ဂျာမနီနိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် ကူးစက်မှာကို စိုးရိမ်တဲ့အတွက် အသွားအလာ ကန့်သတ်ထားတဲ့ရက် တိုးမြှင့်

၂၀ ဇန်နဝါရီ

 

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှုကို ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

 

 

ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် ကူးစက်မှုမရှိရန်  နယ်စပ်ဂိတ်တွေကို  စစ်ဆေးဖို့ ဝန်ကြီးချုပ် အင်ဂျလာ မာကယ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

 

ဝန်ကြီးချုပ်နဲ့ ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေဟာ ကပ်ရောဂါအကြောင်း နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးအတွက် သတိပေး ကာကွယ်တဲ့အနေနဲ့ အခုလို ဆုံးဖြတ်ချက်ချရတာဖြစ်ကြောင်း ဝန်ကြီးချုပ် မာကယ်က ပြောပါတယ်။

 

 

ဆွေးနွေးပွဲကနေ ကျန်းမာရေးသုံး မျက်နှာဖုံး သို့မဟုတ် FFP2 မျက်နှာဖုံးကို အများသုံး ယာဉ်တွေပေါ်မှာ ဝတ်ကို ဝတ်ဆင်ရမှာဖြစ်ကြောင်း နေအိမ်ကနေ အလုပ်လုပ်နိုင်တဲ့ လုပ်သားတွေအား နေအိမ်ကနေ အလုပ်လုပ်ခွင့်ပေးရန် ဆုံးဖြတ်ကြောင်း သိရပါတယ်။

 

 

ဂျာမနီနိုင်ငံမှာ စားသောက်ဆိုင်တွေ၊ အပန်းဖြေနေရာတွေနဲ့ အားကစားခန်းမတွေကို နိုဝင်ဘာလက စတင် ပိတ်ထားခဲ့ပါတယ်။ ဒီဇင်ဘာလလယ်မှာ ကျောင်းတွေကိုပါ ထည့်သွင်းပြီး တိုးမြင့်ပိတ်ထား ခဲ့ပါတယ်။ လုပ်ငန်းတွေအား နောက်ဆုံး ကြေညာချက်အရ ဖေဖော်ဝါရီ ၁၄ ရက်အထိ ပိတ်ထားမယ်လို့ သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ လူဦးရေ ၁၀၀,၀၀ မှာ ၅၀ ကျော် ကူးစက်ခံရကြောင်းနဲ့ ပြီးခဲ့တဲ့ ကြာသတေးနေ့က သေဆုံးသူ ၁,၂၄၄ ရှိတဲ့အတွက် သေဆုံးသူ အများဆုံးနေ့ဖြစ်လာကြောင်း သိရပါတယ်။

 

 

ဇန်နဝါရီ ၁၉ ရက် (အင်္ဂါနေ့) မှာ ပိုးတွေ့သူ ၁၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၈၉ ဦးရှိရာ ပိုးကူးစက်ခံရသူ စုစုပေါင်း ၂,၀၇၁,၄၇၃ ဦးနဲ့ သေဆုံးသူ ၄၉,၂၄၄ ဦးရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။

 

 

MDN

ကိုးကား - AFP

a1