ကျောက်ကြီးမြို့နယ်၌ ရေဘေးထိခိုက်ခံစားနေရသည့် ကျေးရွာများအား သောက်ရေသန့်၊ ဓာတ်ဆားနှင့် ဆန်များ ကူညီထောက်ပံ့

ကျောက်ကြီး ၁၀  သြဂုတ် 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း သြဂုတ် ၉ ရက်နေ့ ညနေ ၄ နာရီတွင် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမိုးဝင်းထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မသန်စွမ်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ရေဘေးထိခိုက်ခံစားနေရသည့် ကျေးရွာများအား သောက်ရေသန့်၊ ဓာတ်ဆားနှင့် ဆန်းရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။

 

mdn

 

အဆိုပါအဖွဲ့သည် ကျောက်ကြီးမြို့နယ် မီးတိုင်တောကျေးရွာအုပ်စုရှိ ကျောင်းစုကျေးရွာ မုန်းချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြောင်းရွှေ့ရသော အိမ်ထောင်စုဝင်များ၊ ကျွန်းပင်ဆိပ်ကျေးရွာအတွင်း ချောင်းရေဝင်ရောက်ပြီး နစ်မြုပ်နေသော အိမ်ထောင်စုဝင်များ နှင့် အင်းနက်ကျေးရွာ ရေကြီးနစ်မြုပ်နေသော အိမ်ထောင်စုဝင်များအား ကွင်းဆင်းအိမ်တိုင်ရာရောက် သောက်သုံးရေ၊ ဓာတ်ဆား၊ ရေသန့်ဆေးထုတ်များနှင့် ဆန်ရိက္ခာများ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

 

mdn

 

ကိုသားကြီး(ကျောက်ကြီး)