ဂျင်ပါတီရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၂ ရက်တွင် တစ်နိုင်ငံလုံးရုံတင်ပြသမည်

 ရန်ကုန် ၂၀ သြဂုတ်

ဂျင်ပါတီရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၂ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြသမည်ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုံတွင် ပြသသည့် အထူးရုပ်ရှင်ပြပွဲမှ သိရသည်။ 

ဂျင်ပါတီရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီရန်အောင်၊ အကယ်ဒမီလူမင်း၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ရွှေအိမ်စည်၊ မြတ်သီရိလွင် (Bella)၊ မေပန်းချီ၊ ယဉ်လတ်၊ ထူးအောင်၊ ရဲရင့်အောင်၊ ခင်လှိုင်၊ ကိုပေါက်၊ ကေညီ၊ ဂျိုကာနှင့် သရုပ်ဆောင်များစွာပါဝင် သရုပ်ဆောင်ထားပြီး ဇာတ်လမ်း မင်းတော်ဝန်၊ ဒါရိုက်တာ ရာဇဝင်ကိုနှင့် ဘိုဘိုရုပ်ရှင် ထုတ်လုပ်ရေးတို့က အလည်လွန်သည့်ဂျင်များ၏ ကာရိုက်တာကို ဟာသသရုပ်ဖော် ရိုက်ကူးထားခြင်းဖြစ်သည်။

 

021

 

အဆိုပါဇာတ်ကားနှင့်ပတ်သက်၍ အကယ်ဒမီရန်အောင်က “ဒီဇာတ်ကားမှာ နာမည်ကြီး ဒီဇိုင်နာတစ်ဦးအနေနဲ့ ပါဝင်ထားပါတယ်။ ပညာပေးလည်းပါတယ်။ Entertainment နဲ့ ဟာသကို ဦးစားပေးပြီး ရိုက်ထားတာပါပါတယ်။ ပျော်မြူးစေမှာပါ။ ရယ်လည်းရယ်ရပါမယ်။ ဇာတ်ဝင်ခန်းတွေမှာလည်း အတော်ရယ်ရပါတယ်။ အမှတ်တရကတော့ ကိုယ်ဝတ်တဲ့ဖက်ရှင်ဝတ်စုံ မီးလောင်လို့ မီးသတ်ဆေးဘူးနဲ့ဖျန်းတာ တစ်ကိုယ်လုံးဖြူသွားတာပါပဲ။ ရုံတင်တဲ့နေ့မှာ လက်လှမ်းမီတဲ့ရုံမှာ အမှတ်တရလက်မှတ်တွေ ထိုးပေးမှာပါ” ဟု ပြောသည်။

“ဘယ်လာရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားဖြစ်လို့ အားလုံးနဲ့ထပ်တူ ရင်ခုန်နေပါတယ်။   ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေနဲ့အတူ သရုပ်ဆောင်ခွင့်ပေးတဲ့ ကိုဘိုစန်း (Bo Bo Entainment)ကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီကားလေးက ပရိသတ်တွေအားလုံးရဲ့ ဘဝအမောတွေ ပြေပျောက်သွားစေမယ်ဆိုရင် ကြိုစားရကျိုးနပ်ပါတယ်”ဟု မြတ်သီရိလွင်(Bella) ကပြောသည်။ 

သန့်ဇင်ဝင်း