ကော့ကရိတ်မြို့ ရေဘေးသင့် အိမ်ထောင်စုများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

ကော့ကရိတ် ၁၀  သြဂုတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ချောင်းရေများလျှံခြင်းဖြစ်ပေါ်၍ အချို့အနိမ့်ပိုင်းတွင် ရေများဝင်ရောက်ခဲ့၍ ပြောင်းရွှေ့ရသော ရေဘေးသင့်အိမ်ထောင်စုများကို ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ခရိုင်မြို့နယ်သဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ရေဘေးသင့် အိမ်ထောင်စုများထံသို့ သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

 

mdn

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိသည့် ဒေါဖျာကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကော့ပေါက်ကျေးရွာဘုရားကြီးကုန်း၊ ကော့ခွိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျုံဒိုးမြို့ရှိ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်း၊ ကုန်သွယ်လယ်ယာဂိုဒေါင်နှင့် အမက(၆)ကျောင်းရှိ အိမ်ထောင်စု (၁၇၆)စုလူဦးရေ (၈၅၄)ဦး၊ နီးစပ်ရာဆွေမျိုးနေအိမ်သို့ ပြောင်းရွှေ့နေထိုင်သည့် ကျေးရွာ(၈)ရွာ၊ ကျုံဒိုးမြို့အမှတ်(၃)၊အမှတ်(၄) ရပ်ကွက်နှင့် ကော့ကရိတ်မြို့အမှတ်(၁)၊ အမှတ်(၆)ရပ်ကွက်များရှိ အိမ်ထောင်စု(၁၃၂)စု၊ လူဦးရေ(၆၃၆)ဦး၊စုစု ပေါင်းအိမ်ထောင်စု (၃၀၈)စု၊ လူဦးရေ(၁၄၉၀)ဦးတို့အား ဆန်ရိက္ခာ(၇)ရက်စာ အတွက် ငွေကျပ်(၃၁၂၉၀ဝ၀)တို့ကို ခရိုင်\မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များသည်မြို့ပေါ် ကျေးရွာရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)