Covid-19 နှင့် ဆောက်လုပ်ရေး ဆက်စပ် ကဏ္ဍများ

mdn

သတင်းဆောင်းပါး - ေဒါက်တာကျော်လင်း

 

Covid-19 ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ဆောက်လုပ်ရေးကုမ္ပဏီများ ပြိုလဲမည့်အခြေအနေမှ ရှောင်ရှားနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ FIDIC အဖွဲ့အစည်းမှ ၂ဝ၂ဝ မတ်လနှင့် ဧပြီလများတွင် Guide Line ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍတွင် အခြားနိုင်ငံခြား တိုင်းပြည်များ၏ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ကွဲပြားသည့် အခြေအနေရှိပါသည်။ မြန်မာဆောက်လုပ်ရေး ကုမ္ပဏီများသည် အင်ဂျင်နီယာများ၊ စတိုဝန်ထမ်း၊ ရုံးဝန်ထမ်းများကိုသာ ကုမ္ပဏီဝန်ထမ်းအဖြစ်ခန့်ထား၍ လက်သမား ပန်းရန်၊ သံချည်သံကွေး၊ ဆေးသုတ်၊ ရေ၊ မီးလုပ်ငန်းများကို ပုတ်ပြတ်လုပ်ငန်း၊ တန်စားပေစားနှုန်းဖြင့် ပေးချေခြင်း၊ ကျင်းစား စနစ်ဖြင့် ပေးချေခြင်းတို့ကို ဆောင်ရွက်ကြပါသည်။ သို့ဖြစ်ရာ Covid-19 ကြောင့် ဆောက်လုပ်ရေးကဏ္ဍတွင် အခြေခံလုပ်သားများအပေါ် သက်ရောက်မှုသည် ကုမ္ပဏီများမှတစ်ဆင့် သက်ရောက်မှုနည်းပြီး အခြေခံအလုပ်သမားများကို တိုက်ရိုက်သက်ရောက်မှုက အများစုဖြစ်နေပါသည်။

 

သွင်းအားစုများ ပြတ်တောက်ခြင်း၊ စုပုံနေခြင်း

 

Covid-19 ကြောင့် ပြည်ပနိုင်ငံများတွင် ကုန်ကြမ်းပစ္စည်းများအပေါ် သက်ရောက်မှုက ပုံစံအမျိုးမျိုး ရှိနေသလို မြန်မာနိုင်ငံတွင်လည်း ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများအပေါ် သက်ရောက်မှုသည် ပစ္စည်းအမျိုးအမည်ပေါ် မူတည်၍ ကွဲပြားနေပါသည်။

 

သံချောင်း

 

MS. Rod အသုံးသည် မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် တစ်လလျှင် ပျမ်းမျှ တန် ၈၀၀၀၀ မှ တန် ၁၀၀၀၀၀ ကြားတွင် လစဉ် demand ရှိသော်လည်း Covid-19 သက်ရောက်မှုကြောင့် ယခုမေလတွင် Demand 40 ရာခိုင်နှုန်း လျော့ကျနေပါသည်။ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလမှစ၍ သံချောင်း Demand မူလအခြေအနေပြန်ရောက်မည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။ လတ်တလော အခြေအနေတွင် Covid-19 မတိုင်မီ အခြေအနေထက် သံချောင်း ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနေပါသည်။

mdn

 

ဘိလပ်မြေ

 

ပြည်ပမှ တင်သွင်းသော ဘိလပ်မြေပြတ်လပ်မှုရှိသော်လည်း ပြည်တွင်း တံဆိပ် ဘိလပ်မြေများကို အစားထိုးသုံးစွဲ နေကြသဖြင့် ဘိလပ်မြေဈေးကွက် တည်ငြိမ်မှုရှိနေပါသည်။ လက်ရှိအခြေအနေတွင် ဘိလပ်မြေ Demand မှာ ယမန်နှစ်အခြေအနေနှင့် နှိုင်းယှဉ်လျှင် ၃၀ ရာခိုင်နှုန်းခန့် လျော့ကျနေသည်ဟု ဘိလပ်မြေထုတ်လုပ်သူများ အသင်းမှ သိရှိရပါသည်။ ဘိလပ်မြေဈေးနှုန်းများ တည်ငြိမ်နေပါသည်။

mdn

 

