ဇာတ်ညွန်းနှင့် စိန်ခေါ်မှုများ(၁) ခေါင်းစဉ်ဖြင့် ဇာတ်ညွန်းအခန်းကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန် ၂၉ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၁) ခေါင်းစဉ်ဖြင့် ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀)ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ” ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ”(Film Development Centre)၌ ကျင်းပမည် ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ဒါရိုက်တာဏကြီး ဒါရိုက်တာ ဇော်ဇော် Ad.Leono နှင့် ဇာတ်ညွှန်း မင်းပြည့်မွန်တို့က ပါဝင် ဆွေးနွေးမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်ညွှန်း အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။

 

သတင်းစဉ်