ဒေးဒရဲ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီဖူလုံစေရေးအတွက် ဒေသခံတောင်သူများက စပါးစိုက်ပျိုးမှုအပြင် ဆီထွက်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိစေရေး ရည်ရွယ်၍ မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ စံပြစိုက်ခင်းငါးဧကတွင် ဆောင်းနေကြာရေဆင်းစပ်မျိုး (၁) များ စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးအတွက် နွေစပါး ဧက ၇၆၇၈၀၊ ဆောင်းနေကြာ ဧက ၃၂၀၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းဧက ၂၀၀၀ ကျော်နှင့် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်