ဘိလပ်မြေ ပြည်ပမှတင်သွင်းမှု လျော့ကျမှုကြောင့် ပြည်တွင်းစက်ရုံများအတွက် ဈေးကွက်ဝေစု ပိုမိုရလာ နေပါသည်။ ပြည်တွင်းစက်ရုံများသည် အရည်အသွေးတိုးတက်ရေးအတွက် ဦးစားပေးလာကြ၍ ပြည်ပဘိလပ်မြေ အသုံးလျော့လာပါသည်။

 

ခွဲကျောက်၊ ရွယ်စေ့ငယ်ကျောက်

 

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့၏ ခွဲကျောက်လိုအပ်ချက်နှင့် ရွယ်စေ့ငယ်ကျောက်လိုအပ်ချက် တို့ကို မွန်ပြည်နယ်၊ မုပ္ပလင်ကျောက်မိုင်းများနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အဓိကရရှိနေပြီး မန္တလေး တိုင်းဒေသကြီးမှလည်း ရရှိပါသည်။ မုပ္ပလင်ကျောက်မိုင်းကြီး (၁၃) ခုတွင်ရှိသော ကျောက်ပမာဏမှာ ၂၀၁၉ ခုနှစ်တွင် ကျင်းပေါင်း (၉) သိန်းခန့်ထွက်ပြီး ယခုမေလ တစ်လထဲတွင် တစ်သိန်းကျော် အထိ တိုးတက်ထုတ်လုပ်လျက်ရှိရာ ခွဲကျောက် လိုအပ် ချက်မှာ ဈေးကွက်တွင် မြင့်တက်နေပါသည်။ 

 

(ကျင်း)

mdn


 

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေး ဖော်ဆောင်ပေးမည့်အစီအစဉ်အရ ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံတော်ဘဏ္ဍာ သုံးစွဲရန်ရှိနေရာ လာမည့်ပွင့်လင်းရာသီ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ခွဲကျောက်နှင့် ရွယ်စေ့ ငယ်ကျောက် လိုအပ်ချက်သည် ယမန်နှစ်က Demand ထက် မြင့်လာမည်မှာ သေချာနေပါသည်။ ခွဲကျောက်၊ ရွယ်စေ့ငယ် ကျောက်မိုင်းအသစ်များ ပေါ်လာရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက စည်းမျဉ်းများ ဖြေလျှော့ပေးရန် လိုအပ်ပါသည်။

 

 အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ်များ

 

အောက်ပါဇယားသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေးကော်မတီများမှ ခွင့်ပြုထားသော  နှစ်အလိုက် အိမ်ဆောက်ခွင့်ပါမစ်များ ခွင့်ပြုထားသော စာရင်းဖြစ်ပါသည် -

 

mdn

 

ယခုအခါ covid-19 သက်ရောက်မှုကြောင့် အိမ်ဆောက်ခွင့်ပါမစ်တင်ပြခြင်းမှာ မရှိသလောက် ရပ်ဆိုင်းသွားရာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ပစ္စည်း Demand များ လျော့ကျသွားမည် ဖြစ်သလို ကျွမ်းကျင်လုပ်သားနှင့် အထွေထွေလုပ်သားများလည်း ပိုလျှံလာနိုင်ပါသည်။ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) မှ ခွင့်ပြုချက်ပေးပြီး တည်ဆောက်ဆဲအထပ်မြင့်စီမံကိန်း (၅၉)ခု ရှိရာ ၎င်းစီမံကိန်းများမှာမူ ဆက်လက်လည်ပတ် ဆောင်ရွက်နေကြ သလို အချို့မှာ မကြာခင်စတင်တော့မည် ဖြစ်ပါသည်။

 

နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းစဉ်များ

 

နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်အလိုက် ပြည်ထောင်စုဝန်ကြီးဌာနများသည် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများကို အောက်ပါအတိုင်း နှစ်အလိုက် ဆောင်ရွက်ခဲ့ကြပါသည်-

 

mdn

 

