ဟင်္သာတမြို့တွင် ဆိုင်ကယ်စီးဦးထုပ် ပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၁၈ ဇန်နဝါရီ  

အမျိုးသားယာဉ်အန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) တို့ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်ရှေ့တွင် ၎င်းတက္ကသိုလ်မှ ဆရာမ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ပူးပေါင်း၍ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အထိ ခရိုင်ယာဉ်စည်းကမ်း ကော်မတီနှင့် ဟင်္သာတမြို့ပေါ်ရှိ စေတနာရှင်များ ပူးပေါင်းကာ "လူ့အသက်တွေရှင်သန်ဖို့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြစို့" ဆောင်ပုဒ်နှင့်အညီ စည်းလုံးလှုပ်ရှားမှုနှင့် ဆိုင်ကယ်စီးဦးထုပ် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းမြင့်၊ ဟင်္သာတ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ တက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆိုင်ကယ် ချစ်သူများအဖွဲ့၊ စုစုပေါင်း (၂၅၀) ဦးတို့မှ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား အရည် အသွေးပြည့်ဝသော ဆိုင်ကယ်စီးဦးထုပ် (၁၅၀)တို့အား ပေးဝေခဲ့ပြီး တက္ကသိုလ်ရှေ့မှ မြို့ပတ်လမ်းအတိုင်း ဆိုင်ကယ်များဖြင့် လှည့်လည်ပညာပေးခဲ့ကြောင်း သတင်းရရှိသည်။


(ရဲပြန်ကြား)

 

ာိည