ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကြည့်ရှု့စစ်ဆေး

နေပြည်တော် မေ ၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစန်းလှိုင်က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ဝင်ငွေရရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းများနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။  
ယင်းနောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် ဝင်ငွေ ပိုမိုရရှိရေးအတွက် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်ကြရန်နှင့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ (၇/၂၀၂၀)၊ (၁/၂၀၂၂) တို့နှင့်အညီ စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာ ကြားသည်။   
ဆက်လက်၍ ဘာဂီယာဉ်အဟောင်းများကို Right Out လုပ်နိုင်ရန်နှင့် အချို့ယာဉ်အဟောင်းများ ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ရန်၊ ပြန်လည်တင်ပြနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး၊ ရေလွှာလျှောစီး ဆောင်ရွက်ထားရှိသည့်နေရာတွင် ဧည့်သည်တော်များ ဝင်ရောက်ကစားနေသည့် အခြေအနေ၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဝန်ထမ်းများသက်သာ ချောင်ချိရေး အတွက် သီးပင်စားပင်များ စိုက်ပျိုးနိုင်မည့်မြေနေရာနှင့် ဆိပ်ခံဗောတံတား တည်ဆောက်ထား ရှိသည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်