နိုင်ငံတော်၏ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ပိုပိုလာနိုင်ပါသည်။ ယင်းလုပ်ငန်းများထဲတွင် နိုင်ငံခြချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများလည်း ပါရှိပါသည်။

 

ဆောက်လုပ်ရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများ ဟိုတယ်များ တည်ဆောက်မှု

 

၂၀၁၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာသည်နှင့်အမျှ ဟိုတယ်အခန်း လိုအပ်ချက် များပြားလာမှုကြောင့် ဟိုတယ်များကို အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့ကြသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့၏ ဟိုတယ်အခန်းများ တိုးတက်လာမှုကို အောက်ပါဇယားတွင် တွေ့ရှိရပါသည် -

 

mdn

 

Covid-19 သာ မဖြစ်ခဲ့လျှင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ဝင်ပေါက်အမျိုးမျိုးမှ ပြည်ပခရီးသည် ငါးသန်းကျော် အထိ တိုးတက်ဝင်ရောက်လာနိုင်သဖြင့် ဟိုတယ်အခန်းတွေ လိုအပ်ချက်ကြောင့် ဈေးကွက်တွင် ဟိုတယ်များစွာ တည်ဆောက်ကြမည်ဖြစ်သော်လည်း ယခု Covid-19 အခြေအနေကြောင့် ပြောင်းပြန်အခြေအနေသို့ ရောက်သွားနိုင် ပါသည်။ ဟိုတယ်အသစ်တည်ဆောက်ရန် ခွင့်ပြုချက်ရယူထားသူများပင်လျှင် အခြေအနေကို စောင့်ကြည့်ရမည့် အနေအထားရှိနေပါသည်။

 

ဟိုတယ်ခန်း၊ ရုံးခန်းနှင့် ကွန်ဒိုခန်းများ တည်ဆောက်မှု

 

၂၀၁၁ မှ စ၍ မြန်မာနိုင်ငံသို့ ပြည်ပခရီးသည်ဝင်ရောက်မှုမြင့်လာခြင်း၊ နိုင်ငံခြားကုမ္ပဏီများအခြေစိုက်လာခြင်း တို့ကြောင့် ဟိုတယ်အသစ် တည် ဆက်မှု၊ ရုံးခန်းငှားရမ်းရန်၊ အဆင့်မြင့်လူနေခန်းငှားရန် ကွန်ဒိုတည်ဆောက် မှု၊ အဆင့်မြင့် Service Building တည်ဆောက်မှုများ တစ်နှစ်ပြီး တစ်နှစ် တိုးတက်တည်ဆောက်ခဲ့သည်ကို အောက်ပါဇယားတွင် တွေ့နိုင်ပါသည်-

mdn

mdn

mdn

 

Covid-19 မတိုင်မီ ရန်ကုန်လေဆိပ်မှတစ်နှစ်လျှင် နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ၁ ဒသမ၈ သန်းအထိ တိုးတက်လာပါသည်။ ၎င်းတို့၏ ၁ ဒသမ ၁ သန်းသည် ကမ္ဘာလှည့်ခရီးသည်အနေဖြင့် လည်းကောင်း ၀ ဒသမ ၇ သန်းသည် အလုပ်လုပ်ကိုင်ရန်လည်းကောင်း ဝင်ရောက်လာရာ ၎င်းတို့အတွက် ဟိုတယ်ခန်းအရေ အတွက်သည်လည်းကောင်း၊ ရုံးခန်းနှင့် ကွန်ဒိုတိုက်ခန်း အရေအတွက်သည်လည်းကောင်း၊ မျှခြေ အခြေအနေ ဖြစ်သည်ဟု ယူဆပါသည်။ Covid-19 အလွန်ကာလတွင် ကမ္ဘာလှည့်ခရီးသည်အရေအတွက် လျော့ကျမှုဖြစ်လာမည် ဖြစ်သော်လည်း အလုပ်လုပ်ကိုင်ရန် ဝင်ရောက်သည့် နိုင်ငံခြားသားအရေအတွက်မှာ လျော့ကျခြင်းမဖြစ်နိုင်၊ အနည်းငယ် တိုးလာ နိုင်သည်ဟု CMR မှ ခန့်မှန်းထားပါသည်။ ဟိုတယ်အသစ်တည်ဆောက်မှုမှာ Coid အလွန်တွင် ရပ်နေနိုင်သော် လည်း နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ရုံးခန်းတည်ဆောက်ခြင်း၊ ကွန်ဒိုခန်းတည်ဆောက်ခြင်းများကတော့ ဆက်လက်ရှိနေမည်ဟု CMR မှ ခန့်မှန်းထားပါသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် Land Development Project အဆိုပြု တင်ပြမှုများကတော့ Covid-19 အလွန်ကာလတွင် ဆက်လက်တိုးတက်နေဦးမည်ဟု ခန့်မှန်းပါသည်။

