ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်    ဧပြီ     ၆

 

ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မူးယစ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် ဗဟိုအဖွဲ့ဝင်များ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ   တားဆီး ကာကွယ်ရေး   ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် ဓာတုပစ္စည်း ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ   ကိုယ်စားလှယ်များ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ    အရာရှိကြီးများ၊ နေပြည်တော်ကောင်စီနယ်မြေ မူးယစ် တားဆီးကာကွယ်ရေးအဖွဲ့နှင့် ထိန်းချုပ်ဓာတုပစ္စည်းစစ်ဆေးရေးအဖွဲ့ဝင်များ    တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်       မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့နှင့် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေး အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်        တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်များကို  ကျင့်သုံးလျက်  ဗဟိုအဖွဲ့အား ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်  တာဝန်ယူပြီး  စုစုပေါင်းအဖွဲ့ဝင် ၁၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ ကြောင်း၊ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကိုလည်း လုပ်ငန်းလိုအပ်ချက်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့တွင် ပါဝင်သည့် ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့အား  အဖွဲ့ဝင် ၁၃ ဦးနှင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည့်အပြင် တိုင်းဒေသကြီး/ပြည်နယ် ထိန်းချုပ်ဓာတု ပစ္စည်းစစ်ဆေးရေးအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ပြီး ထိန်းချုပ်ဓာတုပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ထိန်းသိမ်း ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်းများကို ဥပဒေနှင့်အညီ ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း။

 

မူးယစ်ဆေးဝါးထုတ်လုပ်မှု  လျှော့ချနိုင်ရေးအတွက်  တားဆီးနှိမ်နင်းရေးကဏ္ဍတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဓာတုပစ္စည်းထိန်း ချုပ်ရေးကဏ္ဍသည်လည်းအရေးကြီးကြောင်း၊ “ပရီကာဆာ မရှိလျှင် မူးယစ်ဆေးဝါးမရှိ၊   သုံးစွဲသူမရှိလျှင်  မူးယစ်ဆေးဝါး ပြဿနာမရှိ” ဆိုသည့်  ဆောင်ပုဒ် အတိုင်း  မူးယစ်ဆေးဝါးပြဿနာကို  ထိန်းချုပ်တားဆီးနှိမ်နင်းရာတွင် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာအဖွဲ့ အစည်းများမှလည်း  ပူးပေါင်းဆောင်ရွက်သွားရန်  လိုအပ်မည်ဖြစ်ကြောင်း။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး များကို ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း များနှင့် အခြားဓာတုပစ္စည်းများ နယ်စပ်ဒေသများနှင့် ပြည်တွင်းတို့မှ တစ်ဆင့် ရှမ်းပြည်နယ်သို့ နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက် လျက်ရှိသည့်အတွက် ဖော်ထုတ်အရေးယူနိုင်ရန် Operation 39 အထူး စစ်ဆင်ရေးကို  ၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံး   အတိုင်းအတာဖြင့်   ဆောင်ရွက်လျက်ရှိပါကြောင်း။

 

Operation 39 အထူးစစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်ဓာတု ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ် ရေးဆိုင်ရာ နည်းဥပဒေလိုအပ်ချက်များ၊ ထိန်းချုပ် ဓာတုပစ္စည်းဖြန့်ချိ ခြင်းဆိုင်ရာပမာဏသတ်မှတ်ချက်များ၊    ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတု ပစ္စည်းများ တင်သွင်းခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် ဆက်စပ်သည့် ကြီးကြပ်ကွပ်ကဲ ရေးဆိုင်ရာ    လိုအပ်ချက်များရှိနေသည်ကို      သုံးသပ်ဖော်ထုတ်ရရှိခဲ့ ကြောင်း၊  ထို့ကြောင့်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ဦးဆောင်ပြီး ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ     အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။

 

ဓာတုပစ္စည်းထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် မူးယစ်ဆေးဝါးချက်လုပ်ရာသို့ လမ်းလွဲမရောက်စေရေးနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကိုလည်း ထိခိုက်မှုမရှိစေရေးတို့အတွက်  တက်ရောက် လာသည့် ကိုယ်စားလှယ်များက မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများကို  အခြေခံ၍ အကြံဉာဏ်ကောင်းများ တင်ပြဆွေးနွေပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အိမ်နီးချင်းနိုင်ငံများ၊  ဒေသတွင်း နိုင်ငံများ၊ UNODC အပါအဝင် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီ များနှင့် သတင်းဖလှယ်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် နှစ်နိုင်ငံအစည်းအဝေးများ ကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တပ်မတော်၊ ဆက်စပ်ဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ် ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများ ဖမ်းဆီး ရမိခဲ့မှုအခြေအနေများကို နှိုင်းယှဉ်သုံးသပ်တင်ပြသည်။

 

ယင်းနောက်     ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ်အောင်နိုင်သူ က ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးများတွင် ဓာတုပစ္စည်း အများအပြား ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မူးယစ် တားဆီးကာကွယ ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က လူလုပ် မူးယစ်ဆေးဝါး(Synthetic Drug)များ ထုတ်လုပ်မှုတွင် ဓာတုပစ္စည်း များကိုသာ အသုံးပြုပေါင်းစပ်ထုတ်လုပ်နေခြင်းဖြစ်သဖြင့် ဓာတုပစ္စည်း များ လမ်းလွဲမရောက်ရှိစေရေးအတွက် တားဆီးကြပ်မတ်ထိန်းချုပ်နိုင် ရေး နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေး Agency များနှင့် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်မှု၏ အကြံပြုချက်များ၊ ထိန်းချုပ်ဓာတုပစ္စည်းနှင့် ထိန်းချုပ်ထားခြင်းမရှိသည့်    ဓာတုပစ္စည်း   တင်သွင်းသယ်ဆောင် ရောင်းဝယ်မှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သင့်သည့် လုပ်ငန်း များကို အထူးစိစစ်ကြပ်မတ်ရန် လိုအပ်မှုနှင့် သက်ဆိုင်ရာ ဌာနများအနေ ဖြင့်လည်း ဓာတုပစ္စည်းများ ထိန်းချုပ်မှုအပေါ် ပူးပေါင်းဆောင်ရွက်သင့် သည်ကိုလည်းကောင်း၊ နေပြည်တော် ဓာတုဗေဒစစ်ဆေးရေးဌာနခွဲမှ ဒေါက်တာကြည်မင်းဦးနှင့် ဒေါက်တာအောင်ဖြိုးသိုက်တို့က လတ်တလော ဖမ်းဆီးမှုများပြားသည့် ထိန်းချုပ်ဓာတုပစ္စည်းခုနစ်မျိုးနှင့် ထိန်းချုပ် ဓာတုပစ္စည်း စာရင်းဝင် မဟုတ်သော်လည်း မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်း ၁၇ မျိုး၏ အချက်အလက်များ အားလည်းကောင်း တင်ပြဆွေးနွေးကြပြီး အစည်းအဝေး တက်ရောက် လာကြသူများက နည်းဥပဒေလိုအပ်ချက်များနှင့် ပြင်ဆင်ရန်အချက် များ၊ အခြားလိုအပ်ချက်များအပေါ် ဆွေးနွေးခြင်းနှင့် ဓာတုပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း၊ လက်ဝယ်ထား  ရှိအသုံးပြုခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးကြကာ ဆွေးနွေးချက်များအပေါ် သုံးသပ်အကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၇ ရက်ထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်