စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို နိုင်ငံတကာစက်မှုနည်းပညာပြပွဲ ပြိုင်ပွဲအား ကြည့်ရှုအားပေး

ရန်ကုန်  ၂၇  ဇန်နဝါရီ 

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် စက်မှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် (၆) ကြိမ်မြောက် နိုင်ငံတကာစက်မှု နည်းပညာပြပွဲ၊ တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။ 

 

111

 

ရှေးဦးစွာ အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်သည်။ 

 

Upload DSC

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြပွဲတွင် ခင်းကျင်း ပြသထားသည့် စက်မှုလုပ်ငန်း ပြခန်းများနှင့် စက်မှုနည်းပညာတီထွင် ဖန်တီးမှုပြိုင်ပွဲတွင် ပြသထားသည့် တီထွင်ဆန်းသစ်မှုများနှင့် စက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

 

DSC_01

 

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်း၍ ကျင်းပလာခဲ့သည်မှာ (၆) ကြိမ် မြောက်ရှိခဲ့ပြီး ယခုပြပွဲတွင်  စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် စက်မှုလုပ်ငန်းများမှ အရည် အသွေးမြင့် ထုတ်လုပ်နေမှုများကို မိတ်ဆက်ပြသရောင်းချခြင်း၊ ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကကုမ္ပဏီများ၏  ထုတ်ကုန်ပစ္စည်းများကို မိတ်ဆက်ပြသ၍  ရှင်းလင်းပြသထားရာတွင် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော မော်တော်ယာဉ် အမျိုးမျိုးနှင့် တင်သွင်း လျှပ်စစ်မော်တော်ယာဉ်များ၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်လာမှု၏ ရလဒ်တစ်ခုဖြစ်သော 3D Printer များကို ကိုယ်တိုင်ဖန်တီး ထုတ်လုပ်၍ ပုံစံငယ် model များထုတ်လုပ်ခြင်း၊ CNC စက်များဖြင့် ပုံစံသစ်အမျိုးမျိုး ဖန်တီး ထုတ်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာအမျိုးမျိုး၊ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုး၊ တန်ဖိုးမြှင့် ထုတ်လုပ်မှုနည်းပညာများ၊ ပုဂ္ဂလိက အခန်းကဏ္ဍတိုးမြှင့်ပေးရန် ပူးပေါင်းဆောင်ရွက်ပေးရေးတို့ကို ရှေးရှု၍ ပြပွဲကို ကျင်းပခြင်းဖြစ်သည်။ 

 

နည်းပညာအသုံးပြု၍ Value Added ထုတ်ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်နိုင်ရန်၊ နိုင်ငံသားတိုင်း၏ တီထွင်ဖန်တီးမှုစိတ်ကူး၊ စိတ်သန်းများကို မြှင့်တင်ပေးရန်၊ လက်တွေ့အပြင် လောကတွင် အမှန်တကယ် အသုံးချနိုင်သည့် အဆင့်ရောက်စေရန် ရည်ရွယ်၍ Inventor Award စက်မှုနည်းပညာတီထွင် ဖန်တီးခြင်းများကို ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာများ မိတ်ဆက်ပြသနိုင်ခြင်း၊ နိုင်ငံတကာနည်းပညာများနှင့် ပြည်တွင်း နည်းပညာများကို အပြန်အလှန်ချိတ်ဆက်၍ ကဏ္ဍအသီးသီးတွင် ပြည်သူလူထုများ ပိုမိုပါဝင်လာစေခြင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အဆင့်မြင့် နည်းပညာများဖြင့် ထုတ်လုပ်မှု စွမ်းအားပိုမိုတွင် ကျယ်လာ စေခြင်းဖြင့်  နိုင်ငံတော်အတွက် အသုံးချနိုင်သောတီထွင်ဖန်တီးမှုများ ထွက်ပေါ်လာ စေရန်ဖြစ်သည်။

 

စက်မှုနည်းပညာပြပွဲတွင် စက်မှုနည်းပညာများကို အခြေခံကာနည်းပညာ အမျိုးမျိုးသုံး၍ စက်မှုနည်းပညာ တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲအား အဆင့်(၄)မျိုး ကျင်းပခဲ့ပြီး အလွတ်တန်းအဆင့်၊ နည်းပညာ တက္ကသိုလ်အဆင့်၊ နည်းပညာကောလိပ်အဆင့်၊ နည်းပညာအထက်တန်းကျောင်း၊ စက်မှုသင်တန်းကျောင်း အဆင့်ဟူ၍ ခွဲခြားကျင်းပခဲ့ပြီး  ပြိုင်ပွဲတွင် အတန်းလိုက် ဆုရရှိသူများအား ပြပွဲနောက်ဆုံးရက်တွင် ဆုချီးမြှင့်သွားမည် ဖြစ်သည်။

 

စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုများဖြင့် နည်းပညာဆန်းသစ်၍ စွန့်ဦးတီထွင် လိုစိတ်ရှိလာပြီး မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်နှင့် သတ္တိ၊ လုံ့လနှင့် ဇွဲ၊ ဝီရိယတို့ကို ပိုမိုမြှင့်တင်လာစေရန် စီမံဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

DSC_0158