ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၄၂၀ ထုတ်ချေးပေး

ကျောက်ဆည် ဒီဇင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေတိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက  သင်္ဂတုံကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ်သိန်း (၄၂၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း A အဆင့် လုပ်ကိုင်သူ (၁၉)ဦးအတွက် ငွေကျပ်(၅၇)သိန်း၊ B အဆင့်လုပ်ကိုင်သူ (၃၀)အတွက် ငွေကျပ်(၇၅)သိန်း၊ C အဆင့်လုပ်ကိုင်သူ (၃၄)ဦးအတွက် ငွေကျပ်(၆၈)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၃၃)ဦးအတွက် ငွေကျပ် (၁၉၉)သိန်း ၅ သောင်း၊ အရောင်းအဝယ် A အဆင့်လုပ်ကိုင်သူ (၂)ဦးအတွက် ငွေကျပ်(၆)သိန်း၊ B အဆင့် လုပ်ကိုင်သူ (၂)ဦးအတွက် ငွေကျပ်(၄)သိန်း၊ C အဆင့်လုပ်ကိုင်သူ (၅)ဦးအတွက် ငွေကျပ်(၇)သိန်း ၅ သောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ (၁)ဦးအတွက် ငွေကျပ်(၃)သိန်း စုစုပေါင်းငွေကျပ်သိန်း (၄၂၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာတွင် အိမ်ထောင်စု(၂၀၀)စု၊ လူဦးရေ(၁၀၄၇)ဦး နေထိုင်လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်၊ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန်အတွက် ကျေးရွာ(၃၆)ရွာတွင်လည်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်သင်းသင်းအေးက ပြောသည်။

 

သက်မောင်(ကျောက်ဆည်)