ဒလမြို့နယ် ဆံတော်ရှင် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး မုဒ်ဦးဖွင့်ပွဲ ကျင်းပ

ရန်ကုန် ၁၅  ဇန်နဝါရီ 


ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး၏ မုခ်ဦးဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ မုခ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် ဓနုတ်ကျောင်းတိုက်ဆရာတော် ဦးဓမ္မသာရ၊ မုဒ်ဦးအလှူရှင် ဓနုတ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်တင့်နှင့် ဇနီး ဒေါ်ညွှန်ညွှန့်၊ ဓနုတ်စေတီတော်မြတ်ကြီး ဂေါပကဥက္ကဌနှင့် အဖွဲ့ဝင်များက အဆိုပါ မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

mdn


ထို့နောက် အလှူရှင်မှ လှူဒါန်းသည့် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီး၏ မုခ်ဦး၊ ကြေးဘုရားပလ္လင်၊ ညောင်ချောင်း ကျောင်းတိုက်၌ ရေချိုးခန်းနှင့် ကုဋီ ဆောက်လုပ်လှူဒါန်းမှုတို့အတွက် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ် ၁၄ ပါးတို့အား ဆွမ်း၊ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။


ဆံတော်ရှင် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၏ မုဒ်ဦးအား အလှူရှင်မိသားစုတို့မှ  စုစုပေါင်း ငွေကျပ်သိန်း၂၀၀ ဖြင့် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


နိုင်လင်းကျော်(ဒလ)