 

မြို့ပြအိမ်ရာကဏ္ဍ

 

မြို့ပြအိမ်ရာကဏ္ဍနှင့်ပတ်သက်၍ World Bank မှ အောက်ပါအတိုင်း သုံးသပ်ထားပါသည် -

 

(က) မြန်မာနိုင်ငံတွင် ယနေ့ အချိန် မြို့ပြများတွင် လူဦးရေ ၁၅ သန်းခန့်နေထိုင်လျက်ရှိနေပြီး ၂၀၅၀ တွင် မြို့ပြများတွင် လူဦးရေ ၃၂ သန်းအထိ တိုးမြှင့်နေထိုင်လာကြမည်ဟု ခန့်မှန်းထားပါသည်။ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ကျေးလက်မှမြို့ပြသို့ ပြောင်းရွှေ့ နေထိုင်လာကြမည်ဖြစ်ပါသည်။

 

(ခ) ယင်းမြို့ပြများအနက် GDP အမြင့်ဆုံးဖြစ်သော ရန်ကုန်မြို့သည်နှစ်စဉ် လူဦးရေတိုးတက်နှုန်း ၂ရာခိုင်နှုန်းဖြင့် လျင်မြန်စွာ ကြီးထွား လျက်ရှိရာ နေစရာအိမ်ခန်း၊ လာပို့ဆောင်ရေးစနစ်၊ ရေနှင့် သန့်ရှင်းရေး စွန့်ပစ်အမှိုက်၊ မီးရရှိရေး စသော အခြေခံ Urban Services များ မလုံလောက်မှုကြောင့်  ရာသီဥတုနှင့် ရောဂါဒဏ်ကြောင့် ထိခိုက်နိုင်ခြေ မြင့်တက်လျက်ရှိပါသည်။ မိုးများခြင်း၊ ရေကြီးခြင်း၊ ရေရှားခြင်းနှင့် ငလျင်ဘေးဒဏ်ကဲ့သို့ သဘာဝဘေး အန္တရာယ်များနှင့် ကိုက်ညီသော Urban Services နှင့် Infrastructure Network များ တည်ဆောက်နိုင်ခြင်း မရှိသေးသည့်အတွက် မြန်မာနိုင်ငံသည် ရသီဥတုဒဏ် အခံရဆုံးနိုင်ငံများ စာရင်းတွင် တတိယမြောက်နိုင်ငံအဖြစ် (3RT Rank ) ပါဝင်လျက်ရှိပါသည်။

 

(ဂ) ကမ္ဘာတစ်လွှား Supply Chain ရပ်တန့်နေမှုကြောင့် ရန်ကုန်မြို့၏ ကဏ္ဍပေါင်းစုံတွင် အလုပ်သမား ၆၀၀၀၀ မှ ၈၀၀၀၀ ခန့်အထိ အလုပ်ဆုံးရှုံးခြင်းများအပြင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသော အလုပ်လက်မဲ့ဦးရေ တိုးပွားနေသည်။ ထိုအခြေအနေတွင် အိမ်ရာ/နေအိမ် လိုအပ်ချက် မြင့်တက်နေသော်လည်း အိမ်ရာဝယ်ယူလိုသူ ကျဆင်းခြင်း ဖြစ်နေပါသည်။

 

မြို့ပြအိမ်ရာကဏ္ဍနှင့် CERP

 

