I PHONE အသစ်တွေဖြစ်တဲ့ XS နှင့် XS MAX တွေ ဒီနေ့ တစ်ကမ္ဘာလုံးမှာ ရောင်းချပြီ

၂၁ စက်တင်ဘာ

 

Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ iPhone XS နှင့် iPhone XS Max တွေဟာ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာဖြန့်ချီတာကို တွေ့ရပါတယ်။ iPhone သစ်ထွက်တိုင်း လူတန်းရှည်ကြီးနဲ့စောင့်ပြီး ဝယ်နေတာကို နိုင်ငံတိုင်းရဲ့ မြို့ကြီးတွေမှာရှိတဲ့ Apple စတိုးဆိုင်ကြီးတွေမှာ တွေ့နေရပါတယ်။ 

 

သန်းချီတဲ့ အိုင်ဖုန်းချစ်သူတွေကတော့ အွန်လိုင်းကနေ ဝယ်ယူထားတာမျိုးကိုလည်း တွေ့ကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

 

 

လန်ဒန်မြို့က ရီးဂျင့်လမ်းမကြီးပေါ်ရှိ Apple စတိုးရှေ့မှာ အရင်နှစ်ကထက်နည်းတဲ့ လူတန်းကို ဆိုင်မဖွင့်ခင် ဆိုင်ရှေ့မှာ စောင့်နေတာကို တွေ့ရပါတယ်။ လန်ဒန်နဲ့ ဆန့်ကျင်ဘက် စင်ကာပူက အော့ချက်လမ်းမပေါ်မှာတော့ ရာချီတဲ့လူတွေက အသစ်ထွက်လာတဲ့ iPhone XS နှင့်  XS Max ဝယ်ဖို့အတွက် စောင့်နေကြပါတယ်။ 

 

အင်္ဂလန်မှာ iPhone XS Max ကို စတာလင်ပေါင် ၁၀၉၉ ကနေ စပြီး ဈေးရှိသလို၊ အမေရိကန်မှာလည်း iPhone XS Max ကို အမေရိကန်ဒေါ်လာ ၁၀၉၉ ကနေစပြီး ဈေးရှိနေတာမျိုးကို တွေ့ရပါတယ်။ iPhone ချစ်သူတွေတွေကတော့ ဖုန်းက နေ့စဉ်သုံးစွဲရတဲ့ ပစ္စည်းဖြစ်တယ်၊ ဒီနေ့ကမ္ဘာကြီးက စမတ်ဖုန်း ကမ္ဘာဖြစ်နေတဲ့အတွက် သုံးရမယ့်ငွေအပေါ် စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။ 

 

 

အခုထွက်ရှိလာတဲ့ ဖုန်းတွေထက် ဈေးချိုတဲ့ iPhone XR ဟာ အောက်တိုဘာလ အထိ ဈေးကွက်ထဲမှာ ရောက်ရှိအုံးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။ ဒီကနေ့ ဖြန့်ချီလိုက်တဲ့   iPhone XS ရဲ့ မျက်နှာပြင်ဟာ ၅.၈ လက်မရှိပြီး XS Maxရဲ့ မျက်နှာပြင်ဟာ ၆.၅ လက်မရှိတာကို တွေ့ရပါတယ်။

 

၂၀၁၈ခုနှစ်အတွက် ထွက်လာမယ့် iPhone XS ၊ iPhone XS Max  နှင့် iPhone XR ဖုန်း အလုံးရေ သန်းပေါင်း ၁၉၀ အထိ ကမ္ဘာအနှံ့ကို ဖြန့်ချီဖို့စီစဉ်ထားပါတယ်။ အဲဒီထဲက iPhone XR ကို သန်း ၁၉၀ ရဲ့ တစ်ဝက်၊ iPhone XS ကို ကျန်တစ်ဝက်ရဲ့ သုံးပုံတစ်ပုံနှင့်  iPhone XS Max  က ကျန်တဲ့ပမာဏာလို့ သတ်မှတ်ထားကြောင်း သုတေသီတွေက ပြောပါတယ်။ 

 

MDN