ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံ၏ မော်တော်ကားတင်သွင်းမှု တစ်ရှိန်ထိုး မြင့်တက်

ဗီယက်နမ်နိုင်ငံက ဇန်နဝါရီလအတွင်း မော်တော်ကားနှင့် တပ်ဆင်သည့်အစိတ်အပိုင်းများ တင်သွင်းမှုမှာ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၅၉၈သန်း တန်ကြေးရှိပြီး နှစ်အလိုက် ၁၁၈ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားသည်။

 

mdn


ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၄၈ သန်း တန်ကြေးရှိသည့် မော်တော်ကား  အစီးရေ ၁၀ဝ၀ဝ တင်သွင်းခဲ့ပြီး နှိုင်းယှဉ်ကြည့်ပါက ၂၀၁၈ ဇန်နဝါရီလအတွင်း  မော်တော်ကားတင်သွင်းမှုမှာ အစီးရေ ၁၀ဝ၀ သာရှိကြောင်း သိရသည်။

 

မော်တော်ကားတင်သွင်းသူများက ကားဝယ်ယူသူများကို သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များပေးရန်နှင့် ယခင်ကထက် စမ်းသပ်မှုများပြုလုပ်ရန် လိုအပ်သည့် အစိုးရ၏ ဥပဒေသစ်တစ်ခုကို လိုက်နာရန် ပြင်ဆင်ထားမှု မရှိခြင်းကြောင့်  ဗီယက်နမ်နိုင်ငံသို့ မော်တော်ကား အနည်းငယ်သာ တင်သွင်းနိုင်ခဲ့သည်ဟု ပြည်တွင်းမှ ကျွမ်းကျင်သူများက ရှင်းပြခဲ့သည်။  


 
၂၀၁၈ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံက မော်တော်ကားနှင့် မော်တော်ကားတပ်ဆင်သည့် အစိတ်အပိုင်း များတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၅ဒသမ ၄ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး နှစ်အလိုက် ၂ ဒသမ ၆ ရာခိုင်နှုန်း ကျ ဆင်းသွားခဲ့သည်။ ဗီယက်နမ်နိုင်ငံက အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ သည့် မော်တော်ကားစီးရေ ၈၁၈၀ဝ တင်သွင်းခဲ့ပြီး ၁၆ရာခိုင်နှုန်းနှင့် ၁၉ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 

 

mdn

 

ဗီယက်နမ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူ အသင်းအဆိုအရ ၂၀၁၈ခုနှစ်အတွင်း ဗီယက်နမ်ဈေးကွက်၌ မော် တော်ကားစီးရေ ၂၈၈၆၀ဝ ကျော် ရောင်းချခဲ့ပြီး ၂၀၁၇ခုနှစ်ကထက် ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ပြည် တွင်း၌ တပ်ဆင်သည့် မော်တော်ကားများ ရောင်းချမှုမှာ ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း ပြည်ပမှတင် သွင်းသော မော်တော်ကားများ ရောင်းချမှုမှာ ၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်