CERP ပန်းတိုင် (၄)တွင် “ အိမ်ထောင်စုများအပေါ် သက်ရောက်မှု လျော့ပါး စေခြင်း” ခေါင်းစဉ်ဖြင့် Action Plan များ ချမှတ်ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားခလျှော့ချပေးခြင်း၊ အခြေခံစားသောက်ကုန်များ ပံ့ပိုး ပေးခြင်း၊ MCCT အကျိုးခံစားခွင့်ပေးခြင်း၊ အထိခိုက်အလွယ်ဆုံး အိမ်ထောင်စုများအား  ငွေကြေးထောက်ပံ့ခြင်း တို့ဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိပါသည်။

အခြေခံလုပ်သားများ၊ လက်လုပ်လက်စားများ နေထိုင်ရေးအတွက် အငှားအိမ်ရာ၊ အရစ်ကျ အရောင်းအိမ်ရာ စီမံကိန်းများကတော့ CERP ပန်းတိုင် (၃)  Action Plan ၃.ဝ.၂ (က)အရ ရေရှည်စီမံကိန်းအဖြစ် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 

ဆောက်လုပ်ရေးကုမ္ပဏီများနှင့် Cash Flow

 

FIDIC Cash Flow ပြေလည်စေမည့် နည်းလမ်းများ အကြံပြုထားသော်လည်း မြန်မာနိုင်ငံအခြေအနေနှင့် တိုက်ရိုက်မကိုက်ညီနိုင်ပါ။ လစာပေး ရေး၊ စက်ငှားရမ်းခများလျှော့ပေးရေး၊ ရုံးခန်းနှင့် အခြားရမ်းခများ လျှော့ပေး ရေးအတွက် သက်ဆိုင်ရာဝန်ထမ်းများ၊ ပိုင်ရှင်များနှင့် ညှိနှိုင်း၍ ရနိုင်သော်လည်း လည်ပတ်ငွေအတွက် ဘတ်ဂျက်ချေးငွေကို မှီခိုရမည့်အခြေအနေရှိနေသည်။ ယခုအချိန်တွင် ရှယ်ယာများ ထုတ်ရောင်းခြင်းဖြင့် ပြေလည်မှုမရနိုင်ပါ။ အစိုးရ၊ ကန်ထရိုက်လုပ်ငန်းများတွင် ဆောင်ရွက်နေသူများအတွက် လုပ်ငန်းပြီးစီးမှု အပေါ်မူတည်၍ ငွေကြေး မြန်မြန်ဆန်ဆန်ထုတ်ယူမှုရအောင် ဌာဆိုင်ရာများက ဆောင်ရွက်ပေးကြရမည်ဖြစ်သလို စာချုပ်တွင်ပါရှိသည့် Performance Guarantee အပေါ်မူတည်ကာ (down payment) ကြိုငွေပေးချေသည့် နည်းလမ်းဖြင့်လည်း ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ကြရပါမည်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသည့် ဖြည့်စွက်ရန်ပုံငွေလုပ်ငန်းများ အမြန်ဆုံး တင်ဒါခေါ်ယူနိုင်ရန် လည်းကောင်း၊ လာမည့် ဇူလိုင်လတွင် စတင်မည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ် လုပ်ငန်းများကိုသတင်းစာများတွင် တင်ဒါစတင်ကြော်ငြာနိုင်ရန်လည်းကောင်း၊ ဌာနဆိုင်ရာများက အမြန်ဆုံးဆောင်ရွက်ကြရပါမည်။ CERP ပန်းတိုင် (၂)တို့ ဖြင့်လည်း ပုဂ္ဂလိကလုပ်ငန်းများကို နိုင်ငံတော်အဆင့် ကူညီပေးရန်ရှိပါသည်။

 

စည်းမျဉ်း ဥပဒေ၊ မူဝါဒပြင်ဆင်မှုများ

 

ဘဏ်တိုးနှုန်းကို ၃ ရခိုင်နှုန်းအထိ လျှော့ချခြင်းသည် ငွေကြေးကဏ္ဍတွင် အထူးသိသာသည့် စည်းမျဉ်းပြင်ဆင် ပေးမှုဖြစ်သည်။ ထို့အတူ CERPတွင် ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့၍ စီးပွားရေးဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးလျက်ရှိနေပါသည်။ ဗီယက်နမ်နိုင်ငံတွင် ကွန်ဒိုမီနီယမ် ဥပဒေကို ဖြေလျှော့ပေးရန် စီစဉ်လျက် ရှိပါသည်။ မြန်မာနိုင်ငံ ကွန်ဒိုမီနီယမ် ဥပဒေကိုလည်း Covid-19 အပြီးတွင် ပြင်ပအခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် ပြင်ဆင်ရပါမည်။

 

နိဂုံး

 

Covid-19 ကြောင့် နေအိမ် အိမ်ခန်း ဝယ်လိုမှုများ ရပ်တန့်သွားသည်။ ရင်းနှီးမြှုပ်နှံရန်ဝယ်မည့်သူများမရှိဘဲ အမှန်လိုအပ်၍ နေထိုင်မည့်သူများသာ ဝယ်မည့်အခြေအနေဖြစ်နေသည်။ ထိုသူများကလည်းဈေးထပ်ကျဦးမည် ထင်၍ အခြေအနေကို စောင့်ကြည့်နေကြသည်။ ဘဏ်ချေးငွေ ရင်းနှီး၍ အဆောက် အအုံ ဆောက်လုပ်ရောင်းချသူများအတွက် ဘဏ်တိုးရာခိုင်နှုန်း လျှော့ချ ပေးသည်တိုင် ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိနေမည့် အခြေအနေ ဖြစ်သည်။ ဆောက်လုပ်ရေးဆိုင်ရာ စက်ယန္တရားများရောင်းချခြင်း၊ ငှားရမ်း ခြင်းလုပ်ငန်းများက လတ်တလော ရပ်ဆိုင်းနေသော်လည်း လာမည့် စက်တင် ဘာ နှောင်းပိုင်းတွင် ပုံမှန်အခြေအနေ ပြန်ရောက်လာနိုင်ပါသည်။

 

P.P.P စီမံကိန်းများကို စည်းမျဉ်းများ လျှော့ချ၍ ခွင့်ပြုပေးလျက်ရှိရာ ယခုအချိန် အခါသည် အနာဂတ်ကို မျှော်၍ PPP လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရမည့်အချိန်အခါဖြစ်သည်။ အစိုးရလုပ်ငန်းနှင့် နိုင်ငံခြားချေးငွေ လုပ်ငန်းများတွင် တင်ဒါယှဉ်ပြိုင်ဆောင်ရွက်သူများကတော့ လက်ရှိအခြေ အနေတွင် ကုန်ကြမ်းစုဆောင်းနိုင်မှုနှင့် ကျွမ်းကျင်လုပ်သား ခန့်ထားမှုတို့ကို ချိန်ဆဆောင်ရွက်ကြရသည်။

 

အချုပ်အားဖြင့် တင်ပြရလျှင် Covid-19 ၏ သက်ရောက်မှုကြောင့် ဟိုတယ်ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စက်မှုထုတ်ကုန်ကဏ္ဍတို့တွင် သက်ရောက် မှုကြီးစွာ ရှိခဲ့ပါသည်။ ဆောက်လုပ်ရေးကဏ္ဍတွင်တော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ မှုအပိုင်းနှင့် အိမ်ခြံမြေကဏ္ဍတွင်သာ သက်ရောက်မှုကြီးနေပြီး ဆောက်လုပ် ရေးကုမ္ပဏီအများစုကတော့ Covid-19 ကြောင့် ထိခိုက်မှုရှိသော်လည်း SME များဖြစ်သည့်အပြင် အစိုးရတင်ဒါလုပ်ငန်းများကို မှီခို ဆောင်ရွက်ခြင်းကြောင့် အခြေကဏ္ဍများကို ထိခိုက်သလောက် မပြင်းထန်ပါ။ လက်ရှိ တိုင်းပြည်၏ အလုပ်လက်မဲ့မြင့်မားမှု အခြေအနေကို ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံတော် ဘတ်ဂျက်ဖြင့်လည်းကောင်း၊ PPP အစီအစဉ်ဖြင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါသည်။ ။