ရန်ကုန် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနော်မာဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်၊ အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်တင်အေးချို တို့က ခွေးရူးမှတစ်ဆင့်လူသို့ ခွေးရူးရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်နှင့် ကျောင်းသားလူငယ်များ ခွေးရူးရောဂါနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပြီး ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


