စူပါဟီးရိုးတွေကို ပုံဖော်ခဲ့သူ စတန်လီ ကွယ်လွန်

၁၃ နိုဝင်ဘာ 

 

စပိုက်ဒါမန်း၊ အိုင်းယွန်းမန်း စတဲ့ စူပါဟီးရိုးဇာတ်ကောင်တွေကို ပုံဖော်ခဲ့သူ၊ မာဘယ် ကာတွန်းဇာတ်ကောင်တွေရဲ့ ဖန်တီးရှင် စတန်လီ  မနေ့က လော့အန်းဂျလိစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။ 

 

 

မာဘယ် နဲ့ ဝေါဒစ်စနေရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးတွဲထုတ်ပြန်လိုက်တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာထဲမှာ သူတို့အနေနဲ့ စိတ်မကောင်းကြောင်း၊ လီရဲ့ သမီးနဲ့ ညီတို့ နဲ့ထပ်ထူ ဝမ်းနည်ကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် မာဘယ်ဇာတ်ဆောင်တွေကို ကြည့်လိုက်တိုင်း စတန်လီဟာ ရှိနေမယ်။ သူ့ရဲ့ဖန်တီးမှုတွေအတွက် ဂုဏ်ယူကြောင်း အဲဒီစာထဲမှာ ပါရှိပါတယ်။

 

 

စတန်လီကို ၁၉၂၂ ခုနစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရိုမေးနီးယားမှပြောင်းရွှေ့လာတဲ့ ဂျူးမိသားစုတစ်စုမှ မွေးဖွားခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ သူဟာ မာဘယ်ကုမ္ပဏီနဲ့ ဆွေမျိုးတော်စပ်သူ ပိုင်ဆိုင်တဲ့ timely ထုတ်လုပ်ရေးရဲ့ ကာတွန်းဇာတ်ကောင် ထုတ်လုပ်ရေးဌာနမှာ အလုပ်ဝင်လုပ်ခဲ့ရာ အသက် ၁၈ နှစ်အရောက်မှာ အဲဒီဌာနရဲ့ အယ်ဒီတာ တာဝန်ကို ထမ်းဆောင်ခွင့်ခဲ့ရသူ ဖြစ်ပါတယ်။ 

 

 

အသက် ၄၀ အရွယ်မှာ သူ့ဇနီးသည်ရဲ့တိုက်တွန်းမှုကြောင့် သူလုပ်ချင်နေတဲ့ ဇာတ်ကောင်ဖန်တီးမှုကို စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။  သူ့ဇနီး ဂျိုဟန်ဟာ ၂၀၁၇ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။ 

 

MDN