ဒုတိယဝန်ကြီး ဦးအောင်လှထွန်း  ယူနန်ပြည်နယ် ပါတီကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၇  ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး (နိုင်ငံတော်ဒုတိယဝန်ကြီးအဆင့်) Mr. Zhao Jin ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။  

 

5852

 

တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ပြီး၊ နှစ်နိုင်ငံပြည်သူ များ အကြား  ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန်အတွက်  မီဒီယာကဏ္ဍမှ ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ 

 

(သတင်းစဉ်)