စိုက်ပျိုးမွေးမြူရေး၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် လျှပ်စစ်ပစ္စည်းပြပွဲ ပြုလုပ်မည်

ရန်ကုန် မေ ၃



စိုက်ပျိုးမွေးမြူရေး၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် လျှပ်စစ်ပစ္စည်းပြပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း  Silver Sea ကုမ္ပဏီထံမှ သိရသည်။

 

အဆိုပါပြပွဲကြီးကို  ဇွန် ၂၈ ရက်မှ   ၃၀ ရက်ထိ ၃ရက်တိုင်တိုင် မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ် ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ- YCC Yangon Convention Centre တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဝင်ကြေးအခမဲ့ဖြစ်ကြောင်း ကနဦးစီစဉ်ထားချက်အရ သိရသည်။


ကျွန်ဝော်တို့ လာမယ့် ဇွန်လ ၂၈၊ ၂၉ ၊ ၃၀ မှာ ပြပွဲတစ်ပွဲလုပ်ဖို့ ရှိတယ်ပေါ့။ အဓိက စိုက်ပျိူးမွေးမြူ ရေးပွဲ၊ ဟိုတယ်၊ စားသောက်တိုင်၊ ကဖေးပြပွဲ။ နောက် အဲဒါနဲ့တွဲပြီးတော့ လျှပ်စစ်နဲ့ စက်ပစ္စည်းပြပွဲပေါ့။ အဲ့ဒါကတော့ ဆန်စက်တို့၊ ဆီစက်တို့၊ ဂျင်နရေဝာတာတို့ နောက်ဆိုလာပါဝါတို့ လျှပ်စစ်တို့ပါမယ်ပေါ့” ဟု ပွဲစီစဉ်သည့် Silver Sea တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


အဆိုပါပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ စိုက်ပျိူးရေးနှင့်မွေးမြူရေးမှ အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ အသိပညာများရရှိနိုင်ခြင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကဖေးဆိုင်များအတွက်လည်း အကျိုးကျေးဇူးများရရှိနိုင်ရန်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ စားသောက်ကုန်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးထိုမှတဆင့် စက်ရုံအလုပ်ရုံနှက့် ပွဲရုံများသို့ ရောက်ရှိကာ ကုန်ချောအဖြစ် ပြန်လည်ရောင်းချခြင်းဖြစ်ကာ အဆင့်ဆင့်တိုင်းတွင်လျှပ်စစ် လိုအပ်သည့်အတွက် ယခုကဲ့သို့ တစ်ပါတည်း ချိတ်ဆက်ပြသခြင်းဖြစ်ကြောင်း သိရသည်။



ပြီးခဲ့သည့် မတ်လအတွင်းကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်အတွက် လျှပ်စစ်နှင့် ပြန်ပြည့်မြဲစွမ်းအင်ပြပွဲ Myanmar Electrical Power & Green Energy Expo 2024ကို မတ်လ ၂၉ ရက် မှ ၃၁ ရက်အထိ YCC Yangon Convention Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Thit Taw