စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဘီးလင်း ၉ ဇန်နဝါရီ

ဘီးလင်းမြို့နယ်တွင် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားသည်။ 

ယင်းနောက် UNDP ဘီးလင်းမြို့နယ်တာဝန်ခံ ဦးမျိုးအောင်က စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဦးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဦးစီးဌာနအလိုက် စီမံကိန်း အဆိုပြုလွှာတင်ပြထားမှုများကို ချပြရှင်းလင်းခဲ့သည်။

ထို့နောက်  မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ထည့်သွင်းရေးဆွဲလိုသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးနှင့် ဦးမင်းမင်းဦးတို့က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ကာ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(မြို့နယ် ပြန်/ဆက်)

 

mdn