ကျောက်ဆည်မြို့တွင် အလှမောင်၊ အလှမယ်နှင့် အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲများ ပြုလုပ်သွားမည်

ကျောက်ဆည် ၂၉ နိုဝင်ဘာ

 

 

တိမ်မြုပ်နေသော အနုပညာရှင်များ ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်ပြီး  ကျောက်ဆည်မြို့ Hotel Ever ငါးလွှာတွင် အလှမောင်၊ အလှမယ်နှင့် အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲဝင် လူတွေ့စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ  ကျောက်ဆည်၊ ပုဂံ၊ မိုးကုတ် မြို့နယ်များမှ ပြိုင်ပွဲဝင် ၃၃ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

 

 

 

အဆိုပါ လူတွေ့စစ်ဆေးခြင်းများ ပြီးစီးပါက အလှမောင်၊ အလှမယ်နှင့် အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက် ညနေ ၅ နာရီတွင် မြို့တော်ခန်းမ၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒိုင်များအဖြစ် ရန်ကုန်မြို့ MMPAမှCEO ကိုအောင်ဇင်၊ International Royal Winner ချိုကို၊ Aroma မှ ကိုအောင်မြတ်သူနှင့် ကျောက်ဆည် မြို့ Myanmar United Winner ဒေါ်နွယ်နီတင်၊ Best model of Grand universe Myanmar ပန်းအိန္ဒြေထက် အနန္တဂုဏ်ရည် အထူကုဆေးခန်း တည်ထောင်သူ ဒေါက်တာမိုးဟိန်းထွန်း နှင့် International Peace Ambassador မြင့်ဉ္ဇူခိုင် တို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

 

ဆုရရှိသူများအား ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ပြီး အနုပညာလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 

 

 

ခရိုင်(ပြန်/ဆက်)ကျောက်ဆည်