FACEBOOK ရဲ့ အာရှအတွက် ဒေတာစင်တာကို စင်ကာပူနိုင်ငံမှာ တည်ဆောက်မယ်

၆ စက်တင်ဘာ

 

ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook က စင်ကာပူနိုင်ငံမှာတည်ဆောက်မယ့် ဒေတာစင်တာအတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ သုံးစွဲသွားမယ်လို့ စက်တင်ဘာ ၆ ရက်နေ့က ကြေငြာလိုက်ပါတယ်။ 

 

 

 

စင်ကာပူရဲ့ အနောက်ပိုင်း တန်ဂျောင် ကလင်းမှာ အဆောက်အဦ ၁၁ ထပ် တည်ဆောက်သွားမှာ ဖြစ်ပြီး၊ အဲဒီမှာ ရာနဲ့ချီတဲ့ အလုပ်ကိုင်တွေလည်း ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ အဲဒီအဆောက်အဦကို Fortis ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမှာလို့ သိရပါတယ်။ 

 

 

 

အဲဒီဒေတာစင်တာ ကို ၂၀၂၂ ခုနှစ်မှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး အချိန်နည်းနည်းတော့ ယူမယ်လို့ Facebook ရဲ့ ဒေတာစင်တာ တည်ဆောက်ရေး ဒုဥက္ကဋ္ဌက သောမတ် ဖာလုံက ပြောပါတယ်။ 

 

စင်ကာပူနိုင်ငံရဲ့ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးက “ဧရာမ ဆိုရှယ်မီဒီယာကြီးရဲ့ အာရှမှာ ပထမဦးဆုံး ဒေတာစင်တာ တည်ဆောက်ဖို့ စင်ကာပူကို ရွေးချယ်တယ်ဆိုတာ နိုင်ငံ့အတွက်သမိုင်းဝင်တဲ့ အဖြစ်အပျက်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံဆိုတာ ကမ္ဘာကို ချိတ်ဆက်ဖို့အတွက် သမားရိုးကျနည်းတွေဖြစ်တဲ့ လေကြောင်း၊ ကုန်ကြောင်း နဲ့ ရေကြောင်းတို့ အပြင် အခုလို တိုးတက်နည်းပညာနဲ့ပါ ချိတ်ဆက်နေကြောင်း” Facebook ရဲ့ ဒေတာစင်တာတည်ဆောက်ရေး မိတ်ဆက်ပွဲမှာ ပြောပါတယ်။ 

 

အခုတည်ဆောက်မယ့် ဒေတာစင်တာဟာ Facebook ရဲ့ ကမ္ဘာတဝန်းမှာ တည်ဆောက်ထားတဲ့ ၁၅ ခုမြောက် ဒေတာစင်တာဖြစ်လာပါတယ်။

 

MDN
ကိုးကား-AFP