ ရွာ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၈၃ အုပ်စုကို ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက် နေ့ အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်မျိုးနိုင်(တောင်သာ)