စက်လှေတိမ်းမှောက်ရာတွင် ချောင်းရေဖြင့် မျောပါသွားသော ကျောင်းသူ(၄)ဦးအနက် တစ်ဦး သေဆုံးလျှက်တွေ့ရှိ

မင်းတုန်း ၁၃  ဇူလိုင် 


    
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် ယမန်နေ့က ကူးတို့စက်လှေ တိမ်းမှောက်ခဲ့ပြီး ကျောင်းသူ(၄)ဦး မင်းတုန်းချောင်းရေဖြင့် မျောပါသွားခဲ့သည်။ ကျောင်းသူများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ပြန်လည်ရှာဖွေလျက်ရှိရာ  ယနေ့နံနက်  ၁၀ နာရီတွင် ကင်းပုန်ကိုင်းကျေးရွာအနီး၌ တစ်ဦးအား သေဆုံးလျှက်  ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။


    
ရေစီးဖြင့် မျောပါသွားသူများ အသက်ရှင်ရန် မျှော်လင့်ချက် နည်းပါးသော်လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးခင်ဇော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးစိန်သောင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် ပရဟိတအဖွဲများနှင့် ပူးပေါင်း၍ ချောင်းရိုးတစ်လျှောက် စက်လှေ (၅)စီးဖြင့် ရှာဖွေ လျှက်ရှိသည်။ 

 

ယမန်နေ့က တိမ်းမှောက်သွားသော ကူးတို့စက်လှေမောင်းနှင်သူ ဇာနည်အောင်အား မင်းတုန်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်းလည်း သိရသည်။

 

ချင်းကလေး(မင်းတုန်း)

 

1