ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) ကျင်းပ

မော်လမြိုင် ၁၆  နိုဝင်ဘာ 
 
 
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) ကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
 
ရှေးဦးစွာ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) အထမြောက်ကြောင်းကြေညာပြီး ကတိသစ္စာမပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် ဗိုလ်မှူးနေမျိုးထွန်းတို့က ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
 
 
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး နေထွဋ်ဦးအား  အတည်ပြုခန့်အပ်ပေးရန် အမည်စာရင်းတင်သွင်းလာခြင်းကို ပြည်နယ်လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ သဘောတူညီချက်ရယူသည်။
 
 
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး နေထွဋ်ဦးကို သဘောတူသဖြင့်  ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပြီး ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) ကို ၁၀ နာရီ မိနစ် ၂၀ တွင် ရပ်နားလိုက်ကြောင်း သိရသည်။
 
 
ခရိုင်(ပြန်/ဆက်)