ဂျပန်အစိုးရနှင့်ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

အောင်လံ ၁၅  ဇန်နဝါရီ 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ တရော်ကုန်းအမှတ် (၁) အခြေခံပညာ မူလတန်းကျောင်းတွင် ဂျပန်အစိုးရနှင့် ပြည်သူတို့၏ GGP စီမံကိန်း ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော (၃၀’x၇၂’) RCC နှစ်ထပ်ကျောင်း ဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။ 

 

mdn

 

အခမ်းအနားသို့ ဂျပန်နိုင်ငံ GGP စီမံကိန်း ပထမအတွင်းဝန် Mr.TadaShi NODA၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းပညာရေးမှူး ဦးအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဆွေနှင့် ဆရာဆရာမများ ကျောင်းဆောက်လုပ်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

 

mdn

 

အစီအစဉ်အရ ဖွင့်ပွဲကိုကျောင်းရှေ့မုခ်ဦးတွင် ကျင်းပရာ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

mdn


ထို့နောက်  အခမ်းအနားကို ဆက်လက်ကျင်းပရာ GGP စီမံကိန်းအတွင်းဝန်က ကျောင်းဆောင်သစ် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြား၍ စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ တရော်ကုန်း အမက(၁)  ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော်မတီ ဥက္ကဌနှင့် ကျောင်းသားမိဘတို့က  ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားကြသည်။

 

mdn


ယင်းနောက် GGP စီမံကိန်းအတွင်းဝန်က ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတန်းများကို လွှဲပြောင်းပေးအပ်ရာ တိုင်းပညာရေးမှူးက လက်ခံရယူပြီး GGP စီမံကိန်းအတွင်းဝန်နှင့်  တက်ရောက်လာသော ဧည့်သည်တော်ကြီးများအား ကျောင့်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


သိန်းလွင်(အောင်လံ)

 